အဖေဆိုတာ လောကကြီးကို အံတုလို့ ရန်မပြုသော်လည်း မာန်ဝံလို့ အနာဂါတ်ကို ချီတက်ကာ လာစမ်းတဲ့ လောကဓံကို ရင်ဆိုင်ကာ မိသားစုအတွက် ကြိုးစာခါ စီစဉ်ပေးခဲ့ပေါ့၊ အဖေဆိုတာ မိသားစုကို ကာကွယ်ပေးသော ညွန့်မောင်းတပ်မဟာလို အရွယ်မရွေးသော အပိုင်းခြားဖြင့် သားသမီးတွေကို ရှာကျွေးခဲ့ပေါ့၊ အဖေဆိုတာ နွေမိုးဆောင်း ဘယ်လိုပြောင်းလည်း အပန်မဖြေရှာသော အလုပ်တွေနဲ့ မိသားစုအပေါ် တာဝန်ထမ်းလို့ သားသမီးတွေ အနာဂါတ်ရေး ခွန်အားတွေ ပေးခဲ့ပေါ့၊ အဖေဆိုတာ အလုပ်ကြမ်းတွေ နေပူကျဲကျဲမှာ လုပ်ရသော်လည်း အပြန်လမ်းမှာ မိသားစုအတွက် အရိပ်ပေးခဲ့ပေါ့၊ အဖေဆိုတာ ဘေးရန်တွေဘယ်လောက်များများ အလုပ်တွေဘယ်လောက်များများ လောကဓံတရား ဘယ်လောက်ပင်ခက်ထန်နေလဲ မိသားစုအတွက် လုံးပန်ကာရှာဖွေပေးသူပေါ့၊ အဖေဆိုတာ ချွေးနဲ့သွေး ခွဲမရအောင် လုပ်ရရှာလဲ သားသမီး အနာဂါတ်ကို လမ်းဖွင့်ပေးသူပေါ့၊ အဖေဆိုတာ မိသားစုအတွက် အင်အားတစ်ခု ဖြစ်သလို သာသမီးတို့၏ ရှေ့ဆောင် ပန်တိုင်မှူးလည်းဖြစ်ခဲ့သူပေါ့၊ အဖေဆိုတာ ရင်နှင့်မလွယ်ရပေမဲ့ နှလုံးသားနှင့်လွယ်ကာ သားသမီးတွေကိုမွေးဖွားသူလည်းဖြစ် သားသမီးတွေအတွက် အနာဂါတ်ကိုကောင်းစေဖို့အတွက် ကမ္ဘာလည်းပတ် စာလည်းကျက်စေချင်ခဲ့သူပေါ့၊ အဖေဆိုတာ သားသမီးအတွက် နှင့် မိသားစုအတွက်ဆိုရင် အဖေဟာ တမိုးအောက်မှာ တယောက်ထူးလို့ အမည်ထူးနာမ ၀ိသေတွေနဲ့ လာစမ်းကွဲ့ လောကဓံကို ရင်ဆိုင်ကာဖြတ်သန်းလို့ နေ့စဉ်ရှာကျွေးခဲ့တာ အဖေပါ။ အဖေဆိုသော ဂုဏ်တွေကို ကုန်ဆုံးအောင် ဂုဏ်ပြုချင်ပါသော်လည်း ကမ္ဘာမှာ ဘယ်သူတွေနာမည်ကြီးနေပါစေ အဖေဆိုသော အနန္တဂုဏ်တွေကို တုမနှိုင်းသာခဲ့ပေါ့။ အဖေဆိုတာ အရာအားလုံးအတွက် ခွန်အားတခွက်ဖြစ်သလို သားသမီးအတွက် ဆေးတစ်ခွက်လည်းဖြစ် အောင်မြင်မှု၏ ဖခင်ပင်ဖြစ်သည်။
အားလုံးသော သူသူငါငါတို့အတွက် မှီသလောက် အသိလေးကို မျှဝေပေးလို့သော ဆန္ဒတစ်ခုက အဖေနေ့ကိုဂုဏ်ပြုသောအားဖြင့် ကလောင်သွားပေါ် အသက်ဝင်သလို ရေးသားမိပါသည်။
အားလုံးသော သူသူငါငါတို့အတွက် မှီသလောက် အသိလေးကို မျှဝေပေးလို့သော ဆန္ဒတစ်ခုက အဖေနေ့ကိုဂုဏ်ပြုသောအားဖြင့် ကလောင်သွားပေါ် အသက်ဝင်သလို ရေးသားမိပါသည်။
No comments:
Post a Comment