ဂုဏ်ယူပါတယ်။ ကိုဇေယျာသော် . .
Members from the Republic of Miramar Parliament visit Parliament...
Ministers from the Republic of Miramar meet the Prime Minister of Australia, the Hon Julia Gillard MP , 07 May 2012. This image cannot be used without the express permission of AUSPIC +61 2 62773342 or auspic@finance.gov.au
( Zayar Thaw )
အယ်ဒီတာ စကား
လူဆိုတာကိုယ့်သမိုင်းကိုယ်ရေးသွားကြတာမှန်ပါတယ်။အနုပညာနဲ့နိုင်ငံရေး နိုင်ငံရေးနဲ့အနုပညာဟာဆပ်စပ်မူ့ရှိနေပါတယ်လို
ကျနော်ဆိုချင်တာပါ ။တစ်ကယ်တန်းကျတော့ လည်း လူတွေဟာ နိုင်ငံရေး သတ္တ၀ါတွေပါပဲ ။တစ်ချို့ ကလည်းပြောကြတယ် နိုင်ငံရေးကိုယ်နဲ့မဆိုင်ပါဘူးလို့ပြောကြတယ် ။ ခု..ကျနော် ဒီသတင်းလေးကိုကြည့်ပြီးကျနော်ကိုယ်တိုင်ကလည်း အရင်က ဟစ်ဟေ့
အဆိုတော် ဇောယျသော် ( ခ ) ဦးဇေယျသော်ကိုကြည့်ပြီး မိမိရဲ့ ယုံကြည်ချက်ကိုဆုပ်ကိုင်ပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးလောကထဲ
ကို စိတ်အားထတ်သန်အားကျမိပါရဲ့ ဧပြီလ ၁ ရက်နေ့ကစပြီး ရွေးကောက်ပွဲစတင်ချိန်မှာ ကျနော်သတိထားမိသလောက် ပြောရရင်
မြန်မာနိုင်ငံမှာရှိနေကြတဲ့ ရုပ်ရှင် အနုပညာ သဘင် ...မော်ဒယ် ...သရုပ်ဆောင် ..တေးဂီတ အစရှိတဲ့ မောင်မယ်များကိုအကြောင်းကို
လေ့လာစဉ်ချင် သုံးသပ်ကြည့်တဲ့အခါမှာ အနုအညာရှင်တွေအတွက် ဇေယျသော် ( ခ ) ဦးဇေယျသော်ဟာ မြန်မာနိုင်ငံရေးသမိုင်း
လောကနယ်ပယ်ထဲတွင် မှတ်သားအတုယူစရာဖြစ်ခဲ့ရသလို့ ခုဆိုရင် မှတ်ကျောက်တင်နိုင်ခဲ့ပါပြီ ။နိုင်ငံရေးလောကတွင် မည်သူမည်ဝါ
ကန့်သတ်ခြင်းမရှိ နိုင်ငံရေးသည် မြန်မာနိုင်ငံသားအားလုံးနှင့်သက်ဆိုင်သည်ဟုလည်း ကျနော် ထင်မှတ်ဧ။် ။ ကျနော် ဆိုလိုချင်တာကို
ရှင်းရှင်းလင်းလင်းပဲ ပြောချင်ပါတယ်။ အဓိက ပြောချင်တာကတော့ ရုပ်ရှင် အနုပညာ သဘင် ...မော်ဒယ် ...သရုပ်ဆောင် ..တေးဂီတ
အစရှိတဲ့ သရုပ်ဆောင်တွေကိုပါပဲ။ ရုပ်ရှင်နယ်ပယ်သရုပ်ဆောင်က အနုညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒမီ ထွန်းအိန္ဒဗို ..အဆိုတော် သျှီး အဆိုတော်နှင့်သရုပ်ဆောင် ကိုရဲတိုက် သရုပ်ဆောင် ကိုလူမင်း သရုပ်ဆောင် ဝေလု့ကျော် ဦးဇင်ဝိုင်း အစရှိတဲ့ သူတွေကိုလည်း
ဧပြီ ၁ ရက်နေ့ကစပြီး ကျနော်ရင်ထဲသို့ လေးစားဂုဏ်ယူ မှတ်ကျောက်တင်ခဲ့မိပါတယ် တစ်ချို့သောအနုပညာရှင်တွေကြတော့လည်း
မြန်မာပြည်ရဲ့ အရေးသည် သူတို့နှင့်မဆိုင်သလို စစ်အာဏာရှင်တည်မြဲရေးကို အားပေးသကဲ့သို့ ပြောဆိုနေထိုင်ကြပါတယ် ။ မြန်မာပြည်ကမော်ဒယ် သရုပ်ဆောင်တွေဟာဖြင့် ၀တ်စားဆင်ယာဉ်မူ့တွေကအစ ပြောရရင် အတုယူစရာမကောင်းသလို့ မြန်မာ့
ယာဉ်ကျေးမူ့ အနုပညာသယ်တွေကို စော်ကားသလို့မျိုးဖြစ်နေမလား..? ပြောရရင် မြန်မာပြည်မှာရှိနေတဲ့ မိန်းကလေးတော်တော်များ
များဖြစ်ချင်တိုင်းဖြစ်ပြီးပျက်စီးစေမဲ့လမ်းကြောင်းကို မရောက်ရောက်အောင် ပို့ဆောင်ပေးနေကြပါတယ်။ ဘယ်သူတွေလည်းလို့တော့ ကျနော် အနေနဲ့ အမည်နာမတွေကိုတော့ ပြောပြဘို့ လိုမယ်မထင်ပါဘူး။ ဥပမာ ပြောရရင် တစ်လောက ရုပ်ရှင်သရုပ်ဆောင်သင်ဇာဝင်းကျော် လိုမျိုးပေါ့..သူရဲ့ဝတ်စားစဉ်ယာဉ်မှု ဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့အဲဒီလိုပုံစံမျိုးမဖြစ်သင့်ဘူးလို့
လည်းကျနော် မြင်မိပါတယ် ။ကျနော်တို့ မြန်မာလူမျိုးတွေဟာ အတုမြင်အတတ်သင် ဖို့ကတော့ သင်စရာမလိုဘူး။ အလိုလိုတတ်နေပြီးသားပါ။ အချိန်နဲ့ တစ်ပြေးညီ မြန်မာပြည်သူပြည်သားတွေ အတွက် ရှေ့ဆောင်လမ်းပြဖြစ်စေချင်တာကတော့ ကျနော် ရဲ့ပကတိဆန္ဒ
ဖြစ်နေလို့ ရေးသားဖော်ပြလိုက်တာပါ။ ခုတစ်လော အင်တာနက် face book စာမျက်နာတွေပေါ်မှာ မြင်ရတွေ့ရနေကြတဲ့ မော်ဒယ်
သရုပ်ဆောင်တွေကို ကြည့်ပြီး ကျနော် စဉ်စားကြည့်ပြီး မြန်မာပြည်က မိန်းကလေးတွေ အတွက် ရင်လေးမိပါတယ်။နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာကတော့ မြန်မာပြည်က မော်ဒယ် သရုပ်ဆောင်တွေ ရဲ့ ၀တ်စားဆင်ယာဉ်
မူ့တွေကိုလည်း ရုပ်ရှင်နှင့်အနုပညာ အသိုင်းဝိုင်းမှတစ်ဆင့် အထက်ကို တင်ပြတောင်းဆိုပေးစေချင်ပါသည်။ကြာလာရင် မြန်မာ
မော်ဒယ်တွေ ဟာ ကိုယ်တုံးလုံးချွတ်ပြတော့မယ်အခြေနေကိုရောက်နေတော့လာပြီမို့ ရုပ်ရှင်နှင့်အနုပညာ အသိုင်းဝိုင်း ကို ကျနော်အနေနဲ့ တောင်းဆိုမူ့ တစ်ခု ပြုခြင်းဖြစ်ပါတယ်။ (မှတ်ချက်) ဇေယျသော် (ခ) ဦးဇေယျသော် အားလေးစားဂုဏ်ယူမီကြောင်း ကျနော်မှ မှတ်တမ်း တင်အပ်ပါသည်။
မလေးရှားနိုင်ငံ ...မင်္ဂလာအိုးဝေ သတင်းဂျာနယ်
မှ
နေမင်းထွန်း
No comments:
Post a Comment