ဘဝကပေးတဲ့ သမိုင်းတစ်ပုဒ်နဲ့
အလုပ်တွေရှုပ်ထွေးရင်း နေလောင်ပြင်မှာ
သစ်စိမ်းချိုးပမာ အချိုးခံလိုက်ရတာ
မရေရာတဲ့ မသေခြာတဲ့ ရင်ခွင်မှာ
မှေးစက်မိလို့ အခုတော့လည်း
ဒဏ်ရာတွေနဲ့ ဝေဒနာတွေနဲ့
ငါ့ ဘဝသမိုင်းထဲ ပြည့်ကျပ်လို့ ခံစားနေဆဲ...။
ခုတ်မောင်းနေဆဲ လျှောက်လှမ်းနေဆဲ
ဝင်စရာမရှိတဲ့ မှတ်တိုင်တွေလည်း
ကျော်ဖြတ်နေဆဲ အထီးကျန်နေဆဲ
သို့သော်......
မာယာများလွန်းတဲ့ ကံကြမ္မာအချိုးအကွေ့တွေက
ငါ့ကို စိန်ခေါ်ခဲ့လို့ မနေ့က ငါဟာ
ဒီနေ့တော့ မာယာများ ကောင်းကင်လွှာက
တိမ်ပြာတွေလို ငါ့ စိတ်တွေ ဆော့ကစားနေဆဲ...။
အဓိပ္ပာယ်မဲ့တဲ့ နေ့ရက်တွေနဲ့
နေ့ညတွေကို ဖြတ်သန်းခဲ့
နှစ်လတွေရဲ့ သုဿာန်ပြင်မှာ
စိတ္တဇတွေ ကိုယ်စီနဲ့ မညီညာတဲ့
ဘဝခရောင်းလမ်းကို အချို့အကွေ့များစွာနဲ့
ဖြတ်သန်း လျှောက်လှမ်းနေဆဲ
အခုတော့လည်း ငါ့ ဘဝက
လွင်ပြင်တခုလိုပဲလေ....။
အလုပ်တွေရှုပ်ထွေးရင်း နေလောင်ပြင်မှာ
သစ်စိမ်းချိုးပမာ အချိုးခံလိုက်ရတာ
မရေရာတဲ့ မသေခြာတဲ့ ရင်ခွင်မှာ
မှေးစက်မိလို့ အခုတော့လည်း
ဒဏ်ရာတွေနဲ့ ဝေဒနာတွေနဲ့
ငါ့ ဘဝသမိုင်းထဲ ပြည့်ကျပ်လို့ ခံစားနေဆဲ...။
ခုတ်မောင်းနေဆဲ လျှောက်လှမ်းနေဆဲ
ဝင်စရာမရှိတဲ့ မှတ်တိုင်တွေလည်း
ကျော်ဖြတ်နေဆဲ အထီးကျန်နေဆဲ
သို့သော်......
မာယာများလွန်းတဲ့ ကံကြမ္မာအချိုးအကွေ့တွေက
ငါ့ကို စိန်ခေါ်ခဲ့လို့ မနေ့က ငါဟာ
ဒီနေ့တော့ မာယာများ ကောင်းကင်လွှာက
တိမ်ပြာတွေလို ငါ့ စိတ်တွေ ဆော့ကစားနေဆဲ...။
အဓိပ္ပာယ်မဲ့တဲ့ နေ့ရက်တွေနဲ့
နေ့ညတွေကို ဖြတ်သန်းခဲ့
နှစ်လတွေရဲ့ သုဿာန်ပြင်မှာ
စိတ္တဇတွေ ကိုယ်စီနဲ့ မညီညာတဲ့
ဘဝခရောင်းလမ်းကို အချို့အကွေ့များစွာနဲ့
ဖြတ်သန်း လျှောက်လှမ်းနေဆဲ
အခုတော့လည်း ငါ့ ဘဝက
လွင်ပြင်တခုလိုပဲလေ....။
တက္ကသိုလ်မြတ်မင်း
ကံကြမ္မာအချိုးအကွေ့တွေက
ReplyDeleteမာယာများတယ်ဆိုတာ တစ်ကယ်ပဲ
အကိုမြတ်မင်းရေ
ခင်မင်တဲ့ jasmine
မာယာများလွန်းတဲ့ ကံကြမ္မာအချိုးအကွေ့တွေက
ReplyDeleteငါ့ကို စိန်ခေါ်ခဲ့လို့ မနေ့က ငါဟာ
ဒီနေ့တော့ မာယာများ ကောင်းကင်လွှာက
တိမ်ပြာတွေလို ငါ့ စိတ်တွေ ဆော့ကစားနေဆဲ...။
စာသားတွေ မိုက်တယ်ဗျာ
မစပယ်ရေ သဘာဝလွင်ပြင်ထဲ ဖြစ်တက်တဲ့ နိယာမတွေကို ရေးသားရင်း အိပ်ပျော်ခဲ့တဲ့ နေ့ရက်တွေကို ကုစားနေလို့ ထွက်ပေါ်လာတဲ့ စာသားတွေလည်း ကဗျာတွေထဲ ရောက်ခဲ့တာပါ...။
ReplyDeleteခင်မင်စွာဖြင့်
တက္ကသိုလ်မြတ်မင်း
အားပေးခဲ့ပါတယ်ဗျာ...ကဗျာကောင်းလေး
ReplyDeleteခင်မင်လေးစားစွာဖြင့် (လွမ်း)www.lwanpaishin.blogspot.com