ဆူးလေ ဖယောင်းတိုင်ဆန္ဒထုတ်ဖေါ်သူများအား
ရဲမှူးကြီးမှ သတိပေးစာပေးအပ်ခဲ့
ည ၈နာရီခွဲ ၊ မေလ ၂၃ ရက်၊ ၂၀၁၂ ခုနှစ် (YPI)
လျှပ်စစ်မီး မှန်မှန်ရရှိရေး ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖေါ်သူများ ဒုတိယနေ့ အဖြစ် ဖယောင်းတိုင် မီးမထွန်းညှိမီ အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်က လက်မှတ်ရေးထိုးထားသည့် သတိပေးစာကို ဖယောင်းတိုင် ဆန္ဒထုတ်ဖေါ်ပွဲ ဆော်သြသူ ကိုဟန်ဝင်းအောင်ထံသို့ ပေးအပ်ခဲ့သည်။
စာထဲတွင် လျှပ်စစ်မီးပျက်သည့်ကိစ္စကို နိုင်ငံပိုင်သတင်းစာများမှတဆင့်
ယင်းနောက် ဆန္ဒထုတ်ဖေါ်သူများက ဆူးလေဘုရားလမ်းအတိုင်း အနော်ရထာလမ်းဘက်သို့ လျှောက်လာပြီး ဂုံးကျော်တံတားကို ဖြတ်ကျော်ကာ ဆူးလေစေတီဘက်သို့ သွားရောက်ခဲ့သည်။ ထိုသို့သွားရောက်ရာတွင် ဂုံးကျော်တံတား မတက်မီ ရဲတပ်ဖွဲ့ဝင်များက ဒုတိယအကြိမ် တားမြစ်သော်လည်း ကိုဟန်ဝင်းအောင်တို့က မိမိတို့သွားမည့် လမ်းကြောင်းကိုရှင်းပြသည့်နောက်
ယနေ့ ဆန္ဒထုတ်ဖေါ်သူ အရေအတွက်မှာ ယမန်နေ့ထက် ၃ ဆခန့်များပြားကာ စုစုပေါင်း လူ ၃၀၀ ကျော်ရှိမည်ဟု ခန့်မှန်းကြသည်။ ။
No comments:
Post a Comment