သူတော်ကောင်းတို့ ငြိမ်းချမ်းရေး စံအိမ်
လူနှင့် မူ ၊ အကျင့်နှင့် အယူ ၊
မတူညီလှ ၊ လူ့ဘဝကား ၊
သူ၏ တန်ဘိုး ၊ ကိုယ့် တန်ဘိုးတို့ ၊
အညီအမျှ ၊ သိဖို့ ခက်လှစွာတည်း...။
ခေါင်းဆောင် လူဗိုလ် ၊ များသူတော်ကား ၊
လက်အောက်လည်း ကြည့် ၊ ပြည်လည်း တင့်၏...။
ဆန့်ကျင် မမူ ၊ လူ သူတော်ကား ၊
မဆန့်ကျင်ခဲ့ ၊ ခန္တီဆက်၏...။
မမိုက်မဲ သူ ၊ လူ သူတော်ကား ၊
မမိုက်မဲခဲ့ ၊ ခန္တီဆက်၏....။
အတ္တ မာန်မမူ ၊ လူ သူတော်ကား ၊
အနတ္တလက်စွဲ ၊ အောင်လံ မြဲတည်း.....။
မတူညီလှ ၊ လူ့ဘဝကား ၊
သူ၏ တန်ဘိုး ၊ ကိုယ့် တန်ဘိုးတို့ ၊
အညီအမျှ ၊ သိဖို့ ခက်လှစွာတည်း...။
ခေါင်းဆောင် လူဗိုလ် ၊ များသူတော်ကား ၊
လက်အောက်လည်း ကြည့် ၊ ပြည်လည်း တင့်၏...။
ဆန့်ကျင် မမူ ၊ လူ သူတော်ကား ၊
မဆန့်ကျင်ခဲ့ ၊ ခန္တီဆက်၏...။
မမိုက်မဲ သူ ၊ လူ သူတော်ကား ၊
မမိုက်မဲခဲ့ ၊ ခန္တီဆက်၏....။
အတ္တ မာန်မမူ ၊ လူ သူတော်ကား ၊
အနတ္တလက်စွဲ ၊ အောင်လံ မြဲတည်း.....။
(အထူးမှတ်ချက်)
ရှုပ်ထွေး လောကဓံ ၊ လူ့ နံရံတွင် ၊
ပေကျံ ရစ်ထွေး ၊ ညစ်ပေဆဲမို့ ၊
ရုန်းကန် ထွက်ပေါက် ၊ ရှာကာ ဖောက်လည်း ၊
ကိလေသာ အညစ် အကြေး ၊ ယိုစီးနေမြဲ ၊
သည်ခန္ဓာတွင်းမှာ ၊ ရုပ် နာမ် ဖြစ် ပျက် ၊
သတိ စက်ဖြင့် ၊ ဝင်သက် ထွက်သက် ၊ တိုင်းတာ မှတ်၍ ၊
လက္ခဏာ သုံးရပ် ၊ အခြေခံလျက်ပင် ၊
အနိစ္စ ဒုက္ခ အနတ္တ မမြဲခြင်း သဘောတရား
ဆင်းရဲခြင်းနှင့် အစိုးမရခြင်း သဘောတရားဖြင့်
ဤကိုယ်ကာယ ၊ မှန်သမျှ၌ ၊ ယိုထွက် ပျက်စီးခြင်းပါ တကား ......။
ရှုပ်ထွေး လောကဓံ ၊ လူ့ နံရံတွင် ၊
ပေကျံ ရစ်ထွေး ၊ ညစ်ပေဆဲမို့ ၊
ရုန်းကန် ထွက်ပေါက် ၊ ရှာကာ ဖောက်လည်း ၊
ကိလေသာ အညစ် အကြေး ၊ ယိုစီးနေမြဲ ၊
သည်ခန္ဓာတွင်းမှာ ၊ ရုပ် နာမ် ဖြစ် ပျက် ၊
သတိ စက်ဖြင့် ၊ ဝင်သက် ထွက်သက် ၊ တိုင်းတာ မှတ်၍ ၊
လက္ခဏာ သုံးရပ် ၊ အခြေခံလျက်ပင် ၊
အနိစ္စ ဒုက္ခ အနတ္တ မမြဲခြင်း သဘောတရား
ဆင်းရဲခြင်းနှင့် အစိုးမရခြင်း သဘောတရားဖြင့်
ဤကိုယ်ကာယ ၊ မှန်သမျှ၌ ၊ ယိုထွက် ပျက်စီးခြင်းပါ တကား ......။
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment