တနင်္ဂနွေနေ့ မနက် မဟာဂနာရုံကျောင်းတိုက်မှာ ကျင်းပတဲ့မွေးနေ့ ပွဲအခမ်းအနားမှာ ဆရာဒဂုန်တာရာက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဆရာ မောင်သာနိုးက ဒဂုန်တာရာရဲ့ကဗျာတပုဒ်ကို အင်္ဂလိပ်လို ဘာသာပြန်ရွတ်ဆိုသွားပါတယ်။ ကဗျာဆရာ ကိုလေးအင်းဝနဲ့  ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင
စာရေးဆရာ ကြီး ဒဂုန် တာရာဟာ ၁၉၁၉ မေလ ၁၀ ရက်နေ့ မှာ မွေးဖွားခဲ့တာဖြစ်လို့  မေလ ၁၀ ရက်နေ့ မှာ မှအသက် ၉၃နှစ်ပြည့်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဆရာကြီးရဲ့  မွေးနေ့ ပွဲကိုတော့ မွေးနေ့ ရက် အနီးနားပတ်ဝန်းကျင်နေ့ တွေမှာ ဆရာကြီး ကို ချစ်ခင်လေးစားတဲ့ စာပေနဲ့ ကဗျာအသိုင်းအ၀ိုင်းက ပုဂိုလ်တွေနဲ့ အခါအားလျော်စွာ နှစ်စဉ် ကျင်းပလေ့ရှိ တာဖြစ်ပါတယ်။
ဆရာ ဒဂုန် တာရာဟာ ကိုလိုနီခေတ်ကတည်းက မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ ၊ ရေနံမြေ စည်းရုံးရေး ကိုယ်စားလှယ်၊ တကသ အမှုဆောင်၊ အိုးဝေ မဂ္ဂဇင်း အယ်ဒီတာ အဖြစ်ဆောင်ရွက်ခဲ့ပြီး နယ်ချဲ့ ဆန့် ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သူပါ။
လွတ်လပ်ရေးရပြီးနောက်လည်း မြန်မာ နိုင်ငံ စာရေး ဆရာအသင်း ဥက္ကဌ၊ တရုတ် - မြန်မာ မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ မြန်မာ - ဆိုဗီယက် ယဉ်ကျေးမှုနှင့် မိတ်ဆွေဖြစ် အသင်းချုပ် အမှုဆောင်၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အမြဲတမ်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ တာဝန်၊ မြန်မာနိုင်ငံ ကဗျာ ဆရာ သမဂ္ဂ ဥက္ကဋ္ဌ တာဝန် များကို ထမ်း ဆောင်ပါတယ်။
ကလောင် အမည် အမျိုးမျိုးတဲ့ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေး ဆိုင်ရာ ဆောင်းပါးများ ရေးခဲ့ပြီး ၁၉၆၁ ခုနှစ်က စာပေ ဗိမာန် ဝတ္ထုတို ပေါင်းချုပ် ဆု ၊ ၂ဝဝ၁ ခုနှစ် မှာ ပခုက္ကူ ဦးအုံးဖေ တသက်တာ စာပေဆု ရရှိထားပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အစဉ်တစိုက် တိုက်တွန်းပြောဆိုလေ့ရှိပါတယ်။
No comments:
Post a Comment