ပဋိပက္ခ ပုံစံကို ရှာဖွေခြင်း အပိုင်း (၁)
ဒီနေ့ နံနက် ကျေးငှက်တွေရဲ့ တေးသံနှင့် ကိုလံဘိုမြို့ရဲ့ အလှအပဟာ ကျွန်တော်စိတ်ကို ငြိမ်းချမ်းစေခဲ့ပါတယ်။ ဒါနဲ့ ကျွန်တော် စိတ်ကူးထဲမှာ အတွေးတစ်ခု ဝင်ရောက်လာပါတယ်။
အဲဒါကလည်း ကျွန်တော် လွန်ခဲ့သည့် နှစ်ရက်လောက်က Peace Information and Problem Solving an any Conflicts in the society or organization ဆိုတဲ့ သင်တန်းလေးက ရရှိလာတဲ့ အကြောင်းအရာလေးကို ပြန်လည် မျှဝေပေးချင်တဲ့ ဆန္ဒဖြစ်လာပါတယ်။
ဒါကြောင့် ကျွန်တော် ကိုယ်တိုင် တက်လာတဲ့ ဒီသင်တန်းက ရရှိလာတဲ့ အသိပညာ အတက်ပညာတွေကို အခုလို မျှဝေ ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။
ပထမဦးဆုံး ကျွန်တော်တို့ ပတ်ဝန်းကျင်၊ အသိုင်းဝိုင်း၊ အဖွဲ့အစည်းနှင့် ပထဝီဝင် စသည်တို့မှာ (Conflicts) ပဋိပက္ခဖြစ်လာခြင်း အကြောင်းအရာတွေကို (Research) တစ်ခုအနေနဲ့ လေ့လာကြည့်ရမည်ဆိုလျှင် ပြဿနာ ဖြစ်လာခြင်း (Tools, Materials and Facts) အချက်အလက်ပေါင်း များစွာကို တွေ့ကြရမည်သာ ဖြစ်ပါတယ်။
ဒီလို အချက်အလက် Conflict Causative Roots လို့ခေါ်တဲ့ ပဋိပက္ခ အကြောင်းရင်း ရေသောက်မြစ် မရှိပါပဲ ပြဿနာတစ်ခုသည် ဖြစ်ပေါ်လာမည် မဟုတ်ပါ။ ပြဿနာ ဖြစ်ပေါ်လာခြင်း အကြောင်းရင်း ရေသောက်မြစ်ရှိ၍သာ ပဋိပက္ခနှင့် ပြဿနာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။
နောက်တစ်ချက်က Conflict Structure ပြဿနာဖြစ်ပေါ်လာခြင်း ပုံသဏ္ဍာန်လည်း ရှိပါတယ်။ ဒီနေရာမှာ Conflict Structure ဆိုတာကတော့ ပြဿနာ ဖြစ်ပေါ်လာခြင်း ပုံစံတစ်ခု ဖြစ်သလို ပြဿနာ ဖြစ်ပေါ်လာသော အကြောင်းရင်း ဖြစ်ပါတယ်။
ဥပမာပြောရလျှင် အိမ် တစ်အိမ်မှာ ညီမနှစ်ယောက်ရှိတယ်။ အဲဒီ ညီမနှစ်ယောက်က တော်တော်လေး ချစ်ချစ်ခင်ခင် နေထိုင်ကြပါတယ်။ တနေ့တော့ သူတို့နှစ်ယောက်က စားပွဲတင်ထားတဲ့ လိမ္မော်သီး တစ်လုံးကို ယူဖို့ပြောတယ်။ အကြီးဖြစ်သူနှင့် အငယ်ဖြစ်သူ တစ်ဦးနှင့် တစ်ဦး ဘာမျှ တိုင်ပင် မနေပါပဲ အဲဒီ လိမ္မော်သီးကို သူလိုချင်တယ် ငါလိုချင်တယ် ဆိုပြီ အငြင်းပွားနေကြပါတယ်။ လိမ္မော်သီးကလည်း ရည်ရွယ်ချက်မတူတဲ့ သူတို့နှစ်ဦး လုယူမှုကြောင့် ပျက်စီး ဆုံးရှုံးသွားပါတယ်။
ဒါပေမဲ့ တစ်ဦးက လိမ္မော်သီး အခွံကို လိုချင်တယ်။ နောက်တစ်ဦးက လိမ္မော်သီး အတွင်းသား အမွှာတွေကို လိုချင်တယ်။ သူတို့ နှစ်ယောက်ရဲ့ ရည်ရွယ်ချက် မတူကြဘူး။ အဲဒါကို သူတို့အချင်းချင်း မောင်နှမဖြစ်သော်လည်း တိုင်ပင်သလားဆိုတော့ မတိုင်ပင်ခဲ့ဘူး။ မတိုင်ပင်ဖြစ်တော့ အငြင်းပွားပြီး တစ်ယောက်နှင့် တစ်ယောက်ခိုက်ရန်ဖြစ်ကြတယ်။
ရက်အနည်းငယ်ကြာလာတော့ တစ်ယောက်နှင့် တစ်ယောက် မခေါ်နိုင် မပြောနိုင် ဖြစ်လာကြတယ်။ ထမင်းလည်း အတူတူ မစားတော့ဘူး။ ကျောင်းလည်း အတူတူ မတက်တော့ဘူး။ မျက်နှာချင်းလည်း မဆိုင်တော့ဘူး။ တစ်ယောက်က ဒီလမ်းသွားရင် အဲဒီ လမ်းကို နောက်တစ်ယောက် မသွားတော့ဘူး။ အဲဒီလိုတွေ တစ်ဦးနှင့် တစ်ဦး ဖြစ်လာကြသလို စကားပြောသည့်အခါမှာလည်း အတိတ်က သူက ဘာဖြစ်ခဲ့တာ ညာဖြစ်ခဲ့တာ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်စသည်တွေပါ ပါဝင်လာပြီ တုန့်ပြန်လာမှုတွေ ဖြစ်လာပြီး တစ်ဦးနှင့် တစ်ဦး ကွဲပြားလာ၍ သူ့အဖွဲ့ ကိုယ့်အဖွဲ့တွေ ဖြစ်လာကြပါတယ်။
အဲဒီမှ တစ်ဆင့် တစ်ယောက်က ကိုယ် မတည့်သည့် သူအကြောင်း ပြောမည်ဆိုလျှင် ကိုယ်နှင့် ရင်းနှီးသည့် ပတ်ဝန်းကျင်၊ သူငယ်ချင်း အသိုင်းဝိုင်းနှင့် အဖွဲ့အစည်းတွေကို ရင်ဖွင့်လိုက်ခြင်း၊ ရှုပ်ချခြင်း၊ မပေါင်းသင်း သင့်ကြောင်း စသည်တွေကို ရင်ထဲက ရှိသည့်အတိုင်း ပြောလိုက်ခြင်းပင် ဖြစ်လာပါတယ်။သူတို့နှစ်ဦးမ
ဒီဥပမာကို ကြည့်ခြင်းအားဖြင့် မူရင်း ပဋိပက္ခဖြစ်လာခြင်း အကြောင်းမှာ သေးငယ်သည်ဟု ထင်ရပါသော်လည်း ကိုယ်နှင့် သက်ဆိုင်ရာ ဖြစ်ပေါ်သည့် ကိစ္စများသည် ပတ်ဝန်းကျင်မှာ ဖြစ်ဖြစ်၊ လူမှုရေးမှာ ဖြစ်ဖြစ်၊ အဖွဲ့အစည်းမှာ ဖြစ်ဖြစ် အမှန်တကယ် ဖြစ်တတ်သည့် (Conflict Structure) ပဋိပက္ခ ဖြစ်လာခြင်း ပုံစံကို သိရှိဖို့ရန် လိုအပ်ပါတယ်။ ဒါတွေကို မသိရှိသဖြင့် သေးငယ်သော ပြဿနာမှ တစ်ဆင့် ပြဿနာ ကြီးတစ်ခု ဖြစ်လာနိုင်ပါတယ်။
အဲဒီလို ပြဿနာကြီးတစ်ခု ဖြစ်လာလျှင် ဆုံးရှုံးများပြားလာခြင်း၊ ပတ်ဝန်းကျင်နှင့် အသိုင်းဝိုင်း ကွဲပြားလာခြင်း၊ အလုပ်အကိုင် ကွဲပြားလာခြင်း၊ အဖွဲ့အစည်း ခွဲခြားလာခြင်း၊ အပြန်အလှန် တိုက်ခိုက်လာခြင်းနှင့် အာဏာရှိလျှင် ရှိသလို၊ ဓနအင်အားရှိလာလျှင် ရှိလာသည့်အလျောက် အမှိုက်ကစ ပြဿဒ်မီးသည့် အဖြစ်သို့ အသွင်ဆောင်နိုင်ပါတယ်။
ဤကဲ့သို့ မဖြစ်အောင် (Commence Conflicts Model) ပဋိပက္ခဖြစ်ပေါ်လာခြင်း ပြဿနာကို ရှာဖွေ သုံးသပ်သင့်ပါတယ်။ (Finding Conflicts Structure) ပဋိပက္ခဖြစ်ခြင်း အတိုင်းအတာ၊ (Result of Conflicts) ပြန်လည် ပေးဆပ်ရမည့် အကျိုးရလာဒ်များနှင့် Acceptance Loose and Think of the Result of acceptance loose ဆုံးရှုံးရမည့် အကျိုးဆက်ကို စဉ်းစားရမည်သာဖြစ်ပါတယ်။
တက္ကသိုလ်မြတ်မင်း
http://
No comments:
Post a Comment