Friday, June 1, 2012

''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''


''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''


ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာထိုင်ဖို့ဖိတ်ခဲ့ပါတယ်.......ကျမ ပထမ တော့ စက်ခလုပ်တွေကြည့်ပြီးအံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစားသွားပါတော့တယ်.............အခုဘာတွေခြာနားနေပြီဆိုတာသိလိုက်ရပါတယ်..
ကျမအတွေးထဲမှာဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ စွမ်းအင် နဲ့ပတ်သက်ပြီး ပေါ်လစိကောင်းကောင်းလိုနေတယ်ဆိုတာပါဘဲ...............

ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ကျွန်မတို့နိုင်ငံသားအားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။
အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။



ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ နိုင်ငံရဲ့သိက္ခာကိုထိန်းသိမ်းသောအားဖြင့်ကျွန်မတို့နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုတတ်နိုင်သမျှ ကျွန်မတို့ ကာကွယ်ပေးရမယ်
။အဲဒီဟာကိုလည်း ကျွန်မတို့ ကြိုးစားပြီးတော့ လုပ်ဆောင်သွားပါမယ်လို့ ကျွန်မ ပြောပါရစေ

မြန်မာနိုင်ငံမှာ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးနိုင်မယ့် ပြည်ပရင်းနှီးမြုပ်နှံမှုတွေ လိုလားတယ်။ မြန်မာနိုင်ငံက လူငယ်တွေအကြား အလုပ်လက်မဲ့နှုန်းမြင့်မားနေပြီး၊ အဆင့်မြင့်ပညာရေးထက် အခြေခံ ပညာနဲ့ သက်မွေးဝမ်းကျောင်းပညာရပ်တွေ လိုအပ်နေပါတယ်-ဒီ့အတွက် ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိတို့ အကျိုးအမြတ်တခုတည်းကိုမကြည့်ပဲ မြန်မာလူငယ်တွေ အလုပ်အကိုင်ရရှိစေမဲ့ ရင်းနှီးမြုပ်နှံမှုတွေကိုဘဲ လိုလား တယ်

မြန်မာနိုင်ငံမှာ မညီမျှမှုတွေ၊ အဂတိလိုက် စားမှုတွေကို တိုက်ဖျက်သွားဖို့ လိုအပ်နေတာမို့၊ မညီမျှမှုတွေနဲ့ အဂတိလိုက်စားမှုတွေကို ပိုဖြစ်စေမယ့် ရင်းနှီး မြုပ်နှံမှုမျိုးကိုတော့ မလိုလားဘူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် မေလ(၃၀)ရက် ဘန်ကောက်ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲအခမ်းအနား တက်ရောက်လာတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့အလည်မှာ ဒေါ်အောင်ဆန်းစုကြည် ဟာ ကြယ်တစ်ပွင့်လို တောက်ပနေကြောင်း ဘန်ကောက်ကပေးပို့တဲ့ The Canadian Press သတင်း မှာ ရေးသားထားပါတယ်။

အစည်းအဝေးတက်ရောက်လာတဲ့ သံတမာန်တွေနဲ့ စီးပွားရေးသမားတွေဟာ သူတိုရဲ့လက်ကိုင်ဖုန်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဓါတ်ပုံရိုက်ယူနိုင်ဖို့အတွက် ၀ရုန်းသုန်းကားတိုးဝှေ့ နေခဲ့ကြပါတယ်။

အခမ်းအနားတက်ရောက်လာတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်း-ပစ်ဆူဝမ်က အစည်းအဝေးခန်းမတစ်ခုလုံး လူတွေပြည့်နေတာပါဘဲ-ကျနော်တို့လို မိန့်ခွန်းပြောမဲ့လူတွေကြောင့်လား၊ ဒါမှမဟုတ် ဂုဏ်သရေရှိတဲ့ အမျိုးသမီးကြောင့်လား-ဆိုတာတော့ ကျနော်လည်း မသိပါဘူး-လို့ ဒေါ်အောင် ဆန်းစုကြည်ကို ရည်ညွှန်းပြောဆိုသွားပါတယ်။ .

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်.ဓါတ်ပုံတွဲရိုက်ချင်တယ်ဆိုတာတွေဟာ မြန်မာပြည်ကခပ်တိမ်တိမ်လူတွေတွေးသလိုအဖေကြောင့်ကျော်ကြားတဲ့သူ.အပြင်မှာမမြင်ဘူးတဲ့လူမိုလို့အထူးအဆန်းတွေ့ချင်တာဆိုတာတွေကမှားယွင်းကြောင်းအခုနိုင်ငံတကာအသိုင်းအဝိုင်းကသံတမန်တွေပညာရှင်တွေကသက်သေပြလိုက်ပါပြီ...

သူတို့ဟာဒီလိုစိတ်ရှိတဲ့လူတွေမဟုတ်တဲ့အတွက်ဟီလာရီကလင်တန်ကိုလဲဒီလိုမဆက်ဆံခဲ့သလို..ဟောလီဝုဒ် မင်းသား မင်းသမီးအကျော်အမော်တွေကိုလဲဒီလိုသဲသဲလှုပ်နေမဲ့လူတန်စားမဟုတ်ပါဘူး..
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးမားတဲ့ ဂုဏ်သိက္ခာတွေကို လေးစားဂုဏ်ယူတဲ့အတွက်တစ်သက်မှာ တစ်ခါတွေ့ကြုံခိုက် အမိအရ မှတ်တမ်းတင်နေချင်ကြတာပါ..

မြန်မာအစိုးရအနေဖြင့်လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွင်တရားဥပဒေစိုးမိုးခိုင်မာမှုအတွက် ချက်ချင်းလုပ်ဆောင်ရန်နှင့် တိုင်းပြည် တွင်း အကျိုးဖြစ်ထွန်းစေမည့်ရင်းနှီးမြုပ်နှံမှုများကို အားပေးဖော်ဆောင်သွားရန်လိုအပ်ကြောင်း မြန်မာနိုင်ငံသည်တရားဥပဒေစိုးမှုအပြင်နိုင်ငံခြားရင်းနှီးမြုပ်နှံသူများအတွက်လုံခြုံစိတ်ချရသောအာမခံချက်လိုအပ်ကြောင်း..

။“ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမြုပ်သူတွေ အနေနဲ့ အင်မတန်မှကောင်းမွန်တဲ့ ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ဥပဒေတွေ ရှိနေခဲ့ရင်တောင်မှ ဒီဥပဒေကို သန့်ရှင်းလွတ်လပ်စွာ အသုံးပြုခွင့် ရတယ် မရဘူးဆိုတာကို သတိထားစေချင်ပါတယ် ”

မြန်မာ နိုင်ငံမှာ ဥပဒေကောင်းတွေ ရှိနေပြီး ယင်းဥပဒေကို အဓိကကျောရိုးဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာတွင် သန့ှ်ရှင်းလွတ်လပ်စွာ ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ၊
ကမ္ဘာပေါ်တွင် မည်မျှ ကောင်းသောဥပဒေပင်ဖြစ်ပါစေ လက်တွေ့အသုံးချမှုမရှိလျှင် အသုံးဝင်သည့် ဥပဒေတစ်ရပ် ဖြစ်လာမည် မဟုတ်ကြောင်း ...

မြန်မာနိုင်ငံ တွင်းအလုပ်အကိုင်အခွင့်အလမ်းပိုမိုရရှိစေသည့် ရင်းနှီးမြုပ်နှံမှုများ ဖန်တီးပေးရန်
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား စီးပွားရေး ကွာဟမှုသည် များစွာကြီးမားကြောင်း
“ စီးပွားရေးကွာဟမှု ကျဉ်းမြောင်းသွားအောင် ကျွန်မတို့လုပ်ရမယ်။ ထိုင်းနိုင်ငံထဲကို များပြား တဲ့ရွေ့ပြောင်းလုပ်သားတွေ ရောက်ရှိနေတယ် ဆိုတာကျွန်မတို့နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိပဲဖြစ်တယ်”

ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဆွေးနွေးပွဲတွင် ၄င်းအနေဖြင့် အထပ်ထပ်အခါခါပြောကြားခဲ့သည့် ကိစ္စရပ်သည် အကျင့်ပျက်ခြစားမှုနှင့် မျှတမှုမရှိသည်များအား အမြစ်ပြတ်ချေမှုန်းရန် လိုအပ်သည့် အကြောင်းဖြစ်သည်။


http://www.facebook.com/photo.php?fbid=237630356346980&set=a.166792386764111.31251.100003000533611&type=1

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...