ချည်နှောင်တဲ့ ကြိုးက
ရင်မှာလေ တိုးဝှေ့လို့
မကြေငြာတဲ့ အရိပ်တွေ
ခံစားချက်နဲ့ ချိတ်ဆက်ရင်း
လေလှိုင်းက သတိပေးလို့
မြတ်နိုးမှုတွေ ရင်လှိုင်းခတ်ခဲ့
မတည်ငြိမ်တဲ့ စိတ်တွေကို
ရင်ခတ်ပန်းက ငြိမ်းစေခဲ့တယ်လေ...။
မမြင်ရတဲ့ ကြိုးက
နှောင်ဖွဲ့တဲ့ သံယောဇဉ်ဖြစ်
ရုတ်တရက် ညည်းတွားရင်း
ခံစားမှုတွေ ရင်လှိုင်းခတ်ခဲ့
သေခြာနေပြီ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ဆွဲဆောင်ခဲ့ပြီလေ...။
စွဲငင်အားကောင်းတဲ့ ကြိုးက
သံမဏိကို ဖြတ်တောက်ပြီး
နှလုံးသားမှာ နေရာယူခဲ့
လိုအပ်ချက်ကိုသိတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ရနံ့ပေးခဲ့ပြီလေ.....။
လိုင်းမရှိတဲ့ ကြိုးက
အိပ်ယာပြင်ထက်မှာ ချည်နှောင်ရင်း
အိပ်ပျက်မှုတွေ ခံစားခဲ့
အသုံးမကျတဲ့ လိုအပ်ချက်က
နှလုံးသားကို ရိုက်ခတ်ရင်း
ဖိစီးမှုများတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက အိပ်ငွေ့ချခဲ့ပြီလေ....။
ဒဏ္ဍာရီဆန်တဲ့ ကြိုးက
ခေတ်အဆက်ဆက်ကို ထိန်းသိမ်း
အမည်မသိတဲ့ နှောင်ကြိုးတွေနဲ့
မော်ဒန်ခေတ်မှာ စီးဝင်ရင်း
ခရီးကျွန်ခဲ့တဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ခရီးဆက်ခဲ့ပြီလေ....။
ရင်မှာလေ တိုးဝှေ့လို့
မကြေငြာတဲ့ အရိပ်တွေ
ခံစားချက်နဲ့ ချိတ်ဆက်ရင်း
လေလှိုင်းက သတိပေးလို့
မြတ်နိုးမှုတွေ ရင်လှိုင်းခတ်ခဲ့
မတည်ငြိမ်တဲ့ စိတ်တွေကို
ရင်ခတ်ပန်းက ငြိမ်းစေခဲ့တယ်လေ...။
မမြင်ရတဲ့ ကြိုးက
နှောင်ဖွဲ့တဲ့ သံယောဇဉ်ဖြစ်
ရုတ်တရက် ညည်းတွားရင်း
ခံစားမှုတွေ ရင်လှိုင်းခတ်ခဲ့
သေခြာနေပြီ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ဆွဲဆောင်ခဲ့ပြီလေ...။
စွဲငင်အားကောင်းတဲ့ ကြိုးက
သံမဏိကို ဖြတ်တောက်ပြီး
နှလုံးသားမှာ နေရာယူခဲ့
လိုအပ်ချက်ကိုသိတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ရနံ့ပေးခဲ့ပြီလေ.....။
လိုင်းမရှိတဲ့ ကြိုးက
အိပ်ယာပြင်ထက်မှာ ချည်နှောင်ရင်း
အိပ်ပျက်မှုတွေ ခံစားခဲ့
အသုံးမကျတဲ့ လိုအပ်ချက်က
နှလုံးသားကို ရိုက်ခတ်ရင်း
ဖိစီးမှုများတဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက အိပ်ငွေ့ချခဲ့ပြီလေ....။
ဒဏ္ဍာရီဆန်တဲ့ ကြိုးက
ခေတ်အဆက်ဆက်ကို ထိန်းသိမ်း
အမည်မသိတဲ့ နှောင်ကြိုးတွေနဲ့
မော်ဒန်ခေတ်မှာ စီးဝင်ရင်း
ခရီးကျွန်ခဲ့တဲ့ ဒီစိတ်တွေကို
ရင်ခတ်ပန်းက ခရီးဆက်ခဲ့ပြီလေ....။
အရိပ်မဲ့တဲ့ ကြိုးက
ကမ်းလွန်ပြင်ကို ခရီးဆက်ရင်း
နှင်းထုတွေကြား ပျောက်ဆုံးခဲ့
ရှာသူမသိတဲ့ ဒီစိတ်ကို
ရင်ခတ်ပန်းက ရှာပေးခဲ့ပြီလေ.....။
ကမ်းလွန်ပြင်ကို ခရီးဆက်ရင်း
နှင်းထုတွေကြား ပျောက်ဆုံးခဲ့
ရှာသူမသိတဲ့ ဒီစိတ်ကို
ရင်ခတ်ပန်းက ရှာပေးခဲ့ပြီလေ.....။
တက္ကသိုလ်မြတ်မင်း
မတည်ငြိမ်တဲ့ စိတ်တွေကို
ReplyDeleteရင်ခတ်ပန်းက ငြိမ်းစေခဲ့တယ်လေ----ဆိုသလိုပဲ
ကဗျာဖတ်သူကိုလဲ ရင်ငြိမ်းစေပါတယ်
ကဗျာတွေအားလုံးကောင်းတယ်
ခင်ခင်မင်မင် jasmine
မစပယ်ရေ... အခုလို အားပေးမှုကို အထူးကျေးဇူးတင်ပါတယ်...မစပယ်ရဲ့ ရင်တွင်း ငြိမ်းချမ်းတယ်ဆိုရင် ကျန်တဲ့ ကဗျာ ပရိသတ်တွေလည်း ငြိမ်းချမ်းပါစေလို့ ဆုတောင်းလိုက်ပါတယ် ပြီးတော့ မစပယ်ကို အထူးအားဖြင့် အရာရာ အေးချမ်းပါစေလို့ ခင်ခင်မင်မင် ပြောပါရစေနော်...
ReplyDelete