ဘဝက ကဇာတ်မျိုးစုံနဲ့ ပြေးလွှားနေတဲ့
အရွယ်တွေမို့ ပန်းမျိုးစုံကိုလည်း ပန်ဆင်ဖူးမယ်
ပန်းခြောက်တွေလည်း ပစ်လွတ်ဖူးမယ်
မရေရာတဲ့ မြို့ပြဇာတ်လောကဓံတွေလည်း
တွေ့ဆုံခဲ့ဖူးမယ် ဒီတော့ ကျေနပ်စရာ
ရောင်ရဲစရာ တောအလှ တောင်ဇလပ်တွေကို
ပန်ဆင်သရင်း မနက်ဖြန်အတွက်
နွမ်းရမှာလည်း ကြောက်နေမိတယ် ဒီအတိတ်....။
ကာလာတွေ စုံညီညာလှတဲ့ ဒီဝန်းကျင်ထဲ
အလှတရားတွေလည်း မြင်ခဲ့ဖူးမယ်
အဆိုးတွေလည်း မြင်ခဲ့ဖူးမယ်
ဒီတော့ အကောင်းအဆုံးနှစ်တန် ရင်ခြင်းဆက်နေတဲ့
ဒီလောက ဒီနယ်ပယ်ထဲ မင်းနဲ့ ငါဟာ...
ပေတံတွေတိုင်းတာ ဓနနဲ့ချမ်းသာ
ဂုဏ်နဲ့ပါဝါတွေကို ပြသရင်း
မျှတမှုမဲ့တဲ့ အာဃာတတွေနဲ့
နားလည်မှုတွေ ပျောက်ဆုံးခဲ့လို့
ခြေရာတွေတိုင်း ခြေရာတိုင်းမှာ
ဒဏ်ရာတွေဖြစ်ခဲ့တယ် ဒီပစ္စုပ္ပန်......။
အချိန်တိုင်း အချိန်တိုင်း........
လွဲနေမြဲ လွဲနေခဲ့တဲ့ ငါဘဝလွင်ပြင်ထဲ
အမှတ်တရ သိမ်းထားနေတဲ့ အရာတွေက
ဒီနေ့တော့...
အရာရာတိုင်းမှာ တန်ပြန်မှုတွေနဲ့
သက်ရောက်မှုတွေနဲ့ ပြည့်နှယ်နေပေမဲ့
တန်ပြန်သက်ရောက်မှု မရှိတဲ့
ငါ့... အိပ်မက်တွေ အတွေးတွေ
ငါ့... တိမ်တိုက်တွေက လေတိုက်ရာကို
လွင့်မျောနေရင်း ချောက်ချားလှတဲ့
နေ့တနေ့ရဲ့ နေရောင်ခြည်အောက်
နွေးထွေးမှုတွေကို ခံယူနေတုန်း
စိတ္တဇမြေခွေးတကောင်က ခြောက်လန့််လို့
ပျောက်ဆုံးခဲ့တယ် ဒီအနာဂတ်....။
တည်ငြိမ်အောင် ကျိုးစားနေဆဲ
အားထုတ်နေဆဲ ဂနာမငြိမ်တဲ့
ငါ့ မေတ္တာလွင်ပြင်ထဲ လေယူရာကို တိမ်းခဲ့တဲ့
သူအငွေ့အသက်တွေက ငါ့ကို ကြီးစိုးနေဆဲလား....
အဖြေကို ငါ ကိုတိုင် မသိတော့ လိုက်ရှာမိတယ်..
အဲဒီနေ့က အစာငတ်နေတဲ့ နှလုံးသားကို
မကုသနိုင်ခဲ့လို့ ဒဏ်ရာတွေ အော်ဂလီဆန်အောင်ဖြစ်ခဲ့
ဝေဒနာတွေသာ ထင်ကျန်ခဲ့လို့ နှလုံးသားသုဿာန်ပြင်မှာ
မှတ်တိုင်တခု ဘဝအတွက် ထိုးစိုက်ခဲ့တယ် ဒီနေ့အထိပေါ့...။
အရွယ်တွေမို့ ပန်းမျိုးစုံကိုလည်း ပန်ဆင်ဖူးမယ်
ပန်းခြောက်တွေလည်း ပစ်လွတ်ဖူးမယ်
မရေရာတဲ့ မြို့ပြဇာတ်လောကဓံတွေလည်း
တွေ့ဆုံခဲ့ဖူးမယ် ဒီတော့ ကျေနပ်စရာ
ရောင်ရဲစရာ တောအလှ တောင်ဇလပ်တွေကို
ပန်ဆင်သရင်း မနက်ဖြန်အတွက်
နွမ်းရမှာလည်း ကြောက်နေမိတယ် ဒီအတိတ်....။
ကာလာတွေ စုံညီညာလှတဲ့ ဒီဝန်းကျင်ထဲ
အလှတရားတွေလည်း မြင်ခဲ့ဖူးမယ်
အဆိုးတွေလည်း မြင်ခဲ့ဖူးမယ်
ဒီတော့ အကောင်းအဆုံးနှစ်တန် ရင်ခြင်းဆက်နေတဲ့
ဒီလောက ဒီနယ်ပယ်ထဲ မင်းနဲ့ ငါဟာ...
ပေတံတွေတိုင်းတာ ဓနနဲ့ချမ်းသာ
ဂုဏ်နဲ့ပါဝါတွေကို ပြသရင်း
မျှတမှုမဲ့တဲ့ အာဃာတတွေနဲ့
နားလည်မှုတွေ ပျောက်ဆုံးခဲ့လို့
ခြေရာတွေတိုင်း ခြေရာတိုင်းမှာ
ဒဏ်ရာတွေဖြစ်ခဲ့တယ် ဒီပစ္စုပ္ပန်......။
အချိန်တိုင်း အချိန်တိုင်း........
လွဲနေမြဲ လွဲနေခဲ့တဲ့ ငါဘဝလွင်ပြင်ထဲ
အမှတ်တရ သိမ်းထားနေတဲ့ အရာတွေက
ဒီနေ့တော့...
အရာရာတိုင်းမှာ တန်ပြန်မှုတွေနဲ့
သက်ရောက်မှုတွေနဲ့ ပြည့်နှယ်နေပေမဲ့
တန်ပြန်သက်ရောက်မှု မရှိတဲ့
ငါ့... အိပ်မက်တွေ အတွေးတွေ
ငါ့... တိမ်တိုက်တွေက လေတိုက်ရာကို
လွင့်မျောနေရင်း ချောက်ချားလှတဲ့
နေ့တနေ့ရဲ့ နေရောင်ခြည်အောက်
နွေးထွေးမှုတွေကို ခံယူနေတုန်း
စိတ္တဇမြေခွေးတကောင်က ခြောက်လန့််လို့
ပျောက်ဆုံးခဲ့တယ် ဒီအနာဂတ်....။
တည်ငြိမ်အောင် ကျိုးစားနေဆဲ
အားထုတ်နေဆဲ ဂနာမငြိမ်တဲ့
ငါ့ မေတ္တာလွင်ပြင်ထဲ လေယူရာကို တိမ်းခဲ့တဲ့
သူအငွေ့အသက်တွေက ငါ့ကို ကြီးစိုးနေဆဲလား....
အဖြေကို ငါ ကိုတိုင် မသိတော့ လိုက်ရှာမိတယ်..
အဲဒီနေ့က အစာငတ်နေတဲ့ နှလုံးသားကို
မကုသနိုင်ခဲ့လို့ ဒဏ်ရာတွေ အော်ဂလီဆန်အောင်ဖြစ်ခဲ့
ဝေဒနာတွေသာ ထင်ကျန်ခဲ့လို့ နှလုံးသားသုဿာန်ပြင်မှာ
မှတ်တိုင်တခု ဘဝအတွက် ထိုးစိုက်ခဲ့တယ် ဒီနေ့အထိပေါ့...။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment