မရေးနိုင်သေးတဲ့ မှတ်တမ်း
အတွေးခေါင်နေတဲ့ ညအခန်း
အဆိပ်တက်တဲ့ အိပ်မက်တွေထဲ
ဘယ်သူက ဘယ်သူ့ကို
အမှတ်တရဖြစ်မှန်း မသိနိုင်ခဲ့ဘူး...။
သူနဲ့ ငါ မောင်းချနေတဲ့ ဒီအိမ်မက်
ဘယ်သူက ပြန်မက်ချင်မှာလဲ...။
အတ္တဖက်နေတဲ့ နေ့ရက်တွေကော
ဘယ်သူ သိနိုင်မလဲ...။
ပြန်မမက်ချင်ပါနဲ့တော့
အတိတ်ဟာ နိုးထလာ ကတည်းက
ပျောက်ကွယ်သွားပြီလေ..။
နှစ်ကြိမ် မကျင်းပခဲ့တဲ့...
ပြင်းထန်လွန်းတဲ့ လောကဓံဇာတ်
စုံမက်လို့ စည်းဝိုင်းထဲ ဝင်ရောက်ခဲ့..
အကြိမ်ကြိမ် ခါးသီးတဲ့ လက်ချက်နဲ့
ဒီသံသရာ စက်ဝိုင်းထဲ သူနဲ့ ငါ ယှဉ်နေမြဲ..။
ခေါက်ရိုးကျိုးနေတဲ့ အဲဒီနေ့
အမှားတွေနဲ့ ရင်ပြည့်ရင်း
ကြေးမှုန်ပြင်ကို ကြည့်လိုက်မိတယ်
အရောင်ပြန်ခြင်းဟာ အမှန်တရားတဲ့...။
ရပ်တန့်လိုက်တဲ့ ခဏတာမှာ
အသိတွေ နောက်မကျသေးခင်
အမှန်မြင်လာခြင်းက နှစ်ကြိမ် မကျင်းပတဲ့
ပြိုင်ပွဲတစ်ခုရဲ့ အောင်မြင်မှု ရလာဒ်ပေါ့..။
တက္ကသိုလ်မြတ်မင်း
ခေါက်ရိုးကျိုးနေတဲ့ အဲဒီနေ့
ReplyDeleteအမှားတွေနဲ့ ရင်ပြည့်ရင်း..
ကဗျာလေး ကြိုက်တယ်..