အမေဆိုတာ လောကကြီးအတွက်ကော သားသမီးအတွက်ကော မိသားစု ပတ်ဝန်းကျင် နေရေးထိုင်ရေးတွေကို စသည်သင်ကြားပေးသော လက်ဦးဆရာဖြစ်သလို မိသားစုနှင့် သားသမီးအတွက် အလင်းရောင်ဖြစ်စေသော အသိဥာဏ်၏ ခွန်အားတစ်ခွက်ဖြစ်သည်။ လောကကြီးမှာ ရှိသမျှအရာတွေအားလုံးနှင့်နှိုင်းပါသော်လည်း နှိုင်းစရာမရှိသော ဥပမာတွေပင်ဖြစ်သည်။ အမေအကြောင်းကို သေချာစဉ်းစားကြည့်တိုင်း ဥပမာပေးစရာမရှိသော အဓိပ္ပာယ်ပြည့်စုံနေသော ပုဒ်ဖြစ်နေသည်လည်း တွေ့နိုင်ပါသည်။ အကယ်၍သာ မည်သို့သော ပုဂ္ဂိုလ်တစ်ဦးတယောက်က အလင်္ကာ အဖွဲ့အနွဲ့တွေဝေဆာနေအောင်ရေးသားနေပေသော်လည်း အလင်္ကာတစ်ပုဒ်သာဆုံးပေမဲ့ အဓိပ္ပာယ်တစ်ခုသာ ဆုံးသွားခြင်းသာဖြင့် ရှိချေဦးမည်။ အဘယ်ကြောင့်ဆိုသော အမေဆိုသော အလင်္ကာသည် အဆုံးအစမရှိသောကြောင့် ပင်ဖြစ်ပေသည်။ ထို့ကြောင့် အလင်္ကာဟုဆိုစေဦး ကဗျာဟုဆိုစေဦး ၀တ္ထုလို့ဆိုစေဦး အမေအဓိပ္ပာယ်သည် အမေဟူသော ပကတိ စာသားလေးသာ လောကကြီးအတွက်ကော ပတ်ဝန်းကျင်အတွက်ပါ အမြဲလှပနေမြဲ လှနေဦးမည်သာဖြစ်သည်။ (၁)
No comments:
Post a Comment