Wednesday, November 2, 2011

“လက်တွဲခရီးဆက်စို့”(၃)




ရည်ရွယ်ရာ အိပ်မက်ရဲ့
မျှော်လင့်ဆဲ မနက်ဖြန်အတွက်
လေလွင့်ရာ အတွေးတွေကို
ပျော်ရွှင်ခွင့် လက်ကျန်နဲ့
တည်ဆောက်ရာ ဘဝအိမ်ထဲ
မရေရာ ချစ်ခြင်းများက
သံသယ နှောင်အိမ်တွင်းသို့
ဝေးကွာသလို ဆုတောင်းခဲ့
သံယောဇဉ် မြေကွက်တွင်းမှာ
ခိုင်မြဲလျက် သူဖြတ်တောက်
နှလုံးနာသော မျက်ရည်မြစ်မှာ
ချစ်ခြင်း သောကမီးနဲ့
အကြောင်းသိတော့ နယ်လွန်ခဲ့ပြီ
ရှေ့ဆက်မရဲ တွေဝေလျက်ပဲ
ဝေးမှာလည်းကြောက် ပြေးပေါက်လည်းပျောက်
ကိုယ်ဆီအသိ တွယ်ငြိမိခဲ့
ချစ်ခြင်းစီမံရာထဲ ကံတရားနဲ့
သံသရာလွင်ပြင်မှာ ရှေ့ဆက်ကြဖို့
လက်တွဲကြစို့ ညီမငယ်….။   ။

တက္ကသိုလ်မြတ်မင်း

“အလွမ်းသက်သေ”(၂)



မသိသင့်မှန်း သိပါလျက်နဲ့
အသိထဲသို့ ရောက်လာခဲ့တယ်
မမြင်သင့်မှန်း သိပါလျက်
မြင်ကွင်းထဲသို့ ရောက်လာခဲ့တယ်
မထိသင့်မှန်း သိပါလျက်နဲ့
တွေ့ထိခြင်းသို့ ရောက်လာခဲ့တယ်
မစားသင့်မှန်း သိပါလျက်နဲ့
မြိုချခဲ့တဲ့ ငါ့ရဲ့ ခံတွင်းတွေ
အရာရာလို ခါးသက်ခဲ့ရပြီ
နောက်တနေ့ရဲ့ မနက်ဖြန်အတွက်…
ငါ… မြိုချမိသော အစားတွေကို
လက်ညှိုးထိုးလို့ ပြန်အန်ထုတ်ရမလား…
သို့သော်…တကယ်ပါ..
မျှော်လင့်ချက်တွေ ရည်မှန်းချက်တွေ
ရင်ခွင်အခြား တဖတ်မှာ
အမှောင်ကြီးစိုး မိုးချုပ်ခဲ့တော့
အိပ်မက်တွေနဲ့ပဲ သာယာတက်ပြီ
ဟုတ်ပါတယ်… တကယ်ဆို…ငါဟာ
နားခိုမဲ့စွာ အတောင်မပါပဲ
လေလွင့်နေသော ငှက်တစ်ကောင်ပါ…။

“ကြေငြာရှင်းတမ်း” (၁)



အတွေ့အထိ မရှိတဲ့ ငါ
အထပ်ထပ် အထိနာတာတောင်
နှလုံးသာထဲမှာ တသသနဲ့
မျှော်မှန်း တမ်းတနေတုန်းပဲလား။   
မင်းရဲ့ သံစဉ်တွေနဲ့
မင်း ပြောခဲ့သော စကား
ငါ့နှလုံးသား အသဲကြားမှာ
တုန်ရီမောဟိုက်စွာ နာကျင်မှုများနဲ့
တဆက်ဆက် နာနေတုန်းပဲ။
ချစ်မုန်းမသုန်းသော မျက်လုံးအစုံနဲ့
သံယောဇဉ် မကုန်သေးသော်လည်း
မဟူရာညချမ်းမှာ နာကျင်စွာဖြင့်
တိတ်တိတ်လေး ကြိတ်မှိတ်ကာ
ဆက်၍ ဆက်၍ ခံစားခွင့် ပြုပါ။     
တကယ်ပါ….ဟုတ်ပါတယ်….
မင်း ပြောခဲ့သလို ငါဟာ အညတရ
ဝေးခဲ့ရင်တောင် လွမ်းလောက်စရာ
မှတ်တမ်းအတွင်း တသသ မရှိခဲ့ပါဘူး…..   ။

Saturday, September 10, 2011

ငါ့နောင်တများ


ဌာနေအဝေး ကဗျာလေးဖြင့်
နှုတ်ခွန်းချိုသ လွမ်းပြသော်လည်း
ချစ်ညီမရယ် အလွမ်းမပြေ
ကျွမ်းလုပြီ ငါ့နှလုံးသားထဲ..။

ဝေးပြီဆိုမှ သိလာရသည့်
ချစ်ခြင်းမေတ္တာ ချစ်သဒ္ဓါက
ရင်မှာထိုးဖောက် တစ်မိုးအောက်သို့
တယောက်တည်းသာ ချစ်ခဲ့မိပြီ…။

ဒဏ်ရာတွေလည်း ရင်မှာမစဲ
တဆစ်ဆစ်နဲ့ ကိုက်ခဲနေဆဲ
ငါ့နှလုံးသားထဲ ဝင်ရောက်ကာရယ်
သခင်မြင်လှည့် ကြင်နာလှည့်ကွယ်…။

ချစ်သက်သေတွေ ရင်မှာတန်းစီကာ
ပြလိုက်ချင်ရဲ့ မြင်လှည့်မည့်သူ
ငါ့အနားမှာ မင်းမရှိလေတော့
ရင်နာနာနဲ့ ဖြေသိမ့်ခဲ့တယ်…။

Monday, January 10, 2011

ပန်းခင်းလမ်းမဟုတ်သော လောကဓံ



နေရောင်ခြည်က လောကအလယ်သို့ ၀င်ရောက်လာပါတော့သည်။ ကျေးငှက်လေးများ အော်မြည်းသံတွေနှင့် တေးသွားသံတွေက လောကကြီးကို ရိုက်ခတ်နေပါသည်။ ကျေးငှက်လေးများ၏ တေးသွားသံစဉ်တွေနှင့်အတူ လူသားတွေလည်း နိုးထလာကြသည်ဆိုတာလည်း မမှားနိုင်ချေ။ သို့သော် ပတ်ဝန်းကျင်က အော်မြည်းသံတခု ထိုးဖောက်လာပါသည်။ အသက်မဲ့နေသော စိတ်သုန်းနေသော လူ့ဝန်းကျင်သည် မကြာမှီမှာ လှုပ်ရှားလာသည်ကို တွေ့မြင်နိုင်ပါသည်။ သို့သော် မောင်မောင် တယောက် အသက်မဲ့ သကဲ့သို့ ရှိနေသည်။ အမှတ်မထင် အိမ်ဘေးက သူငယ်ချင်းဖြစ်သူက သူကို လှမ်းခေါ်နေသည်။ မောင်မောင် မထူးနိုင်အောင် အတွေးရေယဉ်ကျောမှာ မေ့မြောနေပါတော့သည်။ ထိုအချိန်မှာ သူငယ်ချင်းက အနားကပ်၍ မောင်မောင်ကို ခေါ်လိုက်တော့မှ အလန့်တကြား လှမ်းထူးမိပါသည်။ ဟာ လန့်သွားတာပဲ ငါ စိတ်ကူးယဉ်နေတာ လို့ပြောလိုက်မိပါသည်။ မင်းဘာတွေ စိတ်ကူးယဉ်နေတာလဲ မေးလိုက်ပါသည်။ သူငယ်ချင်း ငါတို့ လျှောက်လှမ်းရတာ ဘ၀ ကြမ်းတမ်းလွန်းလှပါတယ်။ ပြီးတော့ လောကဓံကလည်း ပန်းခင်းလမ်း မဟုတ်ဘူးလေ။ မင်း စဉ်းစားကြည့်ပါ အမေက လောကကြီးထဲကို ရောက်အောင် အသက်နဲ့ရင်းပြီး ငါတို့ကို မွေးဖွားပေးလိုက်ပါတယ်။ ဒါပေမဲ့ လူတန်းစား အားလုံးက ဘယ်လိုပင် ဂုဏ်တွေဒြပ်တွေ ကွဲပြားနေလည်း လောကဓံဆိုတာ ပန်းခင်းသော လမ်းမဟုတ်သလို ဆူးခင်းသော လမ်းလည်းမဟုတ်ဘူးလေ။ ကိုယ်ဆီမှာ ဆင်းရဲခြင်းတွေ ချမ်းသာခြင်းတွေဆိုတာ ရှိလာကြတယ်။ ပြီးတော့ အနိမ့်အမြင့် မရွေး အချိန်တန် တန်းတူခံစားလာကြရတယ်။ ဒါပေမဲ့ မတူညီသော ဆင်းရဲခြင်းတွေနဲ့ ရင်ခွင်ပိုက်ခါ ရင်နင့်အောင် ခံစားလာကြတယ်။ နောက်ပိုင်းတော့ အဲဒါတွေကို တကယ့် ချမ်းသာလို့ ထင်နေကြတယ်။ တနေ့နေ့ တချိန်ချိန်မှာ ပုဂံဘယ်ပြေးမလဲဆိုတော့ ဆင်းရဲလား ချမ်းသာလား မသိအောင်ဖြစ်ပြီး လောကဓံကို ကောင်းကောင်းကြီးခံစားရပြန်တယ်။ အဲဒါတွေကို စဉ်းစားလေတိုင်းမှာ ဘ၀ဆိုသောအရာ လောကဓံဆိုသောအရာတွေကို ကြောက်လာမိတယ်။ ဒါပေမဲ့ ဘယ်သူကမှ မရှောင်နိုင်သလို ဘယ်သူမှလည်း မလွတ်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့ ဒီလိုဖြစ်လာကြတာလည်းဆိုတော့ မသိမှုတွေ ပေါင်းစပ်လာလို့သာဖြစ်ချေသည်။ ဘ၀စကတည်းက ဆင်းရဲခြင်း ဘ၀ဆုံးသော်လည်း ဆင်းရဲခြင်းက လာရောက်ကြိုဆိုနေမြဲပင်ဖြစ်သောကြောင့်လို့ ယူဆမိတယ်။ ဒီတော့ သူငယ်ချင်း မင်းတို့ငါတို့ ရိုးရိုးလူတန်းစားတွေ မလှုပ်နိုင်အောင် ရင်နင့်အောင် ခံစားရစမြဲပင်ဖြစ်ပါသည်။ ဘ၀တွေဘယ်လိုပင် ပြောင်းလွဲသွားပါစေအုန်းတော့ မင်းတို့ငါတို့ရဲ့ ဘ၀သည် ဆင်းရဲခြင်း ချမ်းသာခြင်းသာ အဆုံးသတ်လေတော့သည်။
နောက်တနေ့ နံနက်မိုးသောက်ယံရောက်လာသောအခါ နေ့စဉ်ကြားနေရသော ကျေးငှက်လေးများရဲ့ တေးသံလေးတွေနဲ့အတူ မိုးသောက်ယံ ကျော်လွန်၍ အလင်းရောင်သန်းလာသော နေမင်းကြီးကို အံတုခါ မာန်မရှိသော်လည်း ဟန်အပြည့်နှင့် အိပ်ရာထဲက နိုးထလာခဲ့သော မောင်မောင် တယောက် မျက်နှာသစ် သွားတိုက် ကိုယ်လက်ကျန်းမာရေး လုပ်ဆောင်ပြီး အလုပ်ဆီကို သွားမည်ကို ဟန်ပြင်နေစဉ်တွင် သူငယ်ချင်း တယောက်ရောက်လာပါသည်။ သူငယ်ချင်းက မင်း မနေ့က ပြောသော အတွေးအခေါ်တွေ အရမ်းကောင်းတယ်။ အဲဒါကြောင့် မင်း ကိုယ်ပိုင် မှတ်စုလေး တခု လုပ်ပါရန် ပြောလာပါသည်။ အင်း...ငါလည်း လုပ်ဖို့ကြိုးစားနေပါတယ်။ ဒါပေမဲ့ ငါတို့ နံနက်ခင်း နေမင်း အံမတုနိုင်သော် လည်း ဟန်မပြနိုင်သော အားမာန်တွေနဲ့ အလင်းရောင်မကွယ်ခင် အလုပ်တွေကို လုပ်နေကြသောအခါဖြစ်သောကြောင့် စာရေးဖို့ မစဉ်းစား နိုင်သေးတာပါ။ အခုတော့ ငါတို့ အလုပ်သွားကြစို့။ နောက်မှ ဆက်ပြောကြတာပေါ့။ အင်း ကောင်းပါတယ် သူငယ်ချင်း။ ဒီလိုနဲ့ အလုပ်ကို ဆက်လုပ်ရင်ပြီး ညနေ ဆည်းဆာကလည်း ကျလာပြီး အလုပ်ကလည်းသိမ်းသော်အခါ မောင်မောင်တို့ သူငယ်ချင်း တစ်စု အိမ်ပြန်ရန်ပြင် နေသည်။ အိမ်ပြန်ခရီးကို စတင်ထွက်လာသော လမ်းတလျှောက် မောင်မောင်က သူငယ်ချင်းတွေကို လက်တွေ့ကျသော ဘ၀ရဲ့လောကဓံ အကြောင်းကို ပြောပြပါသည်။ သူငယ်ချင်းတွေကလည်း လောကဓံအကြောင်းကို ပြောနေကြသည်။ လောကဓံဆိုတာ လူသားတွေရဲ့ မိတ်ဆွေဖြစ်သလို ရန်သူလည်းဖြစ်နိုင်ပါသည်။ မိတ်ဆွေဆိုတာကလည်း မိမိကိုယ် ချစ်ခင်တက်သော သဘောလည်း ရှိသည်။ မိမိကိုယ် ချီးမွန်းတက်သော သဘောလည်းရှိပါသည်။ ချမ်းသာတက်သော သဘောလည်းရှိပါသည်။ ပြည့်စုံတက်သော သဘောလည်းရှိသည်။ အခြွေရံ များသော သဘောလည်းရှိပါသည်။ အဲဒါတွေက မိတ်ဆွေဟု ခေါ်လို့ရပါသည်။ သို့သော် ရန်သူလည်းရှိသေးသည်။ ထိုအရာတွေက ချစ်ခင်မှု မရှိသော သဘောလည်းရှိသည်။ ချီးမွန်းခြင်းကင်းမဲ့သော သဘောလည်းရှိသည်။ ဆင်းရဲခြင်း သဘောလည်းရှိသည်။ မပြည့်စုံခြင်း သဘောလည်း ရှိပါသည်။ အဲဒါတွေကတော့ ရန်သူလို့ခေါ်ရမည်ပင်ဖြစ်သည်။ မောင်မောင် က သူငယ်ချင်းတွေကို ပြောပြပါသည်။ သူငယ်ချင်းတွေက မောင်မောင်ပြောတာကို လက်ခံပါသည်။ အင်း အဲဒါဆိုရင် လောကဓံဆိုတာ ပန်းခင်းလမ်း မဟုတ်သော ဘ၀ခရီးကြမ်း လျှောက်လှမ်းချက်သာဖြစ်မည်ဟု သူငယ်ချင်းများက မောင်မောင်ကို ပြောလိုက်ပါသည်။ တကယ်တော့ ပန်းခင်းလမ်းသည် ပညတ်သဘော ကြောင့် ဓာတ်သက်ပါလာတယ်ဆိုသော အဓိပ္ပာယ်လောက်သာပင်ဖြစ်ပါသည်။ လောကဓံ အတွက် ဥပမာ မရှိသလောက် ရှားလှပါသည်။ ဘာကြောင့်လည်းဆိုတော့ လောကဓံသည် ရင်ဆိုင်ရသော လူသားတွေ အပေါ်မှာမူတည်ပါသည်။ သဘောအားဖြင့် ငါတို့ရင်ဆိုင်ရသော လောကဓံနှင့် မင်းတို့ ရင်ဆိုင်ရသော လောကဓံ မတူကြသောကြောင့်ပင် ဖြစ်ပါသည်။ မိသားစု လောကဓံ အသိုင်းဝိုင်း လောကဓံ မိတ်ဆွေ လောကဓံ စသည်များစွာရှိနေခြင်းကြောင့်သာဖြစ်ပါသည်။ ကဲ သူငယ်ချင်းတို့ ငါတို့လည်း အိမ်နားရောက်လာကြပြီးလေ မနက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ ကိုယ်စီ လောကဓံက ခိုင်းနေသမျှ ကို ဆက်လှုပ်ရှားဖို့နှင့် ၀မ်းစား ဖြည့်ရအုန်းမယ်လေ ပြန်လိုက်ပါအုန်းမယ်နော်........

Tuesday, January 4, 2011

Inspirational Daze: New Year..New Insights

Inspirational Daze: New Year..New Insights: "It's not the big resolutions that we really follow. Those get lost in the shuffle. It's the goals that we set for ourselves that are attaina..."

Sunday, August 1, 2010

စာပေနှင့်စာပေအကြောင်း အပိုင်း (၁)


စာပေနှင့်စာပေအကြောင်းဟူသည် လူသားတို့အတွက် အရေးကြီးသော အချက်အလက်ပင်ဖြစ်သည်။ ထို့အတွက်ကြောင့် ပထမဆုံး အနေနဲ့ ကျွန်တော် ဘ၀တကွေ့မှာ ကြုံတွေရသော အချက်အလက်လေးတစ်ခုကို ရေးသားချင်ပါသည်။ ထိုအရာတွေသည် သေခြာစဉ်းစားကြည့်သော အခါမှာ အခန်းကဏ္ဍ အနေဖြင့် အကြောင်းအရာမြောက်များစွာပါဝင်နေသည်ကို တွေ့ရှိရသည်။ အခန်း (၁) အနေဖြင့် လူသားသည် အမိဝမ်းက ကိုးလလွယ် ဆယ်လဖွားလာသည်နှင့် တပြိုင်နက်တည်း အငိုနှင့်စလာခဲ့ပြီ ဘ၀ခရီးအစကို ရောက်လာခဲ့ပါတယ်။ ထို့နောက် လူသားလောက လူသားကမ္ဘာအတွင်းသို့ရောက်လာလို့ ငါးနှစ်မှ ဆယ်နှစ်အတွင်း လူသားဝန်းကျင် နှင့် ပတ်ဝန်ကျင်မှာ နေထိုင်သည့်အတွက်ကြောင့် စာပေနှင့်စာပေအကြောင်းကို စတင်သင်ကြားရတော့သည်။ အဲဒီအချိန်မှစ၍ မိဘတို့က မတက်သေးသော အတက်တွေကို လက်ဦးဆရာအဖြစ် သင်ကြားပေးခဲ့သည်။ စာပေကို မသိသေးသော သားသမီးတွေကို ဘ၀လည်း စစေခဲ့သလို စာပေလည်း စတက်စေခဲ့သည်။ နောက်ပိုင်း အတန်းတွေ အသီးသီးတက်လာခဲ့ပြီး စာပေနှင့်စာပေအကြောင်း သိလာပြီလားလို့ မေးဖွယ်ရာရှိလာပါတော့သည်။ အကြောင်းမှာ စာပေနှင့်စာပေအကြောင်းကို သိဖို့ရန် အလွန်ခက်ခဲလှပါသည်။ စာပေနှင့်စာပေအကြောင်းမည်သည် လူ့ဘ၀အတွက် အဖြေရှာရန် ခက်ခဲလှသည်အမှန်ပင်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော လူသားဘ၀မှာ အဖြေရှာရန်ခက်သော ပုစ္ဆာတရပ်ပင် ဖြစ်သည်။ သို့သော် စာပေနှင့်စာပေအကြောင်းသည် လူသားတို့ အကြောင်းပင်ဖြစ်သည်။ ဆိုလိုရင်းမှာ အကြောင်းနှင့်အကျိုးရှိသကဲ့သို့ စာပေနှင့်စာပေအကြောင်းသည်လည်း အတူတူပင်ဖြစ်သည်။ လူဘ၀သည်ပင် အကျိုး အကြောင်းပေါ်မှာ မူတည်၍ လူဖြစ်လာရသည် အကျိုး အကြောင်းမဲ့သော လူဘ၀နှင့် စာပေနှင့်စာပေ အကြောင်းမဲ့သော လူ့ဘ၀သည် အဘယ်မှာကောင်းမွန်နိုင်မည်နည်း။ ထို့ကြောင့် လူသားသည် အကျိုးအကြောင်းရှိသလို လူသားသည်ပင် စာပေနှင့်စာပေအကြောင်းတို့ ဒွန်တွဲနေသည်ပင်ဖြစ်သည်။

စာပေစာသား၊ စာစကားနှင့်
စာပေပေါ်တွင်၊ စာကိုမြတ်နိုး
စာကြမ်းပိုးတို့၊ စာပေနှင့်သာ
စာမှာပျော်ခဲ့၊ စာကြောင်းရေးရာ
စာသားရေးဖို့၊ စာအလင်္ကာ
စာကဗျာနှင့်၊ စာရတုများ
စာကိုးကားလို့၊ စာဆန်းတွေဖွဲ့
စာသားလှကြောင်း၊ စာလောကကို
စာပေလည်းလှ၊ စာကြောင်းလှတို့
စာအုပ်ပြုစု၊ စာကောင်းပြု၍
စာပေလူသား၊ စာကိုဖတ်လို့
စာလည်းဆုံးသော်၊ စာမှာမြင့်မြတ်
စာသူတော်ဟု၊ စာသွင်စေသော်။ ။


တက္ကသိုလ်ရဟန်းကမ္ဘာ။ ပုည (ရာမည)

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...