ဒါကြောင့် လွယ်လွယ်နဲ့ နည်းစနစ် တစ်ခုရဲ့ အောက်နေကြတာ ဖြစ်ပါတယ်။ ဘာကြောင့်လည်း ကျားကွက်ကစားသလို ဖြစ်နေမှာစိုးတယ်။ King ဖြစ်ဖို့အတွက် အစားထိုး ကျားကလေးတွေ ကျွေးတာမျိုးဆိုရင် နစ်နာရမှာက အောက်က ဘာမှ မသိတဲ့ ငါတို့ပါ။ တကယ်ဖြစ်သွားတာ တယောက်ဆိုနိုင်သလို.....
အနန္တသူရိယ အမတ်ကြီး ပြောသလို ဖြစ်နေမှာလေ။
သူတည်း တယောက် ကောင်းဖို့ရောက်မှု
သူတယောက်မှာ ပျက်လင့်ကာသား
ဓမ္မတာတည်း....လို့ ဆိုထားပါတယ်..။
အကြောင်းတစ်ခုခုကြောင့် လူမျိုးရေး အမုန်းပေါ် အမုန်းဆင့်နေတဲ့အခိုက် တိုက်ခတ်မှုတွေ ဖြစ်လာကြသလို ပညာရှင်တွေရဲ့ နည်းဗျူဟာတွေ သူဘက်က အားပြိုင် ကိုယ့်ဘက်က အားပြိုင်တာမျိုး ဖြစ်လာခဲ့ကြရင် လည်း အောက်က ဘာမှမသိကြတဲ့ လူတွေ နစ်နာလှပါတယ်။
တကယ်တော့ လူမျိုးရေးကို ကျွန်တော်တို့ ယုံကြည်မှုပေးထားတဲ့ လက်ရှိ ပညာရှင်တွေနဲ့ ခေါင်းဆောင်တွေ အကောင်းဆုံး လုပ်ပေးနိုင်တယ်ဆိုတာ ယုံကြည်လို့ ခေါင်းဆောင်အဖြစ် လက်ခံထားတာပါ။
ဒါပေမဲ့ တဖက်ကို အပြစ်ပုံချချင်လို့ အရင်တုန်းက မရှိခဲ့တဲ့ နည်းတွေနဲ့ ပြဿနာ မဖြစ် ဖြစ်အောင် လုပ်ပြီး ဖြစ်လာတော့ အတိုက်အခံကို ဘယ်သူက ဘယ်ကိစ္စကို ဘာမှ မလုပ်ပေးနိုင်ဘူး၊ ဘယ်သူကတော့ လုပ်ပေးနိုင်တယ် ဆိုတာ ငြင်းဆို တိုက်ခိုက်နေတာထက် အများကောင်းကျိုး လိုလားတဲ့ ခေါင်းဆောင်ဖြစ်လာမှတော့ ဒါတွေ ပြောနေဖို့ထက် အကောင်းဆုံး ဘယ်လို လုပ်ပေးရမယ်ဆိုတာ အကောင်းဆုံး အဖြေဖြစ်ပါတယ်...။
ဒါလေးတွေ စဉ်းစားတွေးခေါ်ပြီး လုပ်သင့်တာ လုပ်ဖို့နဲ့ ငြိမ်းချမ်းရေး စာသားရေးရင်း အကြံပြုလိုက်ပါတယ်။
No comments:
Post a Comment