ရှင်သန်ခြင်းတို့ မွေးဖွားတဲ့ သီအိုရီ
အမှောင်ည တံခါးမရှိတဲ့ လွင်ပြင်ကို
လျှောက်လှမ်းဖို့ ခက်ခဲ...။
လွဲမှားခြင်း ရသတွေနဲ့
အမှားတွေကို ချိုမြိန်စွာ သောက်သုံး..။
မသိမသာ အပြောဟာ
သိသိသာသာ မိုက်မှားခဲ့လို့
အချိန်ဆိုတဲ့ ကမ်းအိုပြင်မှာ
ငါ့ ကိုယ် ငါ မြှုပ်နှံခဲ့ရပြီ...။
မျှော်လင့်ချက် ဆန္ဒတွေ
အနာဂတ်မှာ အရောင်တောက်ဖို့
အဆိပ်ထဲက ပျားရည်စက်ကို
မော့သောက်ရသလိုပေါ့...။
ငြိမ်းချမ်းရေးဆိုတဲ့ ကဗျာတွေ
ငါ့ စိတ်ကူးထဲ တဖြေးဖြေး
ဝင်ရောက် တိုက်စားခဲ့...။
ချိုမြိန်တဲ့ အသီးတစ်လုံးကို မြည်းစမ်းကြည့်ဖို့
အတွေးခေါ် ဒဿနတွေ လောင်ချလိုက်တဲ့
အသိတရားနဲ့ ဓားတစ်လက်လို
ထက်မြက်နေတဲ့ တက်ကြွမှု စိတ်ဓာတ်လိုတယ်..။
ရည်မှန်းချက် ဝိုးတဝါးဖြစ်နေရင်တော့
ငြိမ်းချမ်းရေးဆိုတာ မသိသင့်တဲ့
အကြောင်းတစ်ခုပမာ မေ့ပျောက်ထားလိုက်ပါ..။
လူ့ဘဝ မွေးဖွားခြင်းရဲ့ ရှင်သန်ခြင်းဆိုတာ
လမ်းမှန်ပေါ်ရောက်တဲ့ ကားတစ်စီးအတွက်တော့
စက်အရှိန်ပြင်းတာထက် ပုံမှန်မောင်းဖို့ အသိရှိရမှာပေါ့..။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment