Saturday, December 7, 2013

Nelson Mandela said that struggle is my life

Photo: ၁၉၁၈ ခုနှစ်မှာ သူ မွေးဖွားလာခဲ့တယ်...

သူဟာ တောသားလေး တယောက်ပေါ့...

သူ့အသက် ကိုးနှစ်မှာ 

သူ့အဖေ ကွယ်လွန်သွားခဲ့သော်လည်း

ကြမ်းတမ်းတဲ့ လောကဓံအောက်မှာ...

အခက်အခဲတွေကို ကျော်ဖြတ်လို့...

ဘဝခရီးကို ဆက်လက် လျှောက်လှမ်းခဲ့သူ...။


သူပြောခဲ့ဖူးတာ တခုရှိတယ်...

အသားရောင်ကြောင့်....

နောက်ခံ သမိုင်းကြောင့်...

ယုံကြည်မှုကြောင့်

မတူညီတဲ့ ဆန့်ကျင်ဘက်တွေဟာ

ဘယ်သူမှ မွေးကတည်းက...

အမုန်းဆိုတာ ဖြစ်လာကြတာ မဟုတ်ဘူး...

အမုန်းတရားကို လေ့လာထားတယ်ဆိုရင်

အမုန်းဆိုတာ ဖြစ်လာမှာပါ....

ချစ်ခြင်းတရားကို လေ့လာထားတယ်ဆိုရင်...

ချစ်ခြင်းဆိုတာ ဖြစ်လာမှာပါ...။


သူပြောဖူးတဲ့ နောက်တခုက...

"အခက်အခဲတွေဟာ

ငါ့ဘဝပါပဲ"...

အဲဒီ အခက်အခဲတွေနဲ့ 

ရုန်းကန်ခဲ့တာတွေဟာ...

ဘဝရဲ့ အနိမ့်ဆုံးဖြစ်တဲ့...

အကျဉ်းသား တယောက်ကရင်...

အမြင့်ဆုံးဖြစ်တဲ့

အောင်မြင်မှု သရဖူ ရတဲ့အထိပေါ့...။


ဒါပေမဲ...

ငါတို့ ကိုယ်တိုင် ရှာဖွေနေတဲ့ သူ့ကို

ငါတို့ ကိုယ်တိုင် တွေ့ခဲ့ပြီ...

ငါတို့ ကျေနပ်မိခဲ့တယ်...

ဝမ်းသာမိခဲ့တယ်...

နှစ်သက်မိခဲ့တယ်...။


အခုတော့...

ကြာသပတေး၊ ၁၂၊ ၂၀၁၃ ခုနှစ်ရဲ့

နှင်းကြွေတဲ့ ဒီဇင်ဘာလမှာ...

We've lost an iconic figure,

the world figure, a visionary leader, 

the greatest son, a father of people,

a heart of people, peace maker

and a good human on this earth,

though, we knew that this day would come,

nothing can diminish our sense of profound and enduring loss.



Collected Quotes by 

K. W. Punnavamsa (ခ) တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

Struggle is my life


၁၉၁၈ ခုနှစ်မှာ သူ မွေးဖွားလာခဲ့တယ်...

သူဟာ တောသားလေး တယောက်ပေါ့...

Wednesday, November 20, 2013

အမြင်သန်မှာ အယူမှန်မှာ


အမြင်သန်မှာ အယူမှန်မှာ


မသိတဲ့ အတိတ်တွေမှာ..

အဝိဇ္ဇာတွေက ချိတ်ပိတ်...

သင်္ခါရ နယ်ပယ်မှာ ကျင်လည်ရင်း...

ဝဋ်သုံးပါးရဲ့ အောက်မှာ တဖန် မွေးဖွား...

မသိမှုတွေ ပျော်မွေ့နေတဲ့ ဘဝနဲ့...

ရှင်သန်ဖို့ ကြိုးစားခဲ့သမျှ...

အစိုးမရတဲ့ မျဉ်းပြိုင်ပေါ်မှာ လဲကျ...

ပြန်ထဖို့ ရုန်းကန်ရင်း...

ဘဝဆည်းဆာ ငေးကြည့်...

အပ္ပမာဒတွေ မေ့ပျောက်နေတဲ့ အမှောင်...

ဘယ်သူမှ အလင်းပေးမှာ မဟုတ်ဘူး...။

Saturday, November 16, 2013

သာမညဖလ အခါတော်နေ့ရဲ့ ဆေးပေါင်းခတဲ့ ည တန်ဆောင်တိုင်


သာမညဖလ အခါတော်နေ့ရဲ့ ဆေးပေါင်းခတဲ့ ည တန်ဆောင်တိုင်


မနေ့က ညနေစောင်း ဆည်းဆာက သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ ဝန်းကျင်ကို အလှဆောင် နေပါတယ်။ ဒီနေ့တော့ သီရိလင်္ကာရဲ့ နံနက်ခင်း နေရောင်ခြည်က တောက်ပလျက်ရှိနေပါတယ်။ စာရေးသူ၏ ကလောင်သွားများကလည်း လှုပ်ရှားအသက်ဝင်လျက် တန်ဆောင်းမုန်း လပြည့်နေ့ အကြောင်းလေးတွေကို ရေးသားနေခြင်း ဖြစ်ပါတယ်..။

အဘယ်ကြောင့်လည်းဆိုတော့ မြတ်ဗုဒ္ဓ ဟောကြားတော်မူသော တရားတော်ကြောင့် အယူမှားမှုမှ အယူမှန်လာသော အဇာတသတ်မင်းကြီး အကြောင်းကို ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ နှစ်တွေ လတွေ ဘယ်လိုပင် ပြောင်းလွဲလာပေမဲ့ ဗုဒ္ဓဘာသာ၏ အထိမ်းမှတ် နေ့ထူးတွေကိုတော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ သတိပြုမိမည်မှာ မလွဲပါ။

ယခုအခါ သာသနာနှစ် ၂၅၅၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၇၅ ခုနှစ်၊ ခရစ်နှစ် ၂၀၁၃ ခုနှစ်၏ တန်ဆောင်မုန်းလပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပါတယ်။

Friday, October 11, 2013

ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ

 

ကျေးဇူးဆပ်ကြ သီတင်းကျွတ်လ


နေ့လည်ခင်း ကိုယ် လိုချင်တဲ့ စာတွေကို ရှာဖွေပြီး သိမ်းဆည်းလိုက်ပါတယ်။ ပြီးတော့ အမြဲတမ်း ထိုင်နေကြ မကုဋာရာမ ကျောင်းတိုက်ကြီးရဲ့ ထောင့်နားက ကော်ဖီဆိုင်လေးမှာ ညနေခင်းရဲ့ ဆည်းဆာအလှကို ကြည့်နေရင်း အတွေးတခု ရရှိလိုက်ပါတယ်။ ဒါနဲ့ သောက်လက်စ ကော်ဖီလေးကို ဆက်သောက်ပြီး ထိုင်ရာမှာ ပြန်ထလာပါတယ်။ စာရေးသူလည်း လမ်းတလျှောက် အတွေးထဲက အတိုင်း နှုတ်က ရွတ်ဆိုမိလိုက်ပါတယ်။

"သီတင်းကျွတ်လ မီးထွန်းပွဲ"

မှန်ပါတယ်။ မြန်မာပြည်တွင် ဆဲ့နှစ်လ ရာသီအကြောင်း ကလေးတိုင်း နှုတ်ဖျားပေါ်မှာ ရေပန်းစားသဖြင့် မမေ့နိုင်စရာ ကဗျာလေး တစ်ကြောင်းပင် ဖြစ်ပါတယ်။ ထို့အပြင် သီတင်းကျွတ် ပွဲတော်တွင် ဆီမီးများ၊ မီးရှုး မီးပန်းများ၊ မီးအမျိုးမျိုး ထူးထူး ခြားခြား လှလှပပ မွမ်းမံ ပြင်ဆင်ပြီး လပြည့်နေ့ အကြိုည၊ လပြည့်ညနှင့် လပြည့်ကျော် တစ်ရက်အထိ သုံးရက်ကြာ ပူဇော်ကြပါတယ်။

ဘာကြောင့် သီတင်းကျွတ် မီးထွန်းကြတာလဲ

အမှန်တကယ်တော့ သီတင်းကျွတ်လပြည့်နေ့မှာ ဆီမီးထွန်းခြင်းဟာ အလှအပအတွက် တန်ဆာဆင်ပြီး သက်သက် ထွန်းကြခြင်း မဟုတ်ပါ။ ဆီမီးထွန်းခြင်း၏ အဓိပ္ပာယ် နက်နက်ရှိုင်းရှိုင်း ပါဝင်ပါသည်။ အဘယ်ကြောင့်လည်းဆိုတာ မေးခွန်းဖြစ်လာပါတယ်။

မှန်ပါတယ်။ မြတ်ဗုဒ္ဓ ဘုရားရှင်သည် ခြောက်ဝါအလွန် ခုနှစ်ဝါမြောက်တွင် တာဝတိံသာ နတ်ပြည်မှာ ဝါတွင်း သုံးလတို့ ကာလပတ်လုံး အလွန် မွန်မြတ်သော အဘိဓမ္မာ တရားတော်တို့ကို ဟောကြားတော်မူခဲ့ပြီး မြတ်ဗုဒ္ဓ ဘုရားရှင်သည် နိမ္မိတ ရုပ်ပွားတော်ကို ထားတော်မူ၍ လူပြည်သို့ ကြွရောက်တော်မူသောအခါ ပညာအရာ ဧတဒဂ် ရရှိတော်မူသော အရှင်သာရိပုတ္တရာအား အကျဉ်း အဘိဓမ္မာ တရားတော်ကို ဟောဖော်ပြသတော်မူပြီး သီတင်းကျွတ်လပြည့်နေ့မှာ လူပြည်သို့ ပြန်လည် ကြွတော်မူသော အထိမ်းအမှတ် အနေဖြင့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သလို ဆီမီး ပူဇော်ကြသဖြင့် သီတင်းကျွတ်လ မီးထွန်းပွဲလို့ ခေါ်ဆိုကြခြင်း ဖြစ်ပါတယ်။

ဤမျှသာ မကသေးပါ။ မြတ်စွာဘုရားရှင်သည် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတ နတ်သားကို ကျေးဇူးဆပ်သောအားဖြင့် အလွန် ထူးမြတ် ကောင်းမွန်သော အဘိဓမ္မာတရားတော်များကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ မိခင် တယောက်ရဲ့ ဘဝထဲကို ပဋိသန္ဓေ ရရှိလာသည့်အချိန်ကစပြီး လူဖြစ်လာတဲ့အထိ လူတယောက် သူတယောက်ဖြစ်အောင် ကျွေးမွေးပြုစုတွေဟာ တုနှိုင်းမမီသော မေတ္တာတွေဖြင့် သားသ္မီးတွေအပေါ် ထားခဲ့ကြတာဖြစ်ပါတယ်။ထို မေတ္တာမျိုးဟာလည်း အပရိမာဏ မေတ္တာ ခေါ်ဆိုနိုင်သလို အနန္တကျေးဇူးများသော မေတ္တာတွေသာ ဖြစ်ပါတယ်။

ဤကဲ့သို့သော ကျေးဇူးတွေကို သားသ္မီးတွေ အနေဖြင့် မိဘတွေ လိုအပ်လာတဲ့အခါတိုင်း ကျေးဇူး သိမြင်ပြီး ကျေးဇူးဆပ်ဖို့ လိုအပ်ပါတယ်။ နောက်ဆုံး မဆပ်နိုင်သေးသည့်တိုင်အောင် မိဘတွေ၏ ကျေးဇူးကို သိနားလည်ဖို့ အမှန်တကယ် လိုအပ်တယ် မဟုတ်ပါလား။ ထို့ကြောင့် သီတင်းကျွတ် ဆီမီးထွန်းခြင်းသည် မိဘနှစ်ပါးကို ကျေးဇူးဆပ်သော တနည်းအားဖြင့် ကျေးဇူးဆပ်ပွဲလို့ ပြောဆိုရမည်မှာ အမှန်ပင် ဖြစ်ပါတယ်။

အစဉ်အလာ ကောင်းမွန်သော သီတင်းကျွတ်လပြည့်နေ့မှာပင် သက်ကြီး ရွယ်အိုများကို ကန့်တော့ကြသည့်အပြင် မိဘများ၊ အသက်ကြီးသော ဦးကြီး၊ အဒေါ်များနှင့် အစ်ကို၊ အစ်မများကိုလည်း အပြစ်များရှိလျှင် သား သ္မီး မြေး မြစ် ညီငယ် ညီမငယ်တို့ကို ကန့်တော့ကြသည်မှာ မြန်မာတို့၏ ချစ်စရာကောင်းသော ရိုးရာဓလေ့ကောင်းကိုလည်း တွေ့မြင်ရသဖြင့် ကြည်နူးဖွယ်ကောင်း လှပါတယ်။

ထို့အပြင် တချို့က ဘုရား ကျောင်း ကန် သွားကြသလို ညနေပိုင်း ဆည်းဆာအချိန်တွင် အနီးရှိ တန်ခိုး စေတီ ပုထိုးများ၊ မြတ်စွာ ဘုရားရှင်၏ ရုပ်ပွားတော်ကို ရိုခိုး ပူဇော်ကြတာလည်း တွေ့မြင်ကြရသလို ညပိုင်းရောက်ပြန်တော့လည်း မိမိတို့ နေထိုင်ရာ အိမ် ဘုရားစင်မှာ ဆီမီး တန်ဆာများဖြင့် ပူဇော်ခြင်း၊ အိမ်၏ ပတ်ဝန်းကျင်မှာ အလှမီးပုံများ တန်ဆာဆင်လျက် ဆီမီး ပူဇော်ခြင်း၊ ရွာဦးကျောင်းနှင့် စေတီတော်များတွင် ဆီမီး တန်ဆာများ ပူဇော်ခြင်းနှင့် ဝတ်ရွတ်ခြင်း စသည်တို့ကို ပြုလုပ်ကြတာ အလွန်အမင် ကြည်နူးစရာကောင်းလှပါတယ်။

သြော် ဝါတော်ကျွတ်လာပြန်ပြီ။ ဝါတော်ကျွတ်ပြီဆိုတော့ မြန်မာဆိုရိုးလေး တခုကို သတိရမိပြန်တယ်။ အဲဒါလေးက ဝါလ ကင်းလွတ် သီတင်းကျွတ် လို့ ရှေးမြန်မာ လူကြီးသူမတွေ ပြောဆိုခဲ့ကြတာပါ။ မှတ်သားစရာကောင်းသော ဆိုရိုးစကားလေး ဖြစ်ပါတယ်။ အချို့က အမှတ်တမဲ့ ဆိုရိုးစကားလေးတွေကို မေ့သွားတတ်ပါတယ်။

"ဝါလကင်းလွတ် သီတင်းကျွတ်"

မှန်ပါတယ်။ "ဝါလကင်းလွတ် သီတင်းကျွတ်" အချိန်အခါ သီတင်းကျွတ်လပြည့်နေ့တွင် သံဃာတော်များ ပဝါရဏာ ပြုလုပ်ရမည့် နေ့လည်းဖြစ်ပါတယ်။ ပဝါရဏာဆိုသည်မှာ ရဟန်းအချင်းချင်း မိမိတို့ အထင်အရှားရှိသော အပြစ်များ တစုံတရာ ရှိပါက ပြောကြားကြဖို့ ဖိတ်မန်ကြသည့် သဘောတရားကို ပဝါရဏာ လို့ ခေါ်ပါတယ်။

အဲဒီလို ဖိတ်မန်လိုက်သည့်အခါ အချို့ သင့်ရောက်သည့် အပြစ်များကို အထင်အရှား ပြောပြသူကလည်း မေတ္တာကရုဏဖြင့် ပြောပြကြသလို အထင်အရှား အပြစ်ရှိသူကလည်း မိမိတို့ အပြစ်ကို သိရှိပြီး အမှန်မြင်ပြီး ပြုပြင် ကုစားဖို့ရန် ကောင်းမွန်သော ရည်ရွယ်ချက် ကောင်းတခုကို ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်သည် တပည့်သား သံဃာတို့ကို လမ်းညွန်းပြသ ပညတ်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။

ဒိုင်ယာရီထဲက စာတန်း

 Photo: နေဝန်းရဲ့ အရောင်ဟတ်မှုကြောင့်

အနီရောင် အလင်းရောင်စမ်းသော

ညနေ ဆည်းဆာချိန် ကောင်းကင်ယံမှာ 

အိပ်တန်းဝင် ငှက်တွေ အတောင်ပျံခတ်လို့

ပျံသန်းနေတာ ကြည့်ရင်း ကြည်နူးမိတာ

သဘာဝ ကျလွန်းပါတယ်...။


ဒါပေမဲ့....

ဘဝဆိုတဲ့ အက္ခရာတခုကို

သဘာဝ ကျကျ ခံစားပြီး

ကိုယ် ကိုယ်တိုင် ကြည်နူးတတ်မှာ မဟုတ်ပါဘူး...။


ဘာကြောင့်ပဲ ဖြစ်ဖြစ်...

ကိုယ် လျှောက်လှမ်းနေတဲ့ ဘဝမှာ...

မျှော်လင့်ချက်တွေ လင်းလက်လာတဲ့အခါ

ယုံကြည်ရာကို ခြေဦးတည်လို့ လှမ်းခဲ့ပါ...

နာကျင်တာကို ခွင့်လွတ်တတ်ဖို့ သင်ကြားပေးပါ...

တခါတရံ ဆန်းဆန်းပြားပြား မတူညီမှုတွေနဲ့

မသိမှုတွေ ဖြတ်သန်းနေတဲ့အခိုက်

ဘဝဆိုတာ ငြိမ်သက်နိုင်လွန်းလို့

ရုတ်တရက် အမှတ်တမဲ့မှာ

ကိုယ့်ရဲ့ ဝင်သက် ထွက်သက်လေးတောင်

ရှုရှိုက်မိမှာ မဟုတ်လို့ပါပဲ...။


တက္ကသိုလ်မြတ်မင်း


http://www.venpunnavamsa2.com

 

ဒိုင်ယာရီထဲက စာတန်း


နေဝန်းရဲ့ အရောင်ဟတ်မှုကြောင့်

အနီရောင် အလင်းရောင်စမ်းသော

ညနေ ဆည်းဆာချိန် ကောင်းကင်ယံမှာ

အိပ်တန်းဝင် ငှက်တွေ အတောင်ပျံခတ်လို့

ပျံသန်းနေတာ ကြည့်ရင်း ကြည်နူးမိတာ

သဘာဝ ကျလွန်းပါတယ်...။


ဒါပေမဲ့....

ဘဝဆိုတဲ့ အက္ခရာတခုကို

သဘာဝ ကျကျ ခံစားပြီး

ကိုယ် ကိုယ်တိုင် ကြည်နူးတတ်မှာ မဟုတ်ပါဘူး...။

Friday, September 20, 2013

ကုရုတိုင်းမှ စာရိတ္တမျိုးစေ့



ကုရုတိုင်းမှ စာရိတ္တမျိုးစေ့


အချိန် ကာလအားဖြင့် ညအခါဖြစ်သလို ပြီးခဲ့တဲ့ စက္ကန့်ပိုင်းလောက်က မိုးတွေ တဖွဲဖွဲ ရွာသွန်းသွားခဲ့ပါတယ်။ မိုးစဲသွားသောအခါ ပတ်ဝန်းကျင် တခုလုံး တိတ်ဆိတ်နေပါတယ်။ စာရေးသူအနေနဲ့ တော်သလင်းလပြည့် ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေး ရေးသားဖို့ရန် စာအုပ် အနည်းငယ် ဖတ်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ဂရုဓမ္မ (သို့မဟုတ်) ကုရုဓမ္မ အကြောင်းလေးကို စတင်ရေးသားလိုက်ပါတယ်...။

တော်သလင်းလဆိုတာ ဗုဒ္ဓဘာသာတွေ အနေဖြင့် မှတ်သားစရာ ကောင်းလွန်းသော လဖြစ်ပါတယ်။ ထို့အပြင် ယင်းမာကြိုင်သင်း လ တော်သလင်း ဆိုတာ မြန်မာတို့ ဆိုရိုးပြုခဲ့ကြတာ အမှန်ပင် ဖြစ်ပါတယ်။

သို့သော် မိုးနှောင်းကာလဖြစ်သလို တော်သလင်း နေမင်းဟာ ငါး ပုဇွန် သေအောင် ပြင်းလွန်းပါ တယ်လို့လည်း ဆိုကြပြန်ပါတယ်...။

ဒါပေမဲ့ တော်သလင်းလပြည့်နေ့သည် မြန်မာတို့အတွက် နေ့ထူး နေ့မြတ် ဖြစ်ပါပေတယ်။ ဘာကြောင့်လည်းဆိုတော့ ပါရမီ ဆယ်ပါးတို့တွင် သီလ ပါရမီနှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့်ပင် ဖြစ်ပါတယ်။

ထို့အပြင် ရှေ့မြန်မာ အစဉ်အဆက်က တော်သလင်းလပြည့်နေ့ကို ဂရုဓမ္မ အခါတော်နေ့ဟု ဆိုရိုးပြုကြပါတယ်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်အခါတုန်းက မထင်မရှား ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား အားထုတ်ကြပါတယ်။ ထို့ရဟန်းနှစ်ပါးသည် ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပစ်လေရာ ကျောက်ခဲမှန်၍ ဟင်္သာသည် အော်ဟစ်မြည် တမ်းလျက် မြေပြင်ကျရောက်လျက် သေဆုံးခဲ့ရတယ်။

The story was told in reference to a monk who had killed a wild goose. Two monks bathed in Aciravatī, and while standing on the bank, drying, they saw two geese appear. The monks took a bet as to which should hit the goose in the eye, and one of them threw a stone which pierced one eye and came out of the other. The monk was reported to the Buddha. (Kurudhamma Jataka No-276)

ထိုအကြောင်းကို မြတ်ဘုရားရှင် ကိုယ်တော်တိုင် သိတော်မူသဖြင့် ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ ရဟန်းဝတ်နေပါလျက် ပါဏာတိပါတကံကို ပြုလုပ်တာ လက်ဆော့ ခြေဆော့ ရှိလှချေပြီ...။၊

ဟိုရှေးရှေးတုန်းက ဘုရားအစရှိသော သူတော်ကောင်းနှင့် ပညာရှိတွေဟာ သာသနာပ ကာလမှာ သတ်ဖို့ နေနေသာသာ  သီလတရားတွေကို အသက်သမျှ တန်ဖိုးထား၍ စောင့်ရှောက်ခဲ့ကြကြောင်းကို မြတ်စွာဘုရားရှင်သည် အတိတ်ဇာတ်ဖြစ်သော ကုရုဓမ္မ ဇာတ်တော်ကို ဟောကြားတော်မူခဲ့ပါတယ်။

The Bodhisatta was once born as the son of Dhananjaya, king of the Kurus, and, after his fathers death, reigned in Indapatta. He observed the Kurudhamma - that is to say, the pancasila - as did the queen mother, his queen consort, the viceroy, the chaplain, the kings driver, his charioteer, the treasurer, the keeper of the royal granaries, the palace porter and the courtesan of the city.

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...