လူသားတယောက်၏ မမေ့နိုင်သော အရာတွေထဲမှာ ဘုရား တရား သံဃာ မိဘဆရာ သူတော်ကောင်း နှင့် ခင်ပွန်းကြီး အားလုံးတို့ပင်ဖြစ်သည်။ ထိုအရာတွေထဲတွင် မိဘနှစ်ပါးသည် မိမိတို့ ငယ်စဉ်ကလေးဘ၀မှ စရ်ျ သွန်သင်ဆုံးမပေးသော လက်ဦးဆရာလည်း ဖြစ်သကဲ့သို့ မိမိတို့ဘ၀ လမ်းညွန်လည်းဖြစ်သည်။ ထိုအရာတွေသည် မိမိတို့ဘ၀၏ ကျေးဇူးရှင်ပင်ဖြစ်သည်။ မိဘတိုင်း မြတ်နိုးတက်သော မေတ္တာရေစဉ်သည် မည်ကဲ့သို့သော အတိုင်းအတာ ပမာဏ ဟူသည် မရှိချေ။ ထို့အပြင် မည်သူ တစ်ဦးတယောက်မျှ တားမြစ်သော်လည်း တားမြစ်ခြင်းငှာ မစွမ်းနိုင်ခြင်းဖြစ်သည်။ အကယ်ရ်ျ တဦးတယောက်က တားဆီးလာလျှင်လည်း မိဘနှစ်ပါးတို့က မိမိတို့ သားသ္မီး ရတနာ အပေါ် မပျက်စီးသော မေတ္တာမျိုးဖြစ် မြတ်နိုးနေမြဲပင်ဖြစ်သည်။ အကယ်ရ်ျသာ တဦးတယောက်က သုတလည်းကြွယ် ဗဟုသုတကြွယ်ဝရ်ျ ပညာရှင်ဖြစ်ပေကား ပြောစရာ မလိုအပ်သော အသိတရားတို့ဖြင့် မြတ်ဗုဒ္ဓ ဟောဖော်ညွန်ပြ ဆိုဆုံးမ ထားသော မိဘမေတ္တာ အကြောင်းကို သိမည်ထင်ပါသည်။ ပိုရ်ျထူးသည်မှာ မြတ်ဗုဒ္ဓ ဟောဖော် ညွန်ပြထားသော ပါဠိတော် တစ်ပုဒ်ရှိပေသည်။ ထိုအရာသည်ကား....... မာနေတိတီ မာတာ ဟူရ်ျ၎င်း မာနေတိ က္ကတိအတ္ထေတိ ဟဒယဿ သမံ ကတွာ ဘ၀ဿ သမံ ကတွာ အာယုဿ သမံ ကတွာပိ မာတာ ပင် ဖြစ်ပေသည်။ မိမိတို့ဘ၀ ဘယ်လိုပင်ဖြစ်ပါစေ အမေ အဖေတို့က မြတ်နိုးကြသလို အသက်နှင့်ရင်းပြီး ဘ၀နှင့်ရင်းပြီး နှလုံးသားနှင်းရင်းပြီး မြတ်နိုးတက်သောကြောင့် မိဘလို့ခေါ်ပါသည်။ ထိုအပြင် မိဘနှစ်ပါးမှ မဟုတ်သေးသော်လည်း မိဘနှစ်ပါး ပမာကဲ့သို့ မြတ်နိုးတက်သလို အသက်နှင့်ရင်းပြီး ဘ၀နှင့်ရင်းပြီး နှလုံးသားနှင့်ရင်းပြီး မြတ်နိုးတက်သော မိဘနှစ်ပါးကိုလည်း မိဘနှစ်ပါးဟူရ်ျ ခေါ်အပ်၏လို့ မြတ်ဗုဒ္ဓက ဟောဖော်ညွန်ပြခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။ ဥပမာကား နကုလပိတာ နကုလမာတာ တို့၏ ဇာတကထဲတွင် မြတ်ဗုဒ္ဓအား သားအရင်းပမာ မြတ်နိုးတက်ပုံကို သိရှိနိုင်ပါသည်။ က်ျကား ထင်ရှားသော ရှားပါးရှာကျန်ပြီး မြတ်နိုးတက်သော ဥပမာပင်ဖြစ်သည်။ ထို့ကြောင့် ဘ၀မှာ အလိုအပ်ဆုံးတရားသည် မိမိတို့ အပေါ်တွင် ကျေးဇူးတရားရှိသောသူနှင့် ကျေးဇူးရှင်တို့၏ အကြောင်းပင်ဖြစ်သည်။ မည်သို့ပင် အမြင့်သို့ ရောက်ပါစေအုန်း ထိုအရာတွေကို မမေ့သင့်သော အရာတွေပင်ဖြစ်သည်။ တခါတရံ သူတစ်ပါးထက် မိမိကိုယ်တိုင်ပင်မေ့တက်ပါသည်။ ထိုအရာကိုပင် ဘ၀မေ့ကြောင်း တရားဟုခေါ်သည်။ မည်ကဲ့သို့သော ဘ၀ကိုရောက်ပါစေ ကျေးဇူးတရားရှိသူနှင့် ကျေးဇူးရှင်တို့အကြောင်း မမေ့သော သတိတရားဖြစ် ဘ၀ကို အောင်မြင်စွာ ရပ်တည်နိုင်ပါစေ ဟု ရေးသားရင်း နိဂုံးချုပ်အပ်သည်။
ပုည(ရာမည)
ပုည(ရာမည)
No comments:
Post a Comment