ပိုက်ဆံမရှိဘူး........
လယ်ထဲမှာ အချိန်ကုန်ခဲ့ပြီ....
လယ်ထွန် နွားကျောင်းနဲ့
မျိုးစပါးတွေလည်း အငှားကြဲခဲ့ပြီ....
အချိန်တန်တော့ ချေးငွေတွေလည်း
ပေးဆပ်လိုက် ပြန်ယူလိုက်နဲ့
ဆင်းရဲတွင်းထဲက ခေါင်းမထောင်နိုင်ခဲ့
ရလာတဲ့ ငွေကို နောက်တခေါက် ပဲစိုက်ရင်း
အသိဥာဏ်တုံးတဲ့ လုပ်ရပ်တွေနဲ့
ဆေးဝယ် ဆေးဖြန်း အကြွေးတွေလည်း
လည်ပင်းမြှုပ်လို့ အိမ်ခြံတွေ
ရံဖန် ပေါင်လိုက်တယ်...
ရံဖန် လယ်တွေ ပေါင်လိုက်ရတယ်...
မစာနာတဲ့ ဓနရှင်က ဈေးနှုန်းတက်ကျ
ဆော့ကစားကြလို့ စပါးတွေလည်း
ဈေးနဲနဲနဲ့ ရောင်းလိုက်ရတယ်...
ပဲတွေလည်း ရောင်းလိုက်ရတယ်...
ဓနရှင်ရဲ့ ဒီခေတ်ထဲ
တို့များ လယ်သမား ဆင်းရဲတွင်းနက်ဆဲ......။
နောက်ပိုင်းရောက်တော့ လော်စပီကာနဲ့
အော်ချက်ထုတ်ရင်း ဘဏ္ဍာငွေအတွက်
မျက်ရည်ထွက်လို့ ပေးဆပ်ရတဲ့
လယ်တောထဲက သမိုင်းတွေ
ဘယ်သူရေးနိုင်မှာလဲ
နေပါစေတော့ ဆင်းရဲတွင်းနက်လို့
အလုပ်ကိုယ်ပိုင် လုပ်ကိုင်ခဲ့တယ်
ကိုယ်လူလည် လူချမ်းသာရယ်
အမြတ်ကြီးထုတ်လို့ ပွဲစားလုပ်ခဲ့
ဖြစ်ရပ်က ရင်နစ်စရာ
တို့လယ်တောမှာ အကြွေးတွေနဲ့
မျက်ရည်ကျရင်း ဓနရှင်ခေတ်အောက်
တထစ်ခြင်း ရောက်ခဲ့ပြီလေ......။
ချမ်းသာတဲ့ လယ်သမား
ဒီခေတ်ထဲမှာ ရှာ မှ ရှားတယ်
သူတို့ သိစေချင်တယ်....
အလုပ် လက်ရှိတွေ အလုပ်လက်မဲ့ဖြစ်ခဲ့
နောက်ဆုံးတော့ လယ်သမား သားသမီးတွေက
မိဘနှစ်ပါးကို ချစ်လွန်းလို့
တစ်ပြည်တစ်ရွာ အလုပ်တွေ ရှာပုံတော် ဖွင့်ရင်း
အမိမြေက ထွက်ခဲ့ရတယ်...
အဲဒါတွေ သမိုင်းပညာရှင်တွေ မသိခဲ့ဘူး
သိပ္ပံ ပညာရှင်တွေ မသိခဲ့ဘူး
ပတ်ဝန်ကျင် ထိန်းသိမ်းသမားတွေ မသိခဲ့ဘူး
သူတို့ မသိခဲ့ဘူး...
နှစ်တွေကြာညောင်းလာတော့ လယ်ထဲကဘဝတွေကို
နာကြည်းလို့ တောင်သူလယ်သမား အရေးတော်ပုံ
စပါးနှံတွေကြားမှာ ပေါ်ထွက်လာမှာ စိုးကြောက်လို့
သူတို့ဘဝတွေကို နားလည်ပေးပါ
သတင်းစာဆိုတာ ဘာလဲ သတင်းစာမသိခဲ့ဘူး
စာပေဆိုတာဘာလဲ မသိခဲ့ဘူး
သမိုင်းဆိုတာဘာလဲ မသိခဲ့ဘူး
လွတ်လပ်မှုဆိုတာဘာလဲ မသိခဲ့ဘူး
လယ်ထဲမှာ အများအတွက် အသက်လဲပြီ
ထုတ်ကုန်တွေ စိုက်ပျိုးပေးခဲ့တယ် အခုထိပေါ့....။
လယ်ထဲမှာ အချိန်ကုန်ခဲ့ပြီ....
လယ်ထွန် နွားကျောင်းနဲ့
မျိုးစပါးတွေလည်း အငှားကြဲခဲ့ပြီ....
အချိန်တန်တော့ ချေးငွေတွေလည်း
ပေးဆပ်လိုက် ပြန်ယူလိုက်နဲ့
ဆင်းရဲတွင်းထဲက ခေါင်းမထောင်နိုင်ခဲ့
ရလာတဲ့ ငွေကို နောက်တခေါက် ပဲစိုက်ရင်း
အသိဥာဏ်တုံးတဲ့ လုပ်ရပ်တွေနဲ့
ဆေးဝယ် ဆေးဖြန်း အကြွေးတွေလည်း
လည်ပင်းမြှုပ်လို့ အိမ်ခြံတွေ
ရံဖန် ပေါင်လိုက်တယ်...
ရံဖန် လယ်တွေ ပေါင်လိုက်ရတယ်...
မစာနာတဲ့ ဓနရှင်က ဈေးနှုန်းတက်ကျ
ဆော့ကစားကြလို့ စပါးတွေလည်း
ဈေးနဲနဲနဲ့ ရောင်းလိုက်ရတယ်...
ပဲတွေလည်း ရောင်းလိုက်ရတယ်...
ဓနရှင်ရဲ့ ဒီခေတ်ထဲ
တို့များ လယ်သမား ဆင်းရဲတွင်းနက်ဆဲ......။
နောက်ပိုင်းရောက်တော့ လော်စပီကာနဲ့
အော်ချက်ထုတ်ရင်း ဘဏ္ဍာငွေအတွက်
မျက်ရည်ထွက်လို့ ပေးဆပ်ရတဲ့
လယ်တောထဲက သမိုင်းတွေ
ဘယ်သူရေးနိုင်မှာလဲ
နေပါစေတော့ ဆင်းရဲတွင်းနက်လို့
အလုပ်ကိုယ်ပိုင် လုပ်ကိုင်ခဲ့တယ်
ကိုယ်လူလည် လူချမ်းသာရယ်
အမြတ်ကြီးထုတ်လို့ ပွဲစားလုပ်ခဲ့
ဖြစ်ရပ်က ရင်နစ်စရာ
တို့လယ်တောမှာ အကြွေးတွေနဲ့
မျက်ရည်ကျရင်း ဓနရှင်ခေတ်အောက်
တထစ်ခြင်း ရောက်ခဲ့ပြီလေ......။
ချမ်းသာတဲ့ လယ်သမား
ဒီခေတ်ထဲမှာ ရှာ မှ ရှားတယ်
သူတို့ သိစေချင်တယ်....
အလုပ် လက်ရှိတွေ အလုပ်လက်မဲ့ဖြစ်ခဲ့
နောက်ဆုံးတော့ လယ်သမား သားသမီးတွေက
မိဘနှစ်ပါးကို ချစ်လွန်းလို့
တစ်ပြည်တစ်ရွာ အလုပ်တွေ ရှာပုံတော် ဖွင့်ရင်း
အမိမြေက ထွက်ခဲ့ရတယ်...
အဲဒါတွေ သမိုင်းပညာရှင်တွေ မသိခဲ့ဘူး
သိပ္ပံ ပညာရှင်တွေ မသိခဲ့ဘူး
ပတ်ဝန်ကျင် ထိန်းသိမ်းသမားတွေ မသိခဲ့ဘူး
သူတို့ မသိခဲ့ဘူး...
နှစ်တွေကြာညောင်းလာတော့ လယ်ထဲကဘဝတွေကို
နာကြည်းလို့ တောင်သူလယ်သမား အရေးတော်ပုံ
စပါးနှံတွေကြားမှာ ပေါ်ထွက်လာမှာ စိုးကြောက်လို့
သူတို့ဘဝတွေကို နားလည်ပေးပါ
သတင်းစာဆိုတာ ဘာလဲ သတင်းစာမသိခဲ့ဘူး
စာပေဆိုတာဘာလဲ မသိခဲ့ဘူး
သမိုင်းဆိုတာဘာလဲ မသိခဲ့ဘူး
လွတ်လပ်မှုဆိုတာဘာလဲ မသိခဲ့ဘူး
လယ်ထဲမှာ အများအတွက် အသက်လဲပြီ
ထုတ်ကုန်တွေ စိုက်ပျိုးပေးခဲ့တယ် အခုထိပေါ့....။
ဒါပေမဲ့...
သူတို့ ရိုးသားမှု အပြည့်ရှိတယ်
ခွန်အားတွေ အပြည့်ရှိတယ်
ကာယလုပ်အားတွေ အပြည့်ရှိတယ်
ထွက်ကုန်တွေ တိုးအောင် စောင့်ရှောက်ပေးခဲ့တယ်
စီးပွားရေး ပင်မတွေကို လုပ်ကိုင်ပေးခဲ့တယ်
အများအတွက် ကိုယ်ကျိုးစွန့်ခဲ့တယ်
လယ်သမားဘဝ စာနာကြည့်ပါ
သူတို့ကို ချစ်တတ်ပါစေ
သူတို့ချစ်ရင် သူတို့သမိုင်းကိုရေးပါ
သူတို့ဆီမှာ လေ့လာပါ
သူတို့ဆီမှာ သင်ကြားပါ
သူတို့ကို နားလည်မှုပေးပါ
သူတို့ကို ပညာသင်ပေးပါ
စာပေတက်အောင် သင်ပေးပါ
သူတို့ထဲမှာ ဥပဒေတည်ဆောက်ပါ
ဒါမှ ရွာချစ်
မြို့ချစ်
တိုင်းချစ်
နယ်ချစ်
ပြည်ချစ်ဖြစ်မှာ မလွဲပါ....။
သူတို့ကို ချစ်တတ်ရင် ပြင်ပေးပါ ပညာရှိတို့ ခင်ဗျာ..။
သူတို့ ရိုးသားမှု အပြည့်ရှိတယ်
ခွန်အားတွေ အပြည့်ရှိတယ်
ကာယလုပ်အားတွေ အပြည့်ရှိတယ်
ထွက်ကုန်တွေ တိုးအောင် စောင့်ရှောက်ပေးခဲ့တယ်
စီးပွားရေး ပင်မတွေကို လုပ်ကိုင်ပေးခဲ့တယ်
အများအတွက် ကိုယ်ကျိုးစွန့်ခဲ့တယ်
လယ်သမားဘဝ စာနာကြည့်ပါ
သူတို့ကို ချစ်တတ်ပါစေ
သူတို့ချစ်ရင် သူတို့သမိုင်းကိုရေးပါ
သူတို့ဆီမှာ လေ့လာပါ
သူတို့ဆီမှာ သင်ကြားပါ
သူတို့ကို နားလည်မှုပေးပါ
သူတို့ကို ပညာသင်ပေးပါ
စာပေတက်အောင် သင်ပေးပါ
သူတို့ထဲမှာ ဥပဒေတည်ဆောက်ပါ
ဒါမှ ရွာချစ်
မြို့ချစ်
တိုင်းချစ်
နယ်ချစ်
ပြည်ချစ်ဖြစ်မှာ မလွဲပါ....။
သူတို့ကို ချစ်တတ်ရင် ပြင်ပေးပါ ပညာရှိတို့ ခင်ဗျာ..။
တက္ကသိုလ်မြတ်မင်း
ကိုမြတ်မင်းရေ
ReplyDeleteဒဲ့ကြီးနော်
အရမ်းကောင်းတယ်ဗျို့
ReplyDeleteကျွန်တော် ရေးလိုက်တာ ဘယ်သူကိုမှ မရည်စူးခဲ့ပါဘူး... ကျွန်တော်နေတဲ့ နေရာလေးတွေမှာ ဖြစ်တက်တဲ့ ဓမ္မတာကို ရေးလိုက်တာပါ ခင်ဗျား....
ReplyDeleteစပယ်ရေ....
ကျွန်တော် အနာဂါတ်တွေမှာ အပြစ်အနာဆာ မရှိတဲ့ ပတ်ဝန်ကျင်နဲ့ တွေ့ချင်လို့ပါ.... ကျွန်တော် နေတဲ့ နေရာမှာပေါ့....
ခင်မင်စွာ........ဖြင့်......
တက္ကသိုလ်မြတ်မင်း
လွင်ပြင်ရေ.... ကျွန်တော် တွေ့ဖူးခဲ့တဲ့ ဒီက အတွေ့အကြုံတွေပါ...
ReplyDeleteခင်မင်စွာဖြင့်.........
တက္ကသိုလ်မြတ်မင်း
အကိုရေ
ReplyDeleteကဗျာလေးကတော့ တစ်ကယ်ထိတယ်ဗျာ
ဘိုဖြူရေ... ကျွန်တော် ရေးလိုက်တာ အဲဒီလောက် မကောင်းပါဘူး ခင်ဗျာ
ReplyDeleteအားပေးမှု အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ.....။
တစ်ကယ်ကောင်းတဲ့ ကဗျာလေးပါပဲ...
ReplyDeleteခံစားအားပေးလျှက်..
အိန်ဂျယ်လှိုင်းရေ... အားပေးမှုကို အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ...
ReplyDeleteခင်မင်စွာဖြင့် တက္ကသိုလ်မြတ်မင်း
အရမ်းလေးစားပါတယ်ဗျာ
ReplyDeleteအရမ်းလေးစားပါတယ်ဗျာ
ReplyDelete