Tuesday, December 6, 2011

ပါးမြင့်ထက်က သနပ်ခါး (၅၈)


ဒီဇင်ဘာလ ဆောင်းတနေ့တွေမှာ
ဆောင်းနှင်းပွင့်တွေ ဝေဝေဆာနဲ့
ရာသီအလိုက် ပန်းကလေးများ
ဖူးငုံပုရစ် ညှာရွှေသစ်လို့
ပါးထက်က သနပ်ခါးဖြစ်ကြောင်း
ရနံ့တွေက တီးတိုးဆိုခဲ့ပြီလေ...။

ဆဲ့နှစ်ရာသီ ပန်းကလေးတွေ
လှချင်တိုင်း လှပါစေအုန်းတော့
ရနံ့ထုံးသင်းတဲ့ ပန်းမြိုင်တောမှာ
ပန်းပန်သူ မရွှေချောရယ်
သနပ်ခါး ပန်းကလေး
ရနံ့ပေးလို့ ပန်းပန်ခဲ့ပေါ့လေ...။


ကဗျာဆန်ဆန် ဆိုလေဟန်နဲ့
မဟာဆန်သူ သူအသွင်က
တောင်လှေခါးနဲ့ တောင်သမန်
အင်းတော်ထက်မှာ စံတင်ထားလို့
ရွှေအညာဟန် မပျောက်တဲ့
သနပ်ခါးတွေ ပါးထက်မှာ
လိမ်းကျံခဲ့ပေါ့ ခင်ပျိုမေ...။

ရနံ့ထုံးသင်းတဲ့ သနပ်ခါးပင်တောမှာ
မဟာဆန်သူ မွေးလေသလား
မေးစရာစကား ဒီရင်မှာ
သိုဝှက်ထားလို့ ပါးမြင့်ထက်က
သနပ်ခါး ပန်းတစ်ပွင့်ကို
ရနံ့သင်းသင်း မွှေးချင်လှသလေ..။


မဟာဆန်သူ တောင်သမန်သူရေ
ဂုဏ်ခြင်းထပ်လို့ ကွာဟပါစေ
အထက် အောက် ကွာဟတဲ့
တို့ပြည် မြန်မာမှာ
ရွှေညာသူ သူ့အလှ
သနပ်ခါးလေးကိုတော့
ခူးချင်လှသလေ....။ 
တက္ကသိုလ်မြတ်မင်း

6 comments:

  1. သနပ်ခါးတော့ကြိုက်တယ်
    အိမ်ကမေမေပို့ပေးထားတဲ့ ရှင်မတောင်မကုန်သေးဘူး
    အားတဲ့အခါသွေးလိမ်းလိုက်ရင် ရင်ကိုအေးသွားတာပဲ
    နံ့သာဖြူတွေလဲမေမေပို့ပေးထားတယ်
    ကိုမြတ်မင်းကဗျာလေး ခံစားဖတ်ခဲ့ပါတယ်

    ReplyDelete
  2. စပယ်ရယ်...ဆောင်းနှင်းတွေရယ်.. ငိုချနေတယ်...
    သနပ်ခါးတွေ စိုမှာ ကြောက်တယ်...
    ခင်ခင်မင်မင်...
    တက္ကသိုလ်မြတ်မင်း

    ReplyDelete
  3. လှလိုက်တဲ့ ကဗျာလေး... :D

    ReplyDelete
  4. စန္ဒီရေ... ကျွန်တော် ကဗျာထက် သူငယ်ချင်း စာတွေက ပိုလှနေတယ်နော်..ပြီးတော့ အားပေးမှုကိုလည်း အထူးကျေးဇူးတင်တယ်နော်...
    ခင်မင်စွာဖြင့် ...

    တက္ကသိုလ်မြတ်မင်း

    ReplyDelete
  5. ကဗျာနဲ့ ပုံလေးနဲ့ လိုက်တယ်..
    ဖတ်သွားပါတယ်..

    ReplyDelete
  6. သိင်္ဂါကျော်ရေ...အထူးကျေးဇူးတင်ပါတယ် ခင်ဗျာ...နောက်လည်း လာအားပေးအုန်းနော်...။
    တက္ကသိုလ်မြတ်မင်း

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...