Saturday, March 16, 2013

အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း


 
အောင်ဆန်းသမီး ရလိုက်တာ အလွန်ကံကောင်းခြင်း 
 
by

သီတဂူဆရာတော်

လက်တလော လက်ပန်တောင်းတောင် အရေး ဖြေရှင်းပေးနေသော ဒေါ်အောင်ဆန်းစုကြည် အား လက်ပန်တောင်းတောင် ဒေသမှ တချို့ချို့သော သူတွေရဲ့ ၀ိုင်းအော်၊ ၀ိုင်းကန့်ကွက်ခဲ့တာနဲ့ ပက်သက်ပြီး သီတဂူဆရာတော်ကြီး မိန့်မှာထားသည်မှာ အလွန့်လွန်ကောင်းလှသည်၊ တန်ဖိုးကြီးမားသည့် မိန့်ခွန်းဖြစ်သောကြောင့် ပြည်သူများ ဖတ်ရှုနိုင်ရန် အသံဖိုင်မှ စာအဖြစ် ကူးပြီး တင်ပါသည်။

နှစ် ၆၀ ဆူးခင်းသောလမ်းခရီး

ပြည်ထောင်စုမြန်မာနိုင်ငံ Union Of Myanmar ရဲ့ သမိုင်းကြောင်းကို အဲဒီလို သည်းမခံနိုင်တာတွေ၊ ခွင့်မလွတ်နိုင်တာတွေ၊ မစွန့်လွတ်နိုင်တာတွေ၊ မမေ့ပျောက်နိုင်တာတွေ၊ အားကြီးလွန်းတယ်၊ Union Of Myanmar ဆိုတဲ့ ပြည်ထောင်စု မြန်မာနိုင်တော်ကြီးဟာ အို---တခါတည်း သွေးချောင်းစီးပြီးတော့ ထပ်တလဲလဲ ပစ်ကြခက်ကြ သတ်ကြဖြတ်ကြ ဖမ်းဆီးကြ နိပ်စက်ကြနဲ့ ဒီလိုတွေ ဖြစ်လာခဲ့တာ။ အဲဒီတော့ ဒို့ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သက်တမ်းဟာ လွတ်လပ်ရေးရပြီးခါစကထဲက အခုထိ ပြန်ကြည့်ရင် နှစ် ၆၀ ကျော်ကျော် ရှိလာခဲ့ပြီ။ အနှစ် ၆၀ တို့ကာလပတ်လုံး၊ ဒီလိုပဲ တစ်ယောက်နှင့် တစ်ယောက် သည်းမခံနိုင်ကြတာတွေ၊ ခွင့်မလွန်နိုင်ကြတာတွေ၊ မစွန့်လွတ်နိုင်ကြတာတွေ၊ နောက်ပြီးတော့ တစ်ယောက်ရဲ့ အပြစ်ကို တစ်ယောက်က မမေ့ပျောက်နိုင်ကြတာတွေ၊ အဲဒါတွေကြောင့် အခုထိ စည်းလုံးညီညာမှုနှင့် ငြိမ်းချမ်းသာယာရေး၊ ပြီးတော့ လက်တွဲဆောင်ရွက်ခြင်း၊ အင်္ဂလိပ်လို တစ်လုံးနှစ်လုံးပြောရင် လက်ခံကြစမ်းပါ၊ Peace ရယ် Harmonious ရယ် Co-exist ရယ် ဒီကနေ့ထိ မရသေးဘူး။

အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါ

ပြီးတော့ ငါပြောချင်တာက လက်ပန်တောင်း တစ်ပတ်လည်က လူတွေရော တစ်နိုင်ငံလုံးက လူတွေရော လူမျိုးမရွေး ဘာသာမရွေး၊ တိုင်းရင်းသား အားလုံး၊ အထူးသဖြင့် မြန်မာ့မြေပုံပေါ်မှာ မွေးတဲ့ သူတွေ၊ မြန်မာပြည်ထဲမှာပဲ နေနေ အပြင်ဘက်မှာပဲ နေနေ၊ အကုန်လုံးဟာ အချင်းချင်း အပြန်အလှန် ခွင့်လွတ်ကြပါလို့၊ နောက်တစ်ခုက သည်းခံကြပါ၊ သည်းခံတယ်ဆိုတာ အဓိကတော့ ဒေါသကို ထိမ်းချုပ်တာ၊ တစ်ယောက်ကတစ်ယောက် အမှားအယွင်းရှိရင်လဲ ခွင့်လွတ်ကြပါ။ ပုထုဇဉ်တွေဟာ မှားတတ်တာရှိတယ်၊ ကြီးကြီးကျယ်ကျယ်မှားရင် ခွင့်မလွတ်နိုင်ပေမဲ့ အနည်းငယ်မျှမှားတာတွေ အကုန်လုံး ခွင့်လွတ်ကြပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးတယ်။

အဲဒီအခြေခံ မူသုံးချက်ကွာ၊ ငါအဲဒါ သဘောကျထားတာ။ နိုင်ငံတော်မှာ လူတွေဟာ အဲဒီလို ကျင့်သုံးနိုင်ခြင်းမရှိကြတဲ့အတွက်ကြောင့် ရန်ဖြစ်ကြ၊ သတ်ကြ၊ ဖြတ်ကြ၊ ပစ်ကြ ခက်ကြနဲ့ နှစ် ၆၀ ကျော်ပြီး ဆူးခင်းတဲ့ ခရီးကြမ်းကြီးကို ဒို့နိုင်ငံသားတွေ ဗမာတွေ၊ ချင်း၊ ကချင်၊ ရှမ်း၊ မွန်း၊ ကယား၊ ရခိုင်၊ ကရင် လူမျိုးစု တစ်ရာကျော်ဟာ ဆူးခင်းတဲ့လမ်းကြီးကို လျှောက်လမ်းခဲ့တာ ကြာလှပြီပဲ။ ဒီကနေ့ အဲဒီခရီးကြမ်းကြီးဟာ ဆုံးတော့မယ်၊ မြန်မာတွေဟာ ကိုယ့်ကိုယ်ကို Golden Myanmar, Golden Land ဒီလိုပြောတယ်။ အဲဒါကြောင့် ရွှေမြန်မာတို့က Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ခါနီးအနေအထားမှာ အကုန်ရောက်ကြပြီ။ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ဖွင့်ဖို့ အနေအထား ရောက်တာဟာ မစုခေါင်းဆောင်တဲ့ NLD အဖွဲ့ဝင်တွေအားလုံးနှင့် သမ္မတကြီး ဦးသိန်းစိန် ခေါင်းဆောင်တဲ့ စစ်ဗိုလ်ချုပ်၊ ဗိုလ်ချုပ် လူထွက်တွေ လက်တွဲနိုင်ကြလို့ ဖြစ်တာ။ အဲဒီလို လက်တွဲတာကို စွဲစွဲမြဲမြဲ ဆက်တွဲနိုင်ဖို့ရာ အရေးကြီးတယ်၊ အဲဒီလို ဤနှစ်ဦးသား လက်မတွဲနိုင်ဘူးဆိုလို့ရှိရင်၊ လက်တွဲဖို့ သည်းမခံနိုင်ဘူးဆိုရင်ပေါ့၊ မစွန့်လွတ်နိုင်ကြဘူးဆိုရင်ပေါ့၊ ခွင့်မလွတ်နိုင်ဘူးဆိုရင်ပေါ့ လက်တွဲဟာ ပြုတ်သွားပြီ။ အဲဒီလက်တွဲပြုတ်သွားရင် ဆူးခင်းတဲ့လမ်းကြမ်းကြီးပေါ်မှာပဲ အားလုံး ဆက်လျှောက်ကြအုံးမှာ၊ ဆူးခင်းတဲ့လမ်းကြမ်းကြီးက အခု ဆုံးခါနီးပြီ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကို ရွှေမြန်မာတွေက အခု စတင်ဖွင့်တော့မှာ။ သော့ကလေး ရှာနေတာ၊ ဘယ်သော့နဲ့ ဘယ်လို ဖွင့်မလဲဆိုတာ ရှာနေတဲ့အချိန်။ အဲဒီအချိန်မှာ အနည်းကလေးမျှသော အကြောင်းကိစ္စကို အခြေခံကို အကြောင်းပြုပြီးတော့ ရန်ဖြစ်ကြမယ်၊ ခွင့်မလွတ်နိုင်ကြမယ်၊ သည်းမခံနိုင်ကြမယ်၊ ရန်တွေ့ကြမယ်၊ သတ်ကြမယ်၊ ဖော်ထုတ်ကြမယ်၊ အဲဒါတွေ စွဲနေကြအုန်းမယ်ဆိုရင် ဒီဆူးခင်းသော လမ်းပေါ်ကို အကုန်လုံး ပြန်လျှောက်ကြရမှာ။ ပြီးတော့ Golden Gate ဆိုတဲ့ ရွှေတံခါးကြီးကလဲ ပိတ်သွားမှာ။

ဒါ့ကြောင့် ရှေးဦးစွာ ငါပြောချင်တာကတော့ ဒီသုံးချက်ပါ။ အားလုံး သည်းခံကြစမ်းပါ။ နောက်တစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် ခွင့်လွတ်ကြစမ်းပါ။ နောက်တစ်ခုက စွန့်လွတ်ခြင်းဆိုတာလဲ အရေးကြီးပါတယ်။

Friday, March 15, 2013

သက်ရောက်မှုကြောင့် ရွာသော မိုး


သက်ရောက်မှုကြောင့် ရွာသော မိုး


ဘဝရဲ့ ခရီး အရှည်ကို
ကိုယ်ပိုင် ဆုံးဖြတ်ခွင့် မရှိပေမဲ့
ကိုယ် လျှောက်လှမ်းသည့်
ခရီး အတိုင်းတာ ပမာဏတွေကိုတော့
ကိုယ် လိုအပ်သလို ထိန်းချုပ်ခွင့် ရှိပါတယ်...။

ဒါပေမဲ့...
ငါဟာ ချို့ယွင်းချက် အပြည့်နဲ့
ရပ်တည်နေရတဲ့ လူတစ်ယောက်ပါ...
ဘဝရဲ့ စာမျက်နှာ အနှစ်ချုပ်ကို ကြည့်တော့
ငါ ကိုယ်တိုင် မပြည့်ဝသေးသူပါ....။

တနေ့တော့...
ငါ ကိုယ်တိုင် သုံးသပ် ဝေဖန်ကြည့်တယ်...
အခက်အခဲတွေ မရင်ဆိုင်ရဲမှုဟာ
ရင့်ကျက်မှု စိတ်ဓာတ်နှင့်
အသိဥာဏ် မပြည့်ဝသေးလို့ပါပဲ...။

Thursday, March 14, 2013

ပေးဆပ်သူတို့ ရင်ခွင်ဟာ အဖြည့်ခံ သက်သက်ပါ


 

ပေးဆပ်သူတို့ ရင်ခွင်ဟာ အဖြည့်ခံ သက်သက်ပါ


 
သဘာဝ ဓာတ်ကြီးလေးပါးရဲ့ 
အငွေ့သက် အားကောင်းမှုနှင့်
ဥယျာဉ်မှူး အမှန်တကယ် 
အမြတ်တနိုး စိုက်ပျိုးထားတဲ့
ပျိုးခင်းထဲက သစ်ပင်ဟာ
ရေသောက်မြစ်ကို မှီတွဲပြီ
အသက်ရှင်သလို
မြေခံကောင်းမှ ရှင်သန်ကြစမြဲလေ....။

တကယ်တော့...
ဥယျာဉ်မှူး တစ်ယောက်ဆိုတာ...
မြေကောင်း မြေသန့်မှာ 
မျိုးစေ့ ကောင်းကောင်းချခဲ့တယ်...
အရာအားလုံး စွန့်ပစ်လိုက်တာ 
နှစ်တွေကြာလွန်ခဲ့ပါပြီ....

တကယ့် တန်ဘိုး မသိသူအတွက် 
တိုက်ခိုက်စရာ ဖြစ်ပေမဲ့
တကယ့် တန်ဘိုး သိသူအတွက် 
မြတ်နိုးစရာပါ...။

အခြေနေ တစ်ခုကို မသိသူအတွက် 
မုန်းစရာ ဖြစ်ပေမဲ့
အခြေနေ တစ်ခုကို သိသူအတွက် 
ချစ်စရာပါ....။

စနစ်ဆိုးတွေအောက် ခေါင်းလျှိုခဲ့ပေမဲ့
စနစ်ကောင်းတွေအောက် 
ခေါင်းမော့လာတဲ့အခါ...။

မခံယူနိုင်သူအတွက် ဒေါသဖြစ်လာခဲ့ပေမဲ့
ခံယူနိုင်သူအတွက် မျက်ရည်မိုးတွေ ပြိုကျမတတ်ပေါ့...။

သင့်တင့်လျှောက်ပတ်သောအခါ တရားရှာ




သင့်တင့်လျှောက်ပတ်သောအခါ တရားရှာ


 
ဥပုသ်စောင့်သွား တရားနာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့နော်
သားနှင့်သ္မီး ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဒါနသီလ ပြုလုပ်ကာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့နော်
မြေးထိန်း မြစ်ထိန်း ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဘာဝနာရှုပွား တရားနာခေါ်
မလိုက်နိုင်သေး ဖြေးဖြေးပေါ့
အိုးထိန်း အိမ်ထိန်း ပစ္စည်းနှင့်ပျော်
အဲဒါလည်း ငါပဲ ငါပဲနော်....။

ဒီဆောင်ပုဒ်လေးတွေအတိုင်းပါပဲ.....
အရာရာတိုင်းဟာ...နိစ္စ သုခ အတ္တလက္ခဏာတိုနှင့် မဖြစ်ကြပါပဲ....
အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာရေး သုံးပါးမှာ ဖြစ်ကြသလို မြင်တတ်သော အမြင် ကြည့်တတ်သော အကြည့်  ကျင့်တတ်သော အကျင့်နှင့် ဘယ်နေရာ ရောက်ရောက် ဘာကိုကြည့်ကြည့် တကယ်လိုအပ်တာကတော့ ယောနိသော မနသိကာရနှင့် ကျင့်တတ်သော အာစာရတို့သာ အရေးကြီးပါတယ်....။

ဘာကြောင့်လည်းဆိုတော့....
ရှေးတုန်းက တိုင်းပြည် တစ်ပြည်မှာ ဘုရင်တစ်ပါးရှိပါတယ်.... အဲဒီ ဘုရင်က သူ၏ မိဖုရား နေထိုင်ရာ အခန်းကို ရောက်လာပါတယ်။ မိဖုရားကြီးကလည်း ရှင်ဘုရင် ကြွလာလို့ နေရာထိုင်ခင်းတွေ ပြင်ဆင်လို့ ဘုရင် သီတင်းသုံးဖို့ နေရာလေးပေးပါတယ်။

ပြီတော့ မိဖုရားကြီးက သူမ သွေးလက်စ သနပ်ခါးကို ဆက်ပြီး သွေးနေပါတယ်။ ဘုရင်ကြီးက မိဖုရားကြီးကို ကြည့်နေပါတယ်။

သို့သော် ဘုရင်ကြီး မိဖုရားကို ကြည့်နေသည့်အချိန်မှာ မိဖုရား သနပ်ခါးသွေးသည့်အတွက်ကြောင့် လက်မှာ ဝတ်ထားသော လက်ကောက်များက တချွင်ချွင် အသံထွက်နေတာကို ဘုရင်ကြီး သတိထားမိသွားပါတယ်။

Sunday, March 10, 2013

ပဋိပက္ခ ပုံစံကို ရှာဖွေခြင်း အပိုင်း (၁)


ပဋိပက္ခ ပုံစံကို ရှာဖွေခြင်း အပိုင်း (၁)


ဒီနေ့ နံနက် ကျေးငှက်တွေရဲ့ တေးသံနှင့် ကိုလံဘိုမြို့ရဲ့ အလှအပဟာ ကျွန်တော်စိတ်ကို ငြိမ်းချမ်းစေခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော် စိတ်ကူးထဲမှာ အတွေးတစ်ခု ဝင်ရောက်လာပါတယ်။

အဲဒါကလည်း ကျွန်တော် လွန်ခဲ့သည့် နှစ်ရက်လောက်က Peace Information and Problem Solving an any Conflicts in the society or organization ဆိုတဲ့ သင်တန်းလေးက ရရှိလာတဲ့ အကြောင်းအရာလေးကို ပြန်လည် မျှဝေပေးချင်တဲ့ ဆန္ဒဖြစ်လာပါတယ်။

ဒါကြောင့် ကျွန်တော် ကိုယ်တိုင် တက်လာတဲ့ ဒီသင်တန်းက ရရှိလာတဲ့ အသိပညာ အတက်ပညာတွေကို အခုလို မျှဝေ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။

ပထမဦးဆုံး ကျွန်တော်တို့ ပတ်ဝန်းကျင်၊ အသိုင်းဝိုင်း၊ အဖွဲ့အစည်းနှင့် ပထဝီဝင် စသည်တို့မှာ (Conflicts) ပဋိပက္ခဖြစ်လာခြင်း အကြောင်းအရာတွေကို (Research) တစ်ခုအနေနဲ့ လေ့လာကြည့်ရမည်ဆိုလျှင် ပြဿနာ ဖြစ်လာခြင်း (Tools, Materials and Facts) အချက်အလက်ပေါင်း များစွာကို တွေ့ကြရမည်သာ ဖြစ်ပါတယ်။

ဒီလို အချက်အလက် Conflict Causative Roots လို့ခေါ်တဲ့ ပဋိပက္ခ အကြောင်းရင်း ရေသောက်မြစ် မရှိပါပဲ ပြဿနာတစ်ခုသည် ဖြစ်ပေါ်လာမည် မဟုတ်ပါ။ ပြဿနာ ဖြစ်ပေါ်လာခြင်း အကြောင်းရင်း ရေသောက်မြစ်ရှိ၍သာ ပဋိပက္ခနှင့် ပြဿနာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

နောက်တစ်ချက်က Conflict Structure ပြဿနာဖြစ်ပေါ်လာခြင်း ပုံသဏ္ဍာန်လည်း ရှိပါတယ်။ ဒီနေရာမှာ Conflict Structure ဆိုတာကတော့ ပြဿနာ ဖြစ်ပေါ်လာခြင်း ပုံစံတစ်ခု ဖြစ်သလို ပြဿနာ ဖြစ်ပေါ်လာသော အကြောင်းရင်း ဖြစ်ပါတယ်။

ဥပမာပြောရလျှင် အိမ် တစ်အိမ်မှာ ညီမနှစ်ယောက်ရှိတယ်။ အဲဒီ ညီမနှစ်ယောက်က တော်တော်လေး ချစ်ချစ်ခင်ခင် နေထိုင်ကြပါတယ်။ တနေ့တော့ သူတို့နှစ်ယောက်က စားပွဲတင်ထားတဲ့ လိမ္မော်သီး တစ်လုံးကို ယူဖို့ပြောတယ်။ အကြီးဖြစ်သူနှင့် အငယ်ဖြစ်သူ တစ်ဦးနှင့် တစ်ဦး ဘာမျှ တိုင်ပင် မနေပါပဲ အဲဒီ လိမ္မော်သီးကို သူလိုချင်တယ် ငါလိုချင်တယ် ဆိုပြီ အငြင်းပွားနေကြပါတယ်။ လိမ္မော်သီးကလည်း ရည်ရွယ်ချက်မတူတဲ့ သူတို့နှစ်ဦး လုယူမှုကြောင့် ပျက်စီး ဆုံးရှုံးသွားပါတယ်။

ဒါပေမဲ့ တစ်ဦးက လိမ္မော်သီး အခွံကို လိုချင်တယ်။ နောက်တစ်ဦးက လိမ္မော်သီး အတွင်းသား အမွှာတွေကို လိုချင်တယ်။ သူတို့ နှစ်ယောက်ရဲ့ ရည်ရွယ်ချက် မတူကြဘူး။ အဲဒါကို သူတို့အချင်းချင်း မောင်နှမဖြစ်သော်လည်း တိုင်ပင်သလားဆိုတော့ မတိုင်ပင်ခဲ့ဘူး။ မတိုင်ပင်ဖြစ်တော့ အငြင်းပွားပြီး တစ်ယောက်နှင့် တစ်ယောက်ခိုက်ရန်ဖြစ်ကြတယ်။

ရက်အနည်းငယ်ကြာလာတော့ တစ်ယောက်နှင့် တစ်ယောက် မခေါ်နိုင် မပြောနိုင် ဖြစ်လာကြတယ်။ ထမင်းလည်း အတူတူ မစားတော့ဘူး။ ကျောင်းလည်း အတူတူ မတက်တော့ဘူး။ မျက်နှာချင်းလည်း မဆိုင်တော့ဘူး။ တစ်ယောက်က ဒီလမ်းသွားရင် အဲဒီ လမ်းကို နောက်တစ်ယောက် မသွားတော့ဘူး။ အဲဒီလိုတွေ တစ်ဦးနှင့် တစ်ဦး ဖြစ်လာကြသလို စကားပြောသည့်အခါမှာလည်း အတိတ်က သူက ဘာဖြစ်ခဲ့တာ ညာဖြစ်ခဲ့တာ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်စသည်တွေပါ ပါဝင်လာပြီ တုန့်ပြန်လာမှုတွေ ဖြစ်လာပြီး တစ်ဦးနှင့် တစ်ဦး ကွဲပြားလာ၍ သူ့အဖွဲ့ ကိုယ့်အဖွဲ့တွေ ဖြစ်လာကြပါတယ်။

Friday, March 8, 2013

တိမ်လွှာရိပ်မှာ ပုံရိပ်ခြယ်သော မိုးတိမ်


တိမ်လွှာရိပ်မှာ ပုံရိပ်ခြယ်သော မိုးတိမ်

အသိ မကြွယ်ဝတဲ့ ဝန်းကျင်မှာ

တစ်ဦးက တံခါး ဖွင့်ရင်

တစ်ဦးက တံခါး ပိတ်တယ်

အဲဒါ သဘာဝပဲတဲ့.....။



လူ့ အရင်းအမြစ် ထုတ်ကုန်တွေနဲ့

စိုစွတ်နေတဲ့ မြို့တော်ထဲ

ကိုယ့် အတ္တကို အရောင်ဆိုးလို့

အထိမခံ တုန်ပြန်တာလည်း သဘာဝပဲတဲ့...။



ပညတ် ဓာတ်သဘာဝတွေ ကဲပိုလို့

မီးလောင်ရာ လေ ပင့်တတ်တဲ့

လူ့ အသိုင်းဝိုင်းထဲက မလွယ်ပေါက်တွေလည်း

အသုံးမဝင် ကျိုးပဲ့ ပျက်စီးသွားခဲ့တယ်....။



တကယ်တော့....

လူတွေရဲ့ အသိ မြို့တော်မှာ

နေရာတိုင်း ခြောက်သွေ့လွန်းလို့

စိုက်ပျိုးတဲ့ သစ်ပင်တွေလည်း

မလန်းဆန်းတော့ဘူး.....။



အမှောင် အလင်း ဖွားဘက်တော်ဖြစ်ပေမဲ့

ကျယ်ပြန့်တဲ့ ကန္တရလွင်ပြင်ထဲ

လူချင်းချင်း မသဲကွဲတော့

သင်းကွဲ နေ့ရက်တွေ ဖြတ်သန်းပြီပေါ့....။

Thursday, March 7, 2013

မြစ်တို့ ဆုံရာ ပင်လယ်

 

မြစ်တို့ ဆုံရာ ပင်လယ်

 
သူ....
အရမ်း ဆင်းရဲလွန်းတယ်
သနားစရာကောင်းတယ်....။

သူ....
အရမ်း ချမ်းသာလွန်းတယ်
သနားစရာကောင်းတယ်....။

သူ....
အပြင်မှာ ပုန်ကန်နေတဲ့
ဒေါသတွေ လောင်ကျွမ်းနေတယ်....။

သူ....
အချိန်တိုင်း အတွင်းမှာ
တိတ်တဆိတ် လောင်ကျွမ်းနေတယ်....။

သူ....
မငြိမ်းချမ်းတဲ့ ပန်းပွင့်လေးတွေလို
မြေပြင်မှာ ကြွေကျခဲရလို့
ဘဝဟာ တကယ် ခြောက်သွေ့သွားပြီလေ....။
တက္ကသိုလ်မြတ်မင်း

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...