(လေးချိုး တေးထပ် ရေးစပ်ပါသော် နိဒါန်းလည်းလှ နိဂုံးလှတည်း)
မြူနှင်းတွေ ရစ်ကာဝိုင်း
ညို့ညို့မှိုင်း ၀လာ
အုန့်ဆိုင်းကာ မှောင်ဝေဖြာ
ကြဲသွန်းကာလေ ပက်ဖျန်း
တောင်တန်းပြာ မမြင်စမ်းအောင်
နှင်းဝေေ၀ ဖုံးအုပ်လို့လွှမ်း
အေးချမ်းလှတဲ့ မြန်မာ(၀ယ်)
ရိုးချင်းကွဲအောင် ချမ်းတုံ
မေးခိုက်ကာ မြည်လွှမ်းလို့
ကြွေညည်းလု သွားတွေ
မီးဖိုနာ မခွာနိုင်
နှင်းပြိုင်ပြိုင် ငိုချနေလို့
ပျော်ဘူးကွဲ့ လင်္ကာမြေ (၀ယ်)
ဌာနေသာ ပြန်ချင်လှ
မငြမ်းသာလို့ နေသော်လည်း
ပန်းတိုင်သို့ လျှောက်နေမြဲ
ဌာနေသူ မိမာတာရယ်
သိစေချင်တယ်
ပညာတွက် နေရပါသော်လည်း
မွေးရပ်မြေ လွမ်းလွန်းလှလေး ....။ ။
တက္ကသိုလ်ရဟန်းကမ္ဘာ ပုည (ရာမည)
No comments:
Post a Comment