Saturday, June 22, 2013

လပြည့်နယုန် ငြိမ်းချမ်းရေးဂုဏ်


 

လပြည့်နယုန် ငြိမ်းချမ်းရေးဂုဏ်

 
ဒီနေ့ဟာ (Great Occasion and Great Noble Day) နေ့ထူးနေ့မြတ်ဖြစ်တဲ့ (The Full_Moon Day Of Nayone) နယုန်လပြည့် မဟာသမယအခါတော်နေ့ဟု ခေါ်နိုင်သလို Poswan-Day ပင် ဖြစ်ပါတယ်။ ယနေ့ မြတ်ဗုဒ္ဓ၏ ပုခတ်တွင်းမှာ မွေးဖွားကြကုန်သော (We were born in the cradle of Buddhism and Buddha) ဗုဒ္ဓဘာသာဝင်တို့အတွက် တကယ်ထူးမြတ်သော နေ့ဖြစ်သည်။

နယုန်လပြည့်ရောက်တိုင်းလည်း မြန်မာပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာ သူတော်စဉ်တွေက မဟာသမယအခါတော်နေ့ ကျင်းပကြသလို သီရိလင်္ကာနိုင်ငံမှာလည်း Poswan-Day လို့ဆိုပြီး မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။

ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ မဟာသမယအခါတော်နေ့ကို ကျင်းပကြမည်လို့ ယူဆရသလို အခြားအခြားသော ထေရဝါဒ နိုင်ငံများဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ စသည် ထေရဝါဒနိုင်ငံများက မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။

ဒီလို မဟာသမယနေ့ထူး နေ့မြတ်ကို ကျင်းပခြင်းသည် ကောင်းမွန်သော (The Great Beautiful wholesome Deed) မဟာကုသိုလ်ကြီးပင်ဖြစ်သည်။ ထိုကုသိုလ်သည် လက်တွေ့ဘဝတွင် နေထိုင်ကြသည့် လူသားများအတွက် ပီတိသုခ ချမ်းသာကို လက်တွေ့လက်ငင်း ရရှိစေပါတယ်။ တစ်ခါတရံ လူ့ဘဝ နေထိုင်ကြတဲ့အခိုက်အတန့် တစ်ခါတရံ လူပင်ပန်း စိတ်ပင်ပန်းသလို (Physical-Tiredness and Metal-Tiredness) စိတ်မောနဲ့ လူဘဝကို ဖြတ်သန်းကြရပါတယ်။

အဲဒီလို အခါမျိုးမှာ (physical-Tiredness and Metal-Tiredness) စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှုတွေကို သက်သာစေသော မြတ်ဗုဒ္ဓ၏ (Dhamma medicines) တရားဆေးတို့ဖြင့် ပီတိသုခ ချမ်းသာကို တနည်းပြောရလျှင် (Happiness of Dhamma) ဓမ္မချမ်းသာကို လက်ငင်းချက်ချင်း ပေးနိုင်သောကြောင့်ဖြစ်သည်။

သို့သော် (Religious) ဘာသာတရားတိုင်းသည် ကောင်းကျိုးကိုသာ လိုလားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ (Religious) ဘာသာတရားသည် လူသားတိုင်းအတွက် (Peace and Harmony) ငြိမ်းချမ်းရေးကို အသွင်ဆောင်သလို ဗုဒ္ဓဘာသာ၏ တရားတော်များသည်လည်း ဤကဲသို့သော (Peace and Harmony) အညီအမျှ ငြိမ်းချမ်းရေးကို အသွင်ဆောင်ပါတယ်။

ဒီနေ့လို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှာ ဟိုအတိတ်ဆီက နေ့ရက်တွေကို ပြန်ကြည့်လိုက်တော့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က နှစ်ပြည်ထောင်မင်းတွေ အဆင်မပြေဖြစ်ခဲ့တဲ့ ကပိလဝတ်မင်းနဲ့ ကောလိယမင်းတွေကို ငြိမ်းချမ်းရေးရဖို့အတွက် တရားရေအေး တိုက်ကြွေးခဲ့တာကို ကြည့်၍ ရောဟိဏီမြစ်ကို အကြောင်းပြုပြီး တောင်သူ လယ်သမားနှစ်ဦးကစ၍ လယ်ယာစိုက်ပျိုးရေးအတွက် စစ်ဖြစ်တော့မည့် ကပိလဝတ် မင်းသားနဲ့ ကောလိယမင်းသားတို့ကို ငြိမ်းချမ်းရေးရဖူးပါလားဆိုတာ သိရှိကြသဖြင့် ယနေ့ခေတ် မြတ်ဗုဒ္ဓ၏ တရားတော်တို့သည် Apply လုပ်ပြီး ကျင့်သုံးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့ကျကျ ကျင့်သုံးလျှင် တကယ်ကျင့်သူတို့အတွက် တကယ်ပင် အကျိုးရှိသော တရားတော်ဖြစ်သောကြောင့်ပင်ဖြစ်တယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကို အသွင်ဆောင်သော ဘာသာတရားအပေါ်မှာ လူသားအားလုံးတို့ လက်တွဲပြီး မတူတာကို အသာထားလို့ အများ အကျိုးကို ပရဟိတ စိတ်ဓာတ်တို့ဖြင့် လုပ်ကိုင်ခြင်းက ပိုမိုမြင့်မြတ်သော ဘာသာတရားဖြစ်လာမည်ဖြစ်သည်။

အခြားသော နည်းလမ်းသည် ကိုယ် ကိုယ်တိုင် ကျင့်သုံးမှ ရနိုင်မည့် တရားတော်ပင်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် (When the one who practice Dhamma, the Dhamma protect him) (ဓမ္မော ဟဝေ ရက္ခတိ ဓမ္မာစာရီ) လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ ကိုယ်ကျင့် သီလ အာစာရ ကောင်းအောင် ကျင့်သုံးသော ပုဂ္ဂိုလ်သည် ထိုသူ ကျင့်သုံးသော ကိုယ်ကျင့် သီလ အာစာရက သူကို အစဉ် စောင့်ရှောက်ပါတယ် လို့ မြတ်ဗုဒ္ဓက ဟော ကြားတော်မူခဲ့ပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာရဲ့ လက်တွေ့ကျသော ဒီတရားဓမ္မာကို ကြည့်ခြင်းအားဖြင့် လူသားတိုင်းသည် ကိုယ် ကိုယ်တိုင်ကျင့်မှ ရသည့်တရားပင်ဖြစ်သည်။ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်အသားရောင်၊ အဘယ်မည်သော ဇာတ်၊ ဘယ်သို့သော ချမ်းသာတဲ့သူ၊ ဘယ်သို့သော ဆင်းရဲတဲ့သူမှ ရနိုင်သော တရားမဟုတ်ပါဘူးလို့ မြတ်ဗုဒ္ဓက မဟောကြားခဲ့ပါဘူး။

အခြားတဖက်မှာလည်း မြတ်ဗုဒ္ဓက (Wholesome deed will be supporting to the way of happiness and to reach the way of the realization of Nibbana) (ဓမ္မော သုစိဏ္ဏော သုခမာဝဟတိ) ကောင်းမွန်စွာသော တရားသည် ချမ်းသာသုခကို ဆောင်ယူလာလိမ့်မယ် လို့ ဟောကြားတော်မူခဲ့ပါတယ်။

ဒါဆိုရင် ကိုယ် ကိုယ်တိုင် ကောင်းမွန်အောင် ကျင့်သုံးသည့် တရားသည် ချမ်းသာသုခကို တကယ် ပို့ဆောင်နိုင်ပါတယ်။ ဘယ်နေရာမှာ၊ ဘယ်အလုပ်ကို လုပ်လုပ်၊ ဘယ်သို့သော ကောင်းကျိုးကို ပြုလုပ် ပြုလုပ် စသည်ကို ပြုလုပ်သည့် အကျိုးတရားက တန်ပြန် အကျိုးပေးဖို့ အနှေးအမြန် ဖြစ်နေပါတယ်။ ဒါကြောင့် ကိုယ် ကိုယ်တိုင် ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ကိုယ်က မကျင့်သုံးဖူးဆိုရင်တော့ အကျိုးပေးမည် မဟုတ်ပါဘူး။

ထို့ကြောင့် ဒီနေ့လို (Great Occasion and Great noble day) နေ့ထူးနေ့မြတ်ဖြစ်တဲ့ မဟာသမယ (The full-moon day of Nayone) နယုန်လပြည့်နေ့မှာ ငြိမ်းချမ်းရေးကို အသွင်ဆောင်သော တရားတော်ကို ကြည့်၍သော်၎င်း၊ သို့မဟုတ် မဟာသမယသုတ်တော်ကိုလည်း အထူးအားဖြင့် မြတ်ဗုဒ္ဓက ဟောကြားတော်မူခဲ့တာ ဖြစ်ပါ တယ်။

ဒါတွေကို ဆိုင်ရာ ဆိုင်ရာ လုပ်ငန်းခွင်မှာ၊ တရားရေးရာ တရားထိုင်တဲ့အခါ၊ လိုအပ်သလို မိမိတို့ နှစ်သက်သော နည်းလမ်းတို့ဖြင့် အောင်မြင်တိုးတက်အောင် လုပ်ဆောင်နိုင်ပါစေ လို့ ပြောကြားရင်း မဟာသမယနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။



Today is a Reader but Tomorrow will become a Famous.
 
 
တက္ကသိုလ်မြတ်မင်း
 
 
http://www.venpunnavamsa2.com

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...