ပတ်ဝန်ကျင် အသိုင်းဝိုင်းက
ကျေးငှက်တွေတိတ်သော်လည်း အော် ကြော လန်
ခရာသံတွေပေးလို့ ညမီးရောင်အောက်
ဈေးတန်းလေးက စပီကာတွေနဲ့
အော်ဟစ်နေရင်း ဈေးတန်းရှိရာ
လမ်းလျှောက်လာခဲ့တဲ့ ဈေးဝယ်သူက
လက်ဆွဲခြင်းကို ဟန်ပါပါ ကိုင်ဆောင်ရင်း
လိုရာပစ္စည်းတွေ ဆွဲခြင်းထဲ ထည့်ခဲ့လို့
မလုံ့တလုံ ခြင်းတောင်က
ဟိုနေရာက ပေါက်
ဒီနေရာက ပေါက်
ဟိုနေရာ လျှံထွက်
ဒီနေရာက လျှံထွက်
ကြည့်ရတဲ့သူ စိတ်မချမ်းမြေ့ စရာ
သူ့ဖြစ်ရပ်ကို ငေးကြည့်ရင်း
ရင်တမော့မော့ ခေါင်းတမော့မော့နဲ့
ရင်သက်ရှုမောလောက်အောင် ဖြစ်ခဲ့ရ
ဈေးသည်ကလည်း အော် ကြော လန်
ဈေးဝယ်သူကလည်း အလန်းတွေနဲ့
ခေတ်ဇာတ်ကို ဖောလိုလိုက်ရင်း
ခြင်းတောင်းလည်း ပျက်ခဲ့ပြီ.....။
ကျေးငှက်တွေတိတ်သော်လည်း အော် ကြော လန်
ခရာသံတွေပေးလို့ ညမီးရောင်အောက်
ဈေးတန်းလေးက စပီကာတွေနဲ့
အော်ဟစ်နေရင်း ဈေးတန်းရှိရာ
လမ်းလျှောက်လာခဲ့တဲ့ ဈေးဝယ်သူက
လက်ဆွဲခြင်းကို ဟန်ပါပါ ကိုင်ဆောင်ရင်း
လိုရာပစ္စည်းတွေ ဆွဲခြင်းထဲ ထည့်ခဲ့လို့
မလုံ့တလုံ ခြင်းတောင်က
ဟိုနေရာက ပေါက်
ဒီနေရာက ပေါက်
ဟိုနေရာ လျှံထွက်
ဒီနေရာက လျှံထွက်
ကြည့်ရတဲ့သူ စိတ်မချမ်းမြေ့ စရာ
သူ့ဖြစ်ရပ်ကို ငေးကြည့်ရင်း
ရင်တမော့မော့ ခေါင်းတမော့မော့နဲ့
ရင်သက်ရှုမောလောက်အောင် ဖြစ်ခဲ့ရ
ဈေးသည်ကလည်း အော် ကြော လန်
ဈေးဝယ်သူကလည်း အလန်းတွေနဲ့
ခေတ်ဇာတ်ကို ဖောလိုလိုက်ရင်း
ခြင်းတောင်းလည်း ပျက်ခဲ့ပြီ.....။
တက္ကသိုလ်မြတ်မင်း
ညမီးရောင်အောက်က အော် ကြော လန်
ReplyDeleteတွေအကြောင်း ခံစားခဲ့တယ်အကိုရေ
ခံစားဖတ်ခဲ့ပါတယ် အကိုမြတ်မင်းရေ
ReplyDeleteဘိုဖြူရေ... ကျေးဇူးတင်ပါတယ် ခင်ဗျာ....
ReplyDeleteနောက်လည်း အားပေးပါအုန်း ဘိုဖြူရေ... ကျနော်လည်း နောက်ထက် ဆက်လက် ကြိုးစားနေဆဲပါ ခင်ဗျာ...
စပယ်ရေ.....
အခုလို ခံစားအားပေးတဲ့ အတွက် အထူကျေးဇူးတင်ပါတယ်နော် ခင်ဗျာ
စပယ်တို့ဆီလည်း မရောက်တာ တော်တော်ကြာ ကျနော် လာလည်ပါအုန်းမယ် ခင်ဗျာ...
ခင်မင်စွာဖြင့်.....
တက္ကသိုလ်မြတ်မင်း
ထိထိမိမိရေထားတဲ့ ကဗျာလေးက ခေတ်ကို
ReplyDeleteတည့်တည့်မြင်စေတယ်....
ခံစားအားပေးလျှက်ပါလို့...