သမ္မတ ဦးသိန်းစိန် ၂ဝ၁၂ ခုနှစ်အတွက်
နိုဘဲလ် ငြိမ်းချမ်းရေးဆု ရနိုင်ဖို့ ရှိ-မရှိ
ကမ္ဘာပေါ်မှာ အမြင့်ဆုံး ငြိမ်းချမ်းရေး နိုဘဲလ် ဆုတံဆိပ်ကို ၁၉၉၁ ခုနှစ်မှာ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် ရရှိပြီးတဲ့နောက် ဒုတိယ မြန်မာနိုင်ငံသားတဦးက ထိုက်တန်စွာ ဂုဏ်ပြုခံရတာကို တကယ်ပဲ မျှော်လင့်မိပါတယ်။ နာမည်ကိုက Peace Prize ဖြစ်နေတော့ ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ လုပ်နိုင်ခဲ့တာကို သုံးသပ်ပြီး (သို့) လုပ်ပေးနိုင်စွမ်းရှိမှာကို
ဥပမာ- အရှေ့အလယ်ပိုင်း ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ တကမ္ဘာလုံးက ဝိုင်းဝန်း ကြိုးစားကြရာမှာ နိုဘဲလ် ငြိမ်းချမ်းရေးဆုတွေပေးပြီး
ကမ္ဘာ့ပြဿနာတွေထဲမှာ နှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်အောင် ဖြေရှင်းရခက်ခဲနေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယား ကိစ္စတွေလည်း အပါအဝင် ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်က ရုန်းထွက်လာတဲ့ မြန်မာနိုင်ငံဟာ တစတစ အောင်မြင်လာနေတယ်လို့ နိုင်ငံတကာက သတိကြီးစွာထားပြီး အသိအမှတ် ပြုလာချိန်မှာ မြန်မာကို အတုယူဖို့ မြောက်ကိုးရီးယားကို နားချနေကြတာလည်း ရှိပါတယ်။ တနည်းအားဖြင့် မြောက်ကိုးရီးယားအရေးမှာ မြန်မာဟာ စံနမူနာအဖြစ် အနည်းဆုံး စာရင်းဝင်နေခဲ့ပါတယ်။ ဒီအချက်ကိုက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာရဲ့ တွန်းအားပေးမှုနဲ့ ထောက်ခံမှုတို့ကို တပြိုင်တည်း ဖြစ်စေပါတယ်။
သမ္မတဦးသိန်းစိန်အနေနဲ့ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ရနိုင်-မရနိုင် ဆိုတဲ့အကြောင်းကို မြန်မာတိုင်း(မ်)မှာ အင်္ဂလိပ်ဘာသာနဲ့ ဖတ်ရပါတယ်။ တော်တော်ပဲ စိတ်ဝင်စားမိပါတယ်။ ဒီနှစ် ငြိမ်းချမ်းရေး နိုဘဲလ်ဆုအတွက် အမှန်တကယ်ပဲ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကို ဂုဏ်ပြုခံရစေချင်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံကောင်းလာဖို့ သိသိသာသာ အကျိုးပြုနိုင်မယ့်ကိစ္စ ဖြစ်ပါတယ်။
ဒါကြောင့် သူ့အနေနဲ့ ဒီဆုကို ရနိုင်ဖို့ လုပ်ဆောင်သင့်တဲ့ကိစ္စတွေကို
(၁) ပြည်တွင်း ငြိမ်းချမ်းရေး
(၂) အမျိုးသား ပြန်လည်သင့်မြတ်ရေး
(၃) တရားဥပဒေ စိုးမိုးရေး
(၄) အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး
(၅) သန့်ရှင်းကောင်းမွန်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းလုပ်ဆောင်နိုင်ရေး
(၆) ဆင်းရဲမွဲတေမှုနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး
(၇) လူထုထောက်ခံမှု ရရှိရေး
(၈) အခြေခံကျတဲ့ စီးပွားဖွံ့ဖြိုးမှုနဲ့ ဈေးကွက်စီးပွား ဖွံ့ဖြိုးမှုကို တည်ဆောက်ရေး
(၉) နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံက ဂုဏ်သိက္ခာရှိရှိ ပါဝင်လာနိုင်ရေး
(၁ဝ) နိုင်ငံတကာ အသိုင်းအဝိုင်းက ထောက်ခံရေး တို့ဖြစ်ပါတယ်။
အထက်ပါ (၁ဝ) ချက်စလုံးဟာ သမ္မတအနေနဲ့ လာမယ့် ၆ လ အတွင်း သက်သေထူ လုပ်ပြရမယ့် ကိစ္စတွေဖြစ်ပြီး တကယ့်ကို စိန်ခေါ်နေတဲ့ ကိစ္စကြီးတွေပါပဲ။ (၆) လအတွင်း ရာနှုန်းပြည့် မဟုတ်တောင် ရာခိုင်နှုန်း တော်တော်များများ အောင်မြင်အောင် လုပ်ပေးနိုင်ရင် နိုဘဲလ် ငြိမ်းချမ်းရေးဆုကြီးကိုရဖိ
ဒီ (၁ဝ) ချက်မှာ လတ်တလော အပြင်းထန်ဆုံး သွေးထွက်သံယို ဖြစ်နေတဲ့ ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေဟာ ပြည်တွင်းငြိမ်းချမ်းရေး ခေါင်းစဉ်အောက်မှာ ရှိနေပါတယ်။ ကနေ့ထက်တိုင် မဖြေရှင်းနိုင်သေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု ပြဿနာကြီးကလည်း ခေါင်းစဉ် (၂) (၃) (၄) တို့အောက်မှာ ရှိနေပါတယ်။ ဒီလိုပဲ ကနေ့ထက်တိုင် အကျဉ်းကျခံနရဆဲ နိုင်ငံရေး အကျဉ်းသားတွေကို အပြီးအပြတ် လွှတ်ပေးရေးနဲ့ နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ မြန်မာနိုင်ငံမှာ မရှိစေရေးဟာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေ
ဒါပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ပင်ကိုယ်စိတ်ဓါတ်နဲ့ တိုင်းပြည်အပေါ်ထားတဲ့ စေတနာဟာ ဘယ်လောက်ထိ မြင့်မားသလဲ၊ သူ့ရဲ့ သမ္မတ ဆိုတဲ့ လုပ်ပိုင်ခွင့်ဟာ ဘယ်လောက်ထိ တိုင်းပြည်အပေါ် အကျိုးပြုသလဲ၊ တိုင်းပြည်တွင်း အမျိုးမျိုးအဖုံဖုံ ကွဲလွဲမှုတွေကို ဘယ်လောက်ထိ စုစည်း ညီညွတ်စေပြီး လက်တွဲ လုပ်ဆောင်နိုင်သလဲ၊ သမ္မတ တဦးအပေါ်မှာ နိုင်ငံသားတွေသာမက နိုင်ငံတကာက ဘယ်လောက် ထောက်ခံချက် ပေးနိုင်အောင် ထူးချွန်နေသလဲ ဆိုတဲ့ အချက်တွေဟာ ဆုချိန်နိုင်လောက်တဲ့ အဆုံးအဖြတ်တွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။
သေချာတာကတော့ ငြိမ်းချမ်းရေး နိုဘဲလ်ဆုကြီးကို ရရှိဖို့ အလားအလာကောင်းသူတွေဟာ ဆုရရှိရေးထက် သူတို့အလုပ်ကို အောင်မြင်စေဖို့ကိုသာ အရင်ထက်ပိုပြီး ဆထက်တန်ပိုး ပိုကြိုးစားနေသူတွေ ဖြစ်ကြပါတယ်။ ဆိုဗီယက်ယူနီယံ မပြိုကွဲခင်က ဆိုဗီယက်ယူနီယံ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ဂေါ်ဘာချော့ဗ် (၁၉၉ဝ)၊ အမေရိကန်ပြည်ထောင်စုမှာ သမ္မတဖြစ်ခါစ အိုဘားမား (၂ဝဝ၉)၊ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် (၁၉၉၁)၊ တောင်အာဖရိကနိုင်ငံက သမ္မတ ဒီကလက်နဲ့ မင်ဒဲလား (၁၉၉၃) တို့ဟာ အနာဂတ် ကောင်းစားရေးအတွက် ကြိုတင် လမ်းခင်းပေးနိုင်တဲ့ စံနမူနာကောင်းတွေ ဖြစ်ကြပါတယ်။
လွင်အောင်စိုး
၁၅-၅-၂ဝ၁၂
http://www.facebook.com/photo.php?fbid=312188818858877&set=a.161902937220800.40167.100002032836415&type=1
No comments:
Post a Comment