Wednesday, May 9, 2012

"ဗမာ့သမိုင်းရဲ့ နိုးကြားမှုတိုင်းဟာ အမျိုးသားရေးကို အခြေခံကြတယ်"

"ဗမာ့သမိုင်းရဲ့ နိုးကြားမှုတိုင်းဟာ အမျိုးသားရေးကို အခြေခံကြတယ်"



ခုအချိန်အထိလည်း ယေဘုယျ ပြောရရင် မပြောင်းလဲသေးဘူး။ လူတွေက အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့ အသံကြားရင် စည်းရုံးရတာ လွယ်တာကြောင့် ဖြစ်တယ်။ လွတ်လပ်ရေးကြိုးပမ်းမှုရဲ့ မွေးဖွားရာ ကလည်း၊ တနည်းအားဖြင့် နိုင်ငံရေးမှာလည်း အမျိုးသားရေးဆိုပြီး ဝိုင်အမ်ဘီအေ ခေတ်ကတည်းက အခြေတည်ခဲ့တယ်။ နောက်ပိုင်းမှ အမျိုးသားရေး နိုးကြားမှုကနေ နိုင်ငံရေး နိုးကြားမှု ဖြစ်အောင် ဦနု၊ သခင်စိုး၊ သခင်သန်းထွန်းတို့က လက်ဝဲစာပေတွေ ဗမာပြည်ကို တင်သွင်းလာတာကြောင့် နိုင်ငံရေးဝါဒ ပီပီပြင်ပြင်ဖြစ်လာပြီး နိုင်ငံရေး အုံကြွမှု၊ နိုင်ငံရေးအရ တော်လှန်မှုတွေ ဖြစ်လာတယ်။

စီးပွားရေးအရပြောရရင် လွတ်လပ်ရေးယူကတည်းက ဒီအမျိုးသားရေးကြောင့် (ဝါ) ဒီအမျိုးသားရေးဝါဒီတွေကြောင့် ဓနဿဟယ နိုင်ငံအနေနဲ့ မရှိနိုင်ခဲ့ဘူး..။ လက်ဝဲညီညွတ်ရေး လုပ်ချင်တာလည်း ပါတယ်။ ဒါပေမယ့် အဓိက ကတော့ ပြည်သူအများစုရဲ့ အမျိုးသားရေးစိတ် နိုးကြားနေမှုကြောင့်လို့ ဆိုနိုင်တယ်။ ဒီကိစ္စမှာ ဗိုလ်ချုပ်အောင်ဆန်းကိုလည်း အပြစ်လုံးလုံးဖို့လို့မရဘူး..။ သံဃာ့အား ဘုရားမလွန်ဆန်နိုင်ဆိုတဲ့ ပုံစံမျိုးနဲ့ အဲ့တုန်းက ဆုံးဖြတ်ချက်တွေ ချခဲ့ရတယ်။ သူတစ်ဦးတည်း အနေနဲ့ကတော့ ဗြိတိသျှအင်ပါယာထဲမှာ ခဏနေဖို့အထိတောင် စိတ်ကူးရှိတယ်လို့ သုံးသပ်ရတယ်။ လုံဝလွတ်လပ်ရေးကို ရအောင်ယူဖို့ဆုံးဖြတ်ပြီးသည်တိုင်အောင်လည်း ဓနဿဟယ နိုင်ငံဝင်ဖြစ်ဖို့ (အဲ့တုန်းက ဗြိတိသျှ ဓနဿဟယ) ကိစ္စကို သေချာပေါက် စိတ်ကူးရှိတယ်။ သူပြောတဲ့ စကားတွေမှာလည်း ဒါတွေဟာ ထင်ဟပ်တယ်။ ဥပမာ - "as master and slave we do not want the British, but it appears to me as master to master we need the friendship of the British." "သခင် နဲ့ ကျွန် ပုံစံနဲ့တော့ ဗြိတိသျှ ကို မလိုချင်ဘူး၊ ကျနော်တစ်ယောက်တည်းအနေနဲ့ကတော့ ဗြိတိသျှ ရဲ့ မိတ်ဆွေသဟာဖြစ်မှုကို သခင်-သခင်ချင်း ဆက်ဆံမှု အနေအထားဆိုရင် ဗမာပြည်အတွက်လိုအပ်တယ်လို့ ယူဆတယ်.." လို့ ပြောဖူးတယ်..။ ဦးတင်ထွဋ် (အရင်တုန်းက အိုင်စီအက်စ်၊ ၄၇ ဖဆပလ အစိုးရ ဘဏ္ဍာရေးဝန်ကြီး၊ နောက် လွတ်လပ်ရေးခေတ် ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး၊ ကားဗုံးခွဲ လုပ်ကြံခံရသူ) လည်း ဓနဿဟယ နိုင်ငံဖြစ်ဖို့အလိုရှိတာပဲ..။ သူတောင်းဆိုတဲ့/သူထောက်ပြတဲ့ ခွင့်တူညီမျှ (Egalitarian) တော့ရှိရမယ်ဆိုတာလည်း နောက်ပိုင်း စင်္ကာပူကြေညာစာတမ်း (1970s) တို့လိုမျိုးနဲ့ အဖွဲ့ရဲ့ ဘုံတန်ဖိုးဖြစ်လာတာပဲ..။ ဦးတင်ထွဋ်နဲ့ ပတ်သက်ပြီး စကားဆက်လို့ ဗိုလ်ချုပ်ရဲ့ ကောင်းတဲ့ အရည်အချင်းတစ်ခုကို ပြောရရင် သူဟာ လူမှန်၊ နေရာမှန် အသုံးချတတ်တယ်။ အိုင်စီအက်စ်၊ နယ်ချဲ့အစေအပါး၊ လက်ကိုင်တုတ် စတဲ့ မဟုတ်တရုပ်စကားတွေ၊ အတွေးအခေါ်တွေကို မမှုပဲ တော်တဲ့လူကို တော်သလို နေရာပေးတယ်။ စစ်ပြီးခေတ် နိုင်ငံရေးမှာ ဦးတင်ထွဋ်ကို နေရာပြန်ပေးတာကလည်း ကန္ဒီစာချုပ်အတွက် မောင့်ဘက်တန်က ဖိတ်လို့ သီဟိုဠ်ကို သွားရတာကအစပြုတယ်လို့ ထင်တယ်။ ဗိုလ်ချုပ်က ဘုရင်မျိုး မောင့်ဘက်တန်လို ပုဂ္ဂိုလ်ကြီး တစ်ယောက်လုံးက ဖိတ်တဲ့ ဆွေးနွေးပွဲဆိုတော့ အနေအထိုင်၊ အပြောအဆို အမှားအယွင်းမရှိအောင် သွားမယ့်အဖွဲ့ထဲမှာ ဦးတင်ထွဋ်ကို လိုက်ဖို့ ဖိတ်တယ်။ ဦးတင်ထွဋ်က ဘိလပ်မှာပညာသင်၊ ဘွဲ့ရပြီး အင်္ဂလိပ်အုပ်စိုးသူ၊ အထက်တန်းလွှာတွေနဲ့ တစ်သက်လုံး ဆက်ဆံလာခဲ့တာဆိုတော့ သူတို့အကြောင်းတွေ ဂဂဏဏ သိ၊ မင်းကျမ်းကျေတယ်။ ဒါကြောင့် ဗိုလ်ချုပ်က ဦးတင်ထွဋ်ကို မသွားခင် အိမ်မှာ ထမင်းစားဖိတ်ပြီး တော်ဝင် အပြောအဆို၊ အသုံးအနှုန်း၊ ထုံးတမ်းစဉ်လာ အကုန်သင်တယ်။ ကန္ဒီရောက်တော့လည်း ဗိုလ်ချုပ်က ကိုယ်တိုင် အင်္ဂလိပ်လိုကောင်းကောင်း ရေးနိုင်၊ ပြောနိုင်ပါလျက်နဲ့ တော်ဝင် အသုံးအနှုန်းတွေပါစေဖို့အတွက် နှုတ်ဆက် ညစာစားပွဲ မိန့်ခွန်း (Farewell Dinner Speech) ကို ဦးတင်ထွဋ်ကို ရေးစေပြီး ပြောတယ်။ အဲ့နောက်ပိုင်း တိုင်းပြည်ရဲ့ အရေးကြီးတဲ့ ကိစ္စအားလုံး (အောင်ဆန်း-အက်တလီ စာချုပ်၊ ပင်လုံစာချုပ်လို) မှာ ဗိုလ်ချုပ်က ဦးတင်ထွဋ်ကို ဘေးက လက်ရုံးတစ်ခုအနေနဲ့ အသုံပြုခဲ့တယ်။ ဓနဿဟယ ကိစ္စဆက်ရရင် တစ်နှစ်အတွင်း လွတ်လပ်ရေးအရယူမယ်ဆိုတာကို စခဲ့တဲ့ ဦးနုကိုယ်တိုင်လည်း အမျိုးသားရေးသူငယ်နာမစင်တာ မှန်ပေမယ့် သဘောထားပျော့ပြောင်းသူ၊ အမြင်ကျယ်၊ ပညာတတ်သူပဲ..။ သူလည်း Britannic alliance လို အကောင်းမြင်လွန်းတဲ့ စိတ်ကူးတွေကို အားသန်ခဲ့ပေမယ့် ဓနသာဟာယ ကိစ္စကို တကယ်ထိထိရောက်ရောက်ဆိုရင် လက်ခံမှာပဲ..။ အင်္ဂလိပ်ဘက်ကလည်း အဲ့တုန်းက အိန္ဒိယက ဓနဿဟယ လက်ခံပြီးဖြစ်တဲ့အတွက် သူတို့ရဲ့ စစ်ပြီး ဒေသတွင်း ပေါ်လစီ အောင်မြင်ကြောင်း သက်သေပြပြီး ဖြစ်တဲ့အတွက် ဗမာပြည်အတွက်တော့ ထိထိရောက်ရောက် မတိုက်တွန်းခဲ့ဘူးလို့ ယူဆရတယ်။ စီးပွားရေးအရလည်း မလေးယားက စစ်ဒဏ်ကို ကောင်းကောင်း နာလံပြန်ထူနိုင်ပြီဖြစ်တဲ့အတွက် သိပ်မပူတာပါတယ်။ ဓနသာဟာယ အဖွဲ့ဝင် အနေနဲ့ ရှိလို့ မတော် ဗမာပြည်ကို အခြားတိုင်းပြည် တစ်ခုခု က ဝင်တိုက်ခဲ့ရင် ငါတို့က အချောင် ဝင်တိုက်ပြီး ကာကွယ်ပေးနရဦးမယ် ဆိုတဲ့ အတွေးလည်း တွေးခဲ့တယ်လို့ ထင်ရတယ်..။ ခြုံရရင်တော့ အင်္ဂလိပ်ကလည်း ထိထိရောက်ရောက် မတိုက်တွန်းဘူး..၊ ဗမာဘက်ကလည်း ပြည်သူအများစု အမျိုးသားရေး စိတ် အမြင့်ဆုံးရောက်နေတော့ ဓနဿဟယက ဖြစ်မလာခဲ့ဘူး..။ အမျိုးသားရေးမပါတဲ့ လက်ဝဲဝါဒနဲ့ ပတ်သက်လို့ကတော့ ဝင်..ဝင်၊ မဝင်.. ဝင် လက်ဝဲတော်လှန်မှုကတော့ ဖြစ်မှာပဲ..။ နိုင်ငံတကာမှာလည်း ဖြစ်တာပဲ..။ ပြည်တွင်းစစ်ပုံစံ ဖြစ်မှာပဲ..။ ဒါပေမယ့် ဝင်ဖြစ်လို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်မှု ဖြစ်ဖို့ အလားအလာတော့ အတော်နည်းသွားမယ်လို့ ယူဆတယ်။ စီးပွားရေး အကျိုးကျေးဇူးအနေနဲ့တော့ ယခုလက်ရှိ အဖွဲ့ဝင်တိုင်းပြည်တွေ အများစု ရဲ့ ဗမာပြည်ထက် တိုးတက်၊ ချမ်းသာ၊ လူတန်းစေ့ နေမှုက သက်သေရှိပြီးဖြစ်တဲ့ အတွက် အထူးပြောစရာမလိုတော့ဘူး..။ တိုင်းပြည် အုပ်ချုပ်ရေးအရလည်း ဓနဿဟယ နိုင်ငံတွေရဲ့ ဘုံတန်ဖိုး၊ ရည်မှန်းချက်တွေ မှာ အပြစ်ပြောစရာမရှိဘူး..။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လူ့တစ်ဦးချင်း လွတ်လပ်ခွင့်၊ ခွင့်တူညီမျှဝါဒဖြူစင်ရေး၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်၊ တရားဥပဒေ စိုးမိုးရေး၊ ငြိမ်းချမ်းရေး စတဲ့ ဗမာပြည်မှာ ရာစုနှစ်ဝက်ကျော် ဆိတ်သုန်းခဲ့တဲ့အရာတွေကိုပဲ အခြေခံတာ ဖြစ်လို့ ရလိုက်ရင် ကောင်းတာချည်းပဲ..။ နိုင်ငံခြားရောက်တော့ မလေး၊ စင်္ကပူ၊ သြဇီ၊ နယူးဇီလန် စတဲ့ ဓနဿဟယ နိုင်ငံဝင် နိုင်ငံတွေက လူတွေနဲ့ စကားပြောရရင် ဒီကိစ္စ အမြဲပြောရတယ်။ အဲ့နိုင်ငံတွေက သိပ်ပညာမတတ်သူတွေကတော့ ဗမာပြည်ကို သူတို့လိုပဲ ဓနဿဟယ နိုင်ငံလို ထင်နေကြတယ်။ သူတို့ကိုတော့ လွယ်လွယ်ကူကူပဲ မဟုတ်ဘူးလို့ ပြန်ပြောရတယ်။ အဲ့နိုင်ငံတွေက ပညာတတ်တွေ၊ အသိအမြင်ကျယ်သူတွေကတော့ ဘာလို့ ဓနဿဟယ နိုင်ငံ မဖြစ်ခဲ့တာလည်း ဆိုတာ အမြဲလိုလို စိတ်ဝင်တစား (အံ့သြော တာလည်းပါတယ်..) မေးမြန်း ဆွေးနွေးခြင်းခံရတယ်။ သူတို့ကိုတော့ အဲ့တုန်းက အခြေအနေ၊ သမိုင်း နောက်ခံကို ရှင်းပြရတယ်။ ဒါလည်း သပွတ်အူလို ရှုပ်ထွေးတဲ့ အခြေအနေကို အစိမ်းသက်သက်လို ဖြစ်နေတဲ့ လူတွေ နားလည်အောင် ပြောဖို့ မစွမ်းသာတာကြောင့် ကိုယ်ပိုင် ကောက်ချက်ဖြစ်တဲ့ "အမုန်းကို မကျော်နိုင်လို့ပေါ့.. ဗျာ" "အမျိုးသားရေးဝါဒ ကြီးစိုးလို့ပေါ့ဗျာ..။" လို့ ပြောပြီး နိဂုံးချုပ်ရလေ့ရှိတယ်။ လွတ်တဲ့ငါးကြီးတယ်လို့ ဆိုလိုနေခြင်းမဟုတ်ပါ..။ ဒီကိစ္စနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတစ်ခုကို တနေရာမှာ ပြောမိရင်းနဲ့ တဆက်တည်း ရေးလိုက်တာပါ..။ သမိုင်းကို သုံးသပ်နိုင်မှုနဲ့အတူ လက်ရှိ အခြေအနေမှာလည်း တွေးတော၊ စဉ်းစား၊ ဆင်ခြင် နိုင်ကြဖို့ မျှော်လင့်ပါတယ်။


ငြိမ်းချမ်းအေး ၀၉၊ မေ၊ ၂၀၁၂"

http://www.facebook.com/photo.php?fbid=307885282622564&set=a.161902937220800.40167.100002032836415&type=1

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...