
ဘာလဲ လောကဓံ
ဒီနေ့ရဲ့ နေဝန်းကြီးဟာ ကွယ်သွားပြန်ပြီ ညရဲ့ အမှောင်အောက်မှာ အလင်းရောင်
ဖန်ချောင်းလေးကို ထွန်းညှိပြီး အနီးနားရှိတဲ့ မှတ်စု စာအုပ်ကို လှမ်းယူကာ နေ့လည်က
စဉ်းစားမိတဲ့ အကြောင်းအရာလေး တစ်ခုကို စတင် ရေးဖို့ ဟန်ပြင်လိုက်ပါတယ်။ အဲဒီ
အကြောင်းကတော့ တခြား မဟုတ်ပါဘူး။ ဘာလဲ လောကဓံ ဆိုတဲ့ အကြောင်း
ကို ရေးသားလိုခြင်း ဖြစ်ပါတယ်.....။
လောကကြီးမှာ နေထိုင်ရသည့်အခါ ပတ်ဝန်းကျင်နှင့် နေထိုင်ကြသလို အသိုင်း
အဝိုင်းနှင့် နေထိုင်ကြသည်မှာ လောကဓမ္မတာပင် ဖြစ်ပါတယ်။ အချို့က ကိုယ်
ကျင်လည်သည့် အလုပ်အကိုင်နှင့် အသိုင်းအဝိုင်းမှာပင် မဖြစ်မနေ တွေ့ကြုံရမည့်
လက်တွေ့ကျတာနှင့် လက်တွေ့မကျ တဆင့် ကြား၍ သိရသော အကြောင်းအရာ
များလည်း ရှိကြမည်မှာ တကယ်ပင် ဖြစ်ပါတယ်။ အချို့က ကြိုးစား ရုန်းကန်နေမှု၊ အလုပ်ကို
အားစိုက်နေခိုက် အလုပ်နှင့် မတန်အောင် ဖိအားတွေနှင့် လှုပ်ရှား ရုန်းကန်နေရတာလည်း
ရှိပြန်တယ်။