နေရောင်ခြည်က လောကအလယ်သို့ ၀င်ရောက်လာပါတော့သည်။ ကျေးငှက်လေးများ အော်မြည်းသံတွေနှင့် တေးသွားသံတွေက လောကကြီးကို ရိုက်ခတ်နေပါသည်။ ကျေးငှက်လေးများ၏ တေးသွားသံစဉ်တွေနှင့်အတူ လူသားတွေလည်း နိုးထလာကြသည်ဆိုတာလည်း မမှားနိုင်ချေ။ သို့သော် ပတ်ဝန်းကျင်က အော်မြည်းသံတခု ထိုးဖောက်လာပါသည်။ အသက်မဲ့နေသော စိတ်သုန်းနေသော လူ့ဝန်းကျင်သည် မကြာမှီမှာ လှုပ်ရှားလာသည်ကို တွေ့မြင်နိုင်ပါသည်။ သို့သော် မောင်မောင် တယောက် အသက်မဲ့ သကဲ့သို့ ရှိနေသည်။ အမှတ်မထင် အိမ်ဘေးက သူငယ်ချင်းဖြစ်သူက သူကို လှမ်းခေါ်နေသည်။ မောင်မောင် မထူးနိုင်အောင် အတွေးရေယဉ်ကျောမှာ မေ့မြောနေပါတော့သည်။ ထိုအချိန်မှာ သူငယ်ချင်းက အနားကပ်၍ မောင်မောင်ကို ခေါ်လိုက်တော့မှ အလန့်တကြား လှမ်းထူးမိပါသည်။ ဟာ လန့်သွားတာပဲ ငါ စိတ်ကူးယဉ်နေတာ လို့ပြောလိုက်မိပါသည်။ မင်းဘာတွေ စိတ်ကူးယဉ်နေတာလဲ မေးလိုက်ပါသည်။ သူငယ်ချင်း ငါတို့ လျှောက်လှမ်းရတာ ဘ၀ ကြမ်းတမ်းလွန်းလှပါတယ်။ ပြီးတော့ လောကဓံကလည်း ပန်းခင်းလမ်း မဟုတ်ဘူးလေ။ မင်း စဉ်းစားကြည့်ပါ အမေက လောကကြီးထဲကို ရောက်အောင် အသက်နဲ့ရင်းပြီး ငါတို့ကို မွေးဖွားပေးလိုက်ပါတယ်။ ဒါပေမဲ့ လူတန်းစား အားလုံးက ဘယ်လိုပင် ဂုဏ်တွေဒြပ်တွေ ကွဲပြားနေလည်း လောကဓံဆိုတာ ပန်းခင်းသော လမ်းမဟုတ်သလို ဆူးခင်းသော လမ်းလည်းမဟုတ်ဘူးလေ။ ကိုယ်ဆီမှာ ဆင်းရဲခြင်းတွေ ချမ်းသာခြင်းတွေဆိုတာ ရှိလာကြတယ်။ ပြီးတော့ အနိမ့်အမြင့် မရွေး အချိန်တန် တန်းတူခံစားလာကြရတယ်။ ဒါပေမဲ့ မတူညီသော ဆင်းရဲခြင်းတွေနဲ့ ရင်ခွင်ပိုက်ခါ ရင်နင့်အောင် ခံစားလာကြတယ်။ နောက်ပိုင်းတော့ အဲဒါတွေကို တကယ့် ချမ်းသာလို့ ထင်နေကြတယ်။ တနေ့နေ့ တချိန်ချိန်မှာ ပုဂံဘယ်ပြေးမလဲဆိုတော့ ဆင်းရဲလား ချမ်းသာလား မသိအောင်ဖြစ်ပြီး လောကဓံကို ကောင်းကောင်းကြီးခံစားရပြန်တယ်။ အဲဒါတွေကို စဉ်းစားလေတိုင်းမှာ ဘ၀ဆိုသောအရာ လောကဓံဆိုသောအရာတွေကို ကြောက်လာမိတယ်။ ဒါပေမဲ့ ဘယ်သူကမှ မရှောင်နိုင်သလို ဘယ်သူမှလည်း မလွတ်နိုင်ခဲ့ဘူး။ ဘာဖြစ်လို့ ဒီလိုဖြစ်လာကြတာလည်းဆိုတော့ မသိမှုတွေ ပေါင်းစပ်လာလို့သာဖြစ်ချေသည်။ ဘ၀စကတည်းက ဆင်းရဲခြင်း ဘ၀ဆုံးသော်လည်း ဆင်းရဲခြင်းက လာရောက်ကြိုဆိုနေမြဲပင်ဖြစ်သောကြောင့်လို့ ယူဆမိတယ်။ ဒီတော့ သူငယ်ချင်း မင်းတို့ငါတို့ ရိုးရိုးလူတန်းစားတွေ မလှုပ်နိုင်အောင် ရင်နင့်အောင် ခံစားရစမြဲပင်ဖြစ်ပါသည်။ ဘ၀တွေဘယ်လိုပင် ပြောင်းလွဲသွားပါစေအုန်းတော့ မင်းတို့ငါတို့ရဲ့ ဘ၀သည် ဆင်းရဲခြင်း ချမ်းသာခြင်းသာ အဆုံးသတ်လေတော့သည်။
နောက်တနေ့ နံနက်မိုးသောက်ယံရောက်လာသောအခါ နေ့စဉ်ကြားနေရသော ကျေးငှက်လေးများရဲ့ တေးသံလေးတွေနဲ့အတူ မိုးသောက်ယံ ကျော်လွန်၍ အလင်းရောင်သန်းလာသော နေမင်းကြီးကို အံတုခါ မာန်မရှိသော်လည်း ဟန်အပြည့်နှင့် အိပ်ရာထဲက နိုးထလာခဲ့သော မောင်မောင် တယောက် မျက်နှာသစ် သွားတိုက် ကိုယ်လက်ကျန်းမာရေး လုပ်ဆောင်ပြီး အလုပ်ဆီကို သွားမည်ကို ဟန်ပြင်နေစဉ်တွင် သူငယ်ချင်း တယောက်ရောက်လာပါသည်။ သူငယ်ချင်းက မင်း မနေ့က ပြောသော အတွေးအခေါ်တွေ အရမ်းကောင်းတယ်။ အဲဒါကြောင့် မင်း ကိုယ်ပိုင် မှတ်စုလေး တခု လုပ်ပါရန် ပြောလာပါသည်။ အင်း...ငါလည်း လုပ်ဖို့ကြိုးစားနေပါတယ်။ ဒါပေမဲ့ ငါတို့ နံနက်ခင်း နေမင်း အံမတုနိုင်သော် လည်း ဟန်မပြနိုင်သော အားမာန်တွေနဲ့ အလင်းရောင်မကွယ်ခင် အလုပ်တွေကို လုပ်နေကြသောအခါဖြစ်သောကြောင့် စာရေးဖို့ မစဉ်းစား နိုင်သေးတာပါ။ အခုတော့ ငါတို့ အလုပ်သွားကြစို့။ နောက်မှ ဆက်ပြောကြတာပေါ့။ အင်း ကောင်းပါတယ် သူငယ်ချင်း။ ဒီလိုနဲ့ အလုပ်ကို ဆက်လုပ်ရင်ပြီး ညနေ ဆည်းဆာကလည်း ကျလာပြီး အလုပ်ကလည်းသိမ်းသော်အခါ မောင်မောင်တို့ သူငယ်ချင်း တစ်စု အိမ်ပြန်ရန်ပြင် နေသည်။ အိမ်ပြန်ခရီးကို စတင်ထွက်လာသော လမ်းတလျှောက် မောင်မောင်က သူငယ်ချင်းတွေကို လက်တွေ့ကျသော ဘ၀ရဲ့လောကဓံ အကြောင်းကို ပြောပြပါသည်။ သူငယ်ချင်းတွေကလည်း လောကဓံအကြောင်းကို ပြောနေကြသည်။ လောကဓံဆိုတာ လူသားတွေရဲ့ မိတ်ဆွေဖြစ်သလို ရန်သူလည်းဖြစ်နိုင်ပါသည်။ မိတ်ဆွေဆိုတာကလည်း မိမိကိုယ် ချစ်ခင်တက်သော သဘောလည်း ရှိသည်။ မိမိကိုယ် ချီးမွန်းတက်သော သဘောလည်းရှိပါသည်။ ချမ်းသာတက်သော သဘောလည်းရှိပါသည်။ ပြည့်စုံတက်သော သဘောလည်းရှိသည်။ အခြွေရံ များသော သဘောလည်းရှိပါသည်။ အဲဒါတွေက မိတ်ဆွေဟု ခေါ်လို့ရပါသည်။ သို့သော် ရန်သူလည်းရှိသေးသည်။ ထိုအရာတွေက ချစ်ခင်မှု မရှိသော သဘောလည်းရှိသည်။ ချီးမွန်းခြင်းကင်းမဲ့သော သဘောလည်းရှိသည်။ ဆင်းရဲခြင်း သဘောလည်းရှိသည်။ မပြည့်စုံခြင်း သဘောလည်း ရှိပါသည်။ အဲဒါတွေကတော့ ရန်သူလို့ခေါ်ရမည်ပင်ဖြစ်သည်။ မောင်မောင် က သူငယ်ချင်းတွေကို ပြောပြပါသည်။ သူငယ်ချင်းတွေက မောင်မောင်ပြောတာကို လက်ခံပါသည်။ အင်း အဲဒါဆိုရင် လောကဓံဆိုတာ ပန်းခင်းလမ်း မဟုတ်သော ဘ၀ခရီးကြမ်း လျှောက်လှမ်းချက်သာဖြစ်မည်ဟု သူငယ်ချင်းများက မောင်မောင်ကို ပြောလိုက်ပါသည်။ တကယ်တော့ ပန်းခင်းလမ်းသည် ပညတ်သဘော ကြောင့် ဓာတ်သက်ပါလာတယ်ဆိုသော အဓိပ္ပာယ်လောက်သာပင်ဖြစ်ပါသည်။ လောကဓံ အတွက် ဥပမာ မရှိသလောက် ရှားလှပါသည်။ ဘာကြောင့်လည်းဆိုတော့ လောကဓံသည် ရင်ဆိုင်ရသော လူသားတွေ အပေါ်မှာမူတည်ပါသည်။ သဘောအားဖြင့် ငါတို့ရင်ဆိုင်ရသော လောကဓံနှင့် မင်းတို့ ရင်ဆိုင်ရသော လောကဓံ မတူကြသောကြောင့်ပင် ဖြစ်ပါသည်။ မိသားစု လောကဓံ အသိုင်းဝိုင်း လောကဓံ မိတ်ဆွေ လောကဓံ စသည်များစွာရှိနေခြင်းကြောင့်သာဖြစ်ပါသည်။ ကဲ သူငယ်ချင်းတို့ ငါတို့လည်း အိမ်နားရောက်လာကြပြီးလေ မနက်မှပဲ ဆက်ပြောကြတာပေါ့။ အခုတော့ ကိုယ်စီ လောကဓံက ခိုင်းနေသမျှ ကို ဆက်လှုပ်ရှားဖို့နှင့် ၀မ်းစား ဖြည့်ရအုန်းမယ်လေ ပြန်လိုက်ပါအုန်းမယ်နော်........
No comments:
Post a Comment