Tuesday, January 29, 2013

နှင်းကြွေတဲ့ ဆောင်း


နှင်းကြွေတဲ့ ဆောင်း


အာမေဋိတ် အသံတွေသာ ထင်ကျန်နေပါရဲ့...

အတိုင်းအတာ အကာအဆီးမရှိတဲ့

သဘာဝ ကမ္ဘာမြေကြီးရဲ့ ကိုယ်ငွေ့များက

မီးခိုငွေ့တွေလို ထကြွ

နေမကောင်းတဲ့ ရာသီဥတုထဲ

ဆောင်းနှင်းတွေလည်း ခဲနေပြီလေ...။



နေ့နေ့ ညည ပြောင်းလွဲခြင်းများက

အတွေးရဲ့ ချို့တဲ့ ရသတွေကို မွေးဖွား

တစ်ခါတရံ ခေါက်ရိုးကျိုးနေတဲ့

ဘဝရဲ့ ကာရံမဲ့ ကဗျာတွေ ညှပ်သုံးရင်း

တကယ့် ကာရံတွေ ပျောက်တော့မှ

ရှေးဟောင်း ပြတိုက်ထဲ ထည့်လိုက်မိတဲ့

သမိုင်းတစ်ခုက သုတေသနတွေဖြစ်

ဘယ်သူမှ မသိလိုက်တဲ့

လမိုက်ညထဲ မှေးစက် အိပ်နေရင်း

အချိုး ကျကျ အနုပညာတွေ ခံစားမိပါရဲ့...။



ဒါပေမဲ့....

တိုင်းတာမှု ပေတံ ရှိပါလျက်

ဘောင်မရှိတဲ့ အမှောင်ညတွေမှာ

အလင်းရောင်က ပျောက်

အတွေးအိမ်က ခပ်ချောက်ချောက်နဲ့

အရသာ မရှိတဲ့ ဆောင်းကိုမှ

အရိုးခိုက်အောင် နာကျင်မိတယ်...။



တဖက်က တုန်ရီမောဟိုက်

တဖက်က မူမမှန် သံစဉ်တွေက

ဘဝထဲမှာ ကုထုံး မရှိပေမဲ့

ဗိန္ဓောဆရာနဲ့ အသက်သွင်းဖို့

မှတ်တိုင်တစ်ခု တည်လိုက်တော့

ဂြိုဟ်ခွင်တစ်ခု လစ်ဟာသွားသလားဆိုတာ

တွေးနေသူလောက်တော့...

ဘယ်လိုလုပ် တွတ်ချေ ကိုက်မလဲလေ...။



အပေါ်ယံ ခပ်ပါးပါး လေသံ ခပ်ထွားထွားနဲ့

လေးနက်မှုမရှိတဲ့ ခံယူချက်

သကြားနဲ့ ပတ်လို့တော့ အဆင်ပြေပေမဲ့

ဆားနဲ့ ပတ်လို့တော့ ဘာမှ ထူးမှာ မဟုတ်ပါဘူး..

အဲဒီတော့... ကိုယ်ပိုင် အတွေး

ကိုယ်ပိုင် အသိဥာဏ်ကို ဦးစားပေးလို့

အဝေးကို ထွက်ခွာခဲ့တာ

အခုတော့လည်း မောရ ကောင်းမှန်းလည်း မသိခဲ့ဘူးလေ...။




အတွေးသစ်တို့ မဟောင်းနွမ်းတဲ့

နှင်းစက်ကြွေတဲ့ ဆောင်းကာလ

မမေ့ရက်နိုင်တဲ့ ဖြစ်စဉ်တစ်ခု

အချိုသကာ သကြား ပျားရည်လောင်းသော

သံစဉ်တေးသွားများ အက္ခရာအဖြစ်

သမိုင်း ရေးစီးကြောင်း အသစ်ပေါ် ရေးခြစ်ရင်း

သစ်ရွက်တွေ ကြွေကျ မြေခ ကြရတဲ့ သဘာဝထဲ

မိုးစိုလည်း မချမ်း နှင်းပြိုလည်း မဆန်းတော့ဘူးလေ...။



တကယ်တမ်း...

ဖြေသိမ့်လို့ မဆန်းတော့ဘူးဆိုပေမဲ့...

ခါးသက်သက် ဖြတ်သန်းလာတဲ့ နေ့ရက်ဆိုတာ

ဘဝစက်ဝိုင်းအတွင်း နှင်းစက်များက ကကြိုးဆင်လျက်

ယိုစီး စိုစွတ်နေတဲ့ မြေပြင်ထက်

တရွေ့ရွေ့ ရှင်သန်ခြင်းတွေ မွေးဖွားခဲ့

တစ်ယောက်တည်း အထီးကျန်နေတဲ့ အခန်းကျဉ်းထဲ

ဘဝကို မဏ္ဍိုင်တိုင် တက်ပြမနေပါနဲ့တော့..။



နောက်ဆုံးတော့....

နှင်းစက်တွေကြွေတဲ့ ဘဝထဲမှာ

သက်သေ မရှိတဲ့ ဆင်ခြေတွေနဲ့

ခိုင်မာအောင် အစားထိုး ပြသ

အရေး မရ မဖတ် မရ

ပြောတိုင်း ခေါင်းညိတ်ရလို့

ရင်ဆိုင်ရတဲ့ ပြဿနာတွေထဲ

အနာတရသာ အထင်ကရဖြစ်ခဲ့

တစ်လမ်းသွား မောင်းနေရတဲ့

ဒီပတ်ဝန်းကျင်ထဲ အချိန်ကုန် လူပမ်းလို့

ဘဝတစ်ခုတာ ကြွေကျခဲ့ရတယ်

ပန်းတိုင်ကို မဝင်ရောက်ခဲ့ပါလား....။


တက္ကသိုလ်မြတ်မင်း

www.venpunnavamsa2.com

1 comment:

  1. အရှင်ဘုရား ကဗျာလေးကကောင်းလွန်းလှချည်ပါလားရှင်...
    မိုးနတ်သေသေချာချာလေးကို ပြန်ဖတ်ခဲ့ပါတယ်နော်....
    အမှန်တရားတွေလဲ အများကြီးပါသလို
    တွေးစရာတွေလဲ အများကြီးရယ်ပါ....
    အရှင်ဘုရားရေ.....ကဗျာက တကယ့်ကိုတွေးစရာတွေ
    အများကြီးပါပဲ ဘုရားးးးးးးးး :)
    အရှင်ဘုရား ကျန်းမာပါစေ
    ရိုသေစွာဖြင့်.....မိုးနတ်

    ReplyDelete

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...