ခံစားချက် တံခါး အဖွင့်မှားသော နေ့
ဘဝမှာ အကြိမ်ကြိမ် ခံစားချက်ကို ရှေ့တန်းတင်ပြီး
အကောင်း အဆိုး မသိနိုင်ပဲ
သူတစ်ပါးတွေအပေါ် အပြစ်မလုပ်မိစေနဲ့....။
လူဟာ ခံစားချက်တွေ ရှေ့တန်းတင်တာများလာလျှင်
စေတနာဟာ ဝေဒနာ ဖြစ်တတ်တယ်...။
ဝေဒနာများလာလျှင် စိတ်အတွင်းကြေလို့
ဒေါသ အမျက်တွေ မျက်ရည်ပူတွေ ဖြစ်လာတတ်တယ်...။
ဒေါသအပူများလာလျှင် စိတ်အတွင်းကြေလို့
ပေါက်ကွဲ ယိုစီးလာသည့် အာဃာတ အငြိုးတွေ ဖြစ်လာတတ်တယ်...။
အာဃာတ အငြိုးတွေ ဖြစ်လာလျှင်
ကိုယ့်အသိုင်းဝိုင်းမှာ အထီးကျန် လူဖြစ်လာတယ်....။
အထီးကျန် လူဖြစ်လာလျှင် အများအကျိုး သယ်ပိုးနိုင်သည့်
လူ တစ်ယောက် မဖြစ်နိုင်တော့ပါ...။
အများအကျိုး သယ်ပိုးနိုင်သည့် လူတစ်ယောက် မဖြစ်တော့ဘူးဆိုရင်
လူဖျင်း လူအ ဖြစ်သွားလိမ့်မည်.....။
လူဖျင်း လူအ ဖြစ်လာလျှင်
အသိပညာ အတတ်ပညာဆိုတာ မသိနိုင်တော့ပါ....။
အသိပညာ အတတ်ပညာ မရှိသော သူသည်
မိတ်ကောင်း ဆွေကောင်ဆိုတာ မကွဲခြားနိုင်တော့ပါ....။
မိတ်ကောင်း ဆွေကောင် မရှိသော သူသည်
ချမ်းသာသုခဆိုတာ မရှိနိုင်တော့ပါ....။
ချမ်းသာသုခ မရှိသော သူသည်
မည်သို့သော ကုသိုလ်တရားကိုမှ မလုပ်နိုင်တော့ပါ...။
ကုသိုလ်တရား မပြုလုပ်နိုင်သော သူသည်
နောက်ဆုံး အန္တိမ ပန်းတိုင်ဖြစ်သော
မြတ်နိဗ္ဗာန် ချမ်းသာကို မည့်သို့ မျက်မှောက်ပြုနိုင်မည်နည်း. .....။

မြတ်နိဗ္ဗာန် ချမ်းသာကို မည့်သို့ မျက်မှောက်ပြုနိုင်မည်နည်း.
တက္ကသိုလ်မြတ်မင်း
No comments:
Post a Comment