Monday, April 9, 2012

သင်္ကြန် ပြတိုက် (၁၃၄)


အထိအတွေ့ မရှိတဲ့ နှလုံးသားမှာ အားငယ်...
အငွေ့သက်မဲ့တဲ့ နေ့ရက်တွေကို လွမ်းမယ်...
မနမ်းဖူးခဲ့တဲ့ ပန်းပိတောက်တွေ လန်းနေ...
မဆိုခဲ့ဖူးတဲ့ သီချင်းတစ်ပုဒ်နဲ့ အတာတံခူး
သကာလူးတဲ့ ရှာပုံတော် ဒီဘဝတွေမှာလေ...
ဖျက်ခနဲ လျှပ်တပျက် မှတ်ပုံတင်မိတဲ့ ဒီနှလုံးသားက...
တောင်းဆိုမိတယ်... ဆင့်မြင့်ထက်က ပန်းပိတောက်ပါကွယ်...။

(ဟိုနားသွားလိုက် ဒီနားသွားလိုက်...
ပြဿနာရှာလိုက် ရန်ဖြစ်လိုက်နဲ့...
အတာတံခူး ဒီလို နှစ်သစ်ကူးမှာ...
ပျော်ရွှင်မြူးရင်း ကားကလေးစီးလို့
ဟိုမဏ္ဍပ် ရောက်လိုက် ဒီမဏ္ဍပ် ရောက်လိုက်...
ဟိုရောက်တော့လည်း ငါ မှတ်သားမဲ့ ပန်းပိတောက်တွေလည်း
တုန်ခါနေတာပဲ... 

အခုတော့လည်း အမြင့်ပေါ် ပိတောက်ပန်းတွေက
ကြွေသူက ကြွေ... ရမ်းသူက ရမ်း...
ဝတ်ဆံတွေလည်း ကြွေကျနေတာပဲ..
Cover မရှိတော့လည်း ရှက်စရာတွေပဲ..
မော်ဒန်ခေတ်ကြီးက နောက်တော့လည်း ဗလာပါပဲ...
အိမ်ရောက်တော့လည်း အတွေးတွေကလည်း ဗလာပါပဲ...
နောက်နေ့ရောက်တော့လည်း ဟိုကတမျိုး ဒီကတမျိုး
ပြင်သူ မရိုး ထင်စရာ တမျိုး
ကြည့်သူအတွက် အမြင်တမျိုး ကြည့်ရဆိုး...)

အတာတံခူး အခါထူး အစဉ်လာတွေလည်း
တကယ်ကို ထူးတဲ့ သင်္ကြန်..
အကြိုမှာ တမျိုး အကျမှာ တမျိုး
အတတ်မှာ တမျိုး အတာသင်္ကြန်ရဲ့ အမျိုးမျိုး ကာလာဆိုး...
ယဉ်ကျေးမှုတွေ ပျောက်မှာစိုး...။



တက္ကသိုလ်မြတ်မင်း

Tuesday, April 3, 2012

မြန်မာ့အသံမှ တိုက်ရိုက် ရွေးကောက်ပွဲ ထုတ်ပြန်ကြေငြာ

၂၀၁၂ April ၃ ရက်နေ့ ရွေးကောက်ပွဲ ကောက်နှုတ် ထုတ်ပြန်ကြေငြာချက်

မြန်မာသတင်းများ         ဧပြီလ ၀၃ ရက် ၂၀၁၂ ခုနှစ်

 



အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၄၀ ဦးစာရင်း ထုတ်ပြန်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဧပြီ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ် ရွေးကောက်ပွဲ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာ ၄ဝ တွင် အနိုင်ရရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည် စာရင်းများကို တနင်္လာနေ့က နိုင်ငံပိုင် ရုပ်မြင်သံကြားမှ ထုတ်ပြန်ကြေညာလိုက်သည်။

၎င်းထုတ်ပြန်ကြေညာချက်အရ နေရာ ၄ဝ လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်များ အနိုင်ရရှိခဲ့ပြီးပြည်သူ့လွှတ်တော်အတွက် ၃၅ နေရာ၊ အမျိုးသားလွှတ်တော်အတွက် ၃ နေရာ၊ တိုင်းဒေသ ကြီး လွှတ်တော်အတွက် ၂ နေရာတို့ ဖြစ်ကြသည်။

ရွေးကောက်ပွဲ ကော်မရှင်းက မြန်မာ့အသံမှ အတိအလင်း ကြေငြာချက်များ

 
ရွေးကောက်ပွဲ ကော်မရှင်က ကြေညာတဲ့ နေရာ ၄၀ ရလဒ်

ရွေးကောက်ပွဲကော်မရှင်က ဒီနေ့ (၂-၄-၂၀၁၂) ညနေ ကြေညာချက် အရ ထွက်ပေါ်လာတဲ့ ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်များ.....

နေရာ ၄၅ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။နေရာ ၄၀ ရဲ့ ရလဒ် ထွက်ပေါ်လာပါပြီ။ ရလဒ် ကြေညာသမျှတော့ NLD ကပဲ နိုင်ပါတယ်။ ၅ နေရာ ကျန်ပါသေးတယ်။ နောက်နေ့တွေမှာ အဲဒီ ၅ နေရာ အကြောင်း ကြေညာမယ်လို့ ယူဆရပါတယ်။

ပြည်သူ့လွှတ်တော်

နေပြည်တော်

၁။ ဒေါ်စန္ဒာမင်း
၂။ ဦးနိုင်ငံလင်း
၃။ ဦးဖြိုးဇေယျာသော်
၎။ ဦးမင်းသူ

စစ်ကိုင်းတိုင်းဒေသကြီး

၅။ ဦးခင်မောင်သိန်း
၆။ ဒေါ်ခင်စန်းလှိုင်

တနင်္သာရီတိုင်းဒေသကြီး

၇။ ဦးအောင်စိုး

ပဲခူးတိုင်းဒေသကြီး

၈။ ဦးအောင်စိုးမြင့်
၉။ ဦးစိန်ထွန်း
၁၀။ ဦးကျော်မင်း
၁၁။ ဦးမြင့်ဦး

မကွေးတိုင်းဒေသကြီး

၁၂။ ဦးပိုက်ကို
၁၃။ ဒေါက်တာအောင်မိုးညို
၁၄။ ဦးမြင့်သိန်း
၁၅။ ဦးမြင့်အောင်
၁၆။ ဦးတိုးရွှေ (ဦးတင်ဌေးအောင်)

မန္တလေးတိုင်းဒေသကြီး

၁၇။ ဒေါ်ခင်သန္တာ
၁၈။ ဒေါက်တာဇော်မြင့်မောင်
၁၉။ ဦးပေါခင်
၂၀။ ဦးအုန်းကြိုင်
၂၁။ ဦးဝင်းထိန်
၂၂။ ဦးကျော်သီဟ

မွန်ပြည်နယ်

၂၃။ ဒေါ်ခင်ဌေးကြွယ်

ရန်ကုန်တိုင်းဒေသကြီး

၂၄။ ဒေါ်အောင်ဆန်းစုကြည်
၂၅။ ဒေါ်ဖြူဖြူသင်း
၂၆။ ဒေါက်တာမေ၀င်းမြင့်
၂၇။ ဦးဖြိုးမင်းသိန်း
၂၈။ ဒေါက်တာမျိုးအောင်
၂၉။ ဒေါ်စုစုလွင်

ရှမ်းပြည်နယ်

၃၀။ ဒေါက်တာဒေါ်သန်းငွေ

ဧရာဝတီတိုင်းဒေသကြီး

၃၁။ ဦးဝင်းမြင့်
၃၂။ ဦးစိန်ဝင်း
၃၃။ ဦးမန်းဂျော်နီ
၃၄။ ဦးကျော်မြင့်
၃၅။ ဒေါ်မြင့်မြင့်စန်း

အမျိုးသားလွှတ်တော်

ပဲခူးတိုင်းဒေသကြီး

၁။ ဦးမင်းဦး

မကွေးတိုင်းဒေသကြီး

၂။ ဦးအောင်ကြည်ညွန့်

ဧရာဝတီတိုင်းဒေသကြီး

၃။ ဦးသိမ်းဆွေ

တိုင်းဒေသကြီးလွှတ်တော်

ပဲခူးတိုင်းဒေသကြီး

၁။ ဦးမျိုးခိုင်

ဧရာဝတီတိုင်းဒေသကြီး

၂။ ဒေါက်တာလှမြတ်သွေး

တက္ကသိုလ်မြတ်မင်းမှ ပြန်လည်တင်ပြသည်

Monday, April 2, 2012

ဒေါင်းအားမာန် အောင်ပွဲအလံ (၁၃၃)


မနေ့က April တစ်ရက် မမေ့နိုင်တဲ့ နေ့ရက်..
ရွေးကောက်ပွဲ မဲ စတင်တဲ့ အချိန်ကရင်
ငါတို့ရင်တွင်းမှာ အမှတ်တရဖြစ်တဲ့..
ဒေါင်းအလှတွေနဲ့ ကကြိုးဆင်လို့
အမှန်တရားတွေက မဲပြားပေါ်မှာ
အမှန်ခြစ်တွေ အထပ်ထပ်နဲ့
သမိုင်းပေါ်မှာ အထင်ကရဖြစ်ခဲ့...။

နှစ်တွေ အချိန်တွေ တိုက်စားသွားတဲ့
ရာစုနှစ်အတွက် ခုနှစ်တွေ ချို့တဲ့လို့
မမုန်းသောအပြုံးတွေနဲ့ စောင့်ဆိုင်းခဲ့
ငါတို့ မျှော်လင့်ချက်တွေ ၂၀၁၂ April တစ်ရက်မှာ
အလင်းရောင် အသည်းကြားက မဲပြားတွေက
အမှန်တရား ဒေါင်းသခင်အား အနိုင်ပေးခဲ့တာ
ပြည်သူ့အတွက် တိုင်းပြည်အတွက် အားလုံးအတွက်...။

ပြိုင်ပွဲတိုင်း ပြိုင်ပွဲတိုင်းမှာ ပန်းဝင်ခဲ့တဲ့
ဒေါင်းအိုးဝေ အမိမြေရှင်နဲ့ သူရဲကောင်းတွေဟာ
အစဉ်လာကောင်းတဲ့ မျိုးချစ်ဇာနည်ဘွားပေမို့
မာန်မာနမထားလို့ တိုင်းပြည်အတွက်
ကိုယ့်ကျိုးစွန့်လျက် အားထုတ်ခဲ့ကြတာ
သူတို့ရဲ့အတ္တမပါတဲ့ ဇွဲစိတ်နဲ့ ပြည်ချစ်တဲ့ စိတ်တွေပေါ့...။

ဒေါင်းတို့ သခင် NLD ၏အတည်ပြုပြီး ၂၀၁၂ ရွေးကောက်ပွဲအနိုင်ရ မြို့နယ်စာရင်း


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ထံမှ... ပြည်သူလူထုများသို့ .....။ 

========================= 
ယနေ့ ကြားဖြတ်ကောက်ပွဲရလဒ်သည် ပြည်သူလူထု၏ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှုရကြောင်း သတင်းများတက်နေပါသည်။ ယခုလိုအချိန်မှာ... ထောက်ခံသော ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့ သော်လည်း.... တဖက်အဖွဲ့ အစည်း နှင့် ပုဂွိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်းဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ အလုပ်အကိုင်များ လုံးဝရှောင်ရှားရမည် ဖြစ်သည်။ ပြည်သူသူ၏အောင်နိုင်မှုသည်... သိက္ခာရှိသောအောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်အားလုံး အထူးသတိပြုစေလိုသည်။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်





NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ် စာရင်းမှာ

Sunday, April 1, 2012

ရွေးကောင်းပွဲတွင် မဲနိုင် စာရင်းများ (၃၂၃)



(၁)    NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသော နောက်ဆုံးရ မဲရလာဒ်များ
ပုလဲ ကန်သာရွာ
မဲပေးခွင့်ရှိသူ - 165 ဦး၊
NLD-163 မဲ၊
ကြံ့ခိုင်ရေး-1 မဲ၊
ပယ်မဲ-1 မဲ။

(၂)    ရှမ်းပြည် လောင်းလုံ မဲရုံအမှတ် (31)
NLD-1 မဲ၊
ကြံ့ခိုင်ရေး- 106 မဲ၊
ကြိုတင်မဲ-214 မဲ။

(၃)    ကျွန်းစုမြို့  နယ်- ကသင်ကျေးရွာ မကောက်အုပ်စု
NLD-14 မဲ၊
ကြံ့ခိုင်ရေး- 50 မဲ၊
ပယ်မဲ- 0 မဲ

(၄)    ကျွန်းစုမြို့  နယ် - ရေကန်တော်အုပ်စု ကျောက်ဆောင်ငယ်ကျေးရွာ
NLD-69 မဲ၊
ကြံ့ခိုင်ရေး- 2 မဲ၊
ပယ်မဲ -9 မဲ။

(၅)    ကျွန်းစုမြို့  နယ် - ရေကန်တော်အုပ်စု ခရုချောင်းကျေးရွာ
NLD-77 မဲ၊
ကြံ့ခိုင်ရေး- 13 မဲ၊
ပယ်မဲ -5 မဲ။

(၆)    ကျွန်းစုမြို့  နယ် - မလွယ်ကျေးရွာအုပ်စု ရေမြေကြီးရွာ
NLD-70 မဲ၊
ကြံ့ခိုင်ရေး- 30 မဲ။

(၇)    ကန့်ဘလူမြို့နယ် ကျွန်းလှအုပ်စု နွားလဘို့ရွာ
NLD ၂၇၇ မဲ၊
USDP ၄၆ မဲ၊
တစည ၅ မဲ၊
ပြည်သူ့ဒီမိုကရေစီ ၃ မဲ၊
ပယ်မဲ ၉ မဲ။

(၈)    ကန့်ဘလူမြို့နယ် ကျွန်းလှအုပ်စု တပူးတော်
NLD ၃၈၉ မဲ၊
USDP ၂၉ မဲ၊
တစည ၂၆ မဲ၊
ပြည်သူ့ဒီမိုကရေစီ ၁၀ မဲ၊
ပယ်မဲ ၄ မဲ။

(၉)    ကန့်ဘလူမြို့နယ် ကျွန်းလှအုပ်စု နုရင်ကုန်း
NLD ၄၇၆ မဲ၊
USDP ၄၄ မဲ၊
တစည ၂၄ မဲ၊
ပြည်သူ့ဒီမိုကရေစီ ၁ မဲ၊
ပယ်မဲ ၈ မဲ။

(၁၀)  ကန့်ဘလူမြို့နယ် ကျွန်းလှအုပ်စု ကင်းပဉ်ရွာ
NLD ၁၆၇ မဲ၊
USDP ၅၃ မဲ၊
တစည ၂၈ မဲ၊
ပြည်သူ့ဒီမိုကရေစီ ၄ မဲ၊
ပယ်မဲ ၄ မဲ။

(၁၁)  ကန့်ဘလူမြို့နယ် ကျွန်းလှအုပ်စု တစ်ချိုရွာ
NLD ၁၇၀ မဲ၊
USDP ၁၀ မဲ၊
တစည ၄၁ မဲ၊
ပြည်သူ့ဒီမိုကရေစီ ၁၀ မဲ၊
ပယ်မဲ ၃၈ မဲ၊

(၁၂)  ကန့်ဘလူမြို့နယ် ကျွန်းလှအုပ်စု ခေါ်တော်ရွာ
NLD ၃၁၅ မဲ၊
USDP ၇၃ မဲ၊
တစည ၁၉ မဲ၊
ပြည်သူ့ဒီမိုကရေစီ ၆ မဲ၊
ပယ်မဲ ၁၃ မဲ၊

(၁၃)  ကန့်ဘလူမြို့နယ် ကျွန်းလှအုပ်စု သာစည်
NLD ၇၀ မဲ၊
USDP ၃၃ မဲ၊
တစည ၁၄ မဲ၊
ပြည်သူ့ဒီမိုကရေစီ ၅ မဲ၊
ပယ်မဲ ၂၀ မ၊ဲ

(၁၄)  ဥတ္တရသီရိမြို့နယ် လွန်သာယာမဲရုံ
NLD ၁၁၀ မဲ၊
USDP ၁၀ မဲ၊
တစည ၁၈ မဲ၊

(၁၅)  ဥတ္တရသီရိမြို့နယ် အောင်သာယာမဲရုံ
NLD ၁၅၁ မဲ၊
USDP ၃၉ မဲ၊
တစည ၁၄ မဲ၊

(၁၆)  NLD လွှတ်တော်ကိုယ်စားလှယ် လောင်း ဦးနိုင်ငံလင်း၏
နယ်မြေ ဒက္ခိဏသီရိ မြို့ နယ် Hotel Zone ၏ မဲရလာဒ်
မဲရုံအမှတ် 2/2
NLD 184 မဲ၊
USDP 61 မဲ၊
ပယ်မဲ - 7 မဲ။

(၁၇)  မဲရုံ ပိတ် စာရင်း
ကော့မှူး နောင်လုံရွာ မှာ
NLD -217 မဲ၊
USDP -37 မဲ

(၁၈)  ဥတ္တရ သီရိ အောင်သပြေရွာ မှာ မဲပေးသူ 218 ဦး..
NLD 151 မဲ၊
USDP 35၊
တစည-၁၁၊
ပယ်မဲ-18

(၁၉)  ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု
ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင်
ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊
NLD က ၉၀ မဲ၊
ပြည်ခိုင်ဖြိုးက ၁၆ မဲ၊
ပယ်မဲ ၇ မဲ။

(၂၀)  ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက်
မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီး ဖြစ်သည့်အတွက်
မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင်
အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊
ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲ။

(၂၁)  ပုသိမ်မြို့ ၃ ရပ်ကွက်ရှိ မဲရုံအမှတ် (၉)တွင်
အမျိုးသား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၂ မဲ ဖြင့် အနိုင်ရရှိခဲ့ပြီး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၀၇ မဲ၊
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ၈ မဲ၊
ပယ်မဲ ၃ မဲ။

(၂၂)  ၀ါးခယ်မမြို့နယ် ပတ္တမြားရပ်ကွက် မဲရုံတွင်
NLD ၂၀၃ ၊
ပြည်ခိုင်ဖြိုး ၃၇ ၊
တစည ၁၃၊
ခေတ်သစ်ပြည်သူ့ပါတီ ၀။
 
(၂၃)  ၀ါးခယ်မမြို့နယ် အလယ်ကွင်းရွာ
NLD ၂၄၅ ၊
ပြည်ခိုင်ဖြိုး ၇၃၊
တစည ၂၇၊
ခေတ်သစ်ပြည်သူ့ပါတီ ၀ မဲ။
 
(၂၄)  ၀ါးခယ်မမြို့နယ် တလိုင်းစုရွာ
NLD ၃၅၅၊
ပြည်ခိုင်ဖြိုး ၂၆၂၊
တစည ၄၇ ၊
ခေတ်သစ်ပြည်သူ့ပါတီ ၁၀။
 
(၂၅)  ပုလဲမြို့နယ်နောက်ဆုံးရအခြေအနေ

တောသာမဲရုံတွင် NLD ပါတီမှ ၂၀၀ မဲ၊
ပြည်ခိုင်ဖြိုးပါတီမှ ၂၀ မဲ၊

(၂၆)  ပုလဲမြို့နယ်နောက်ဆုံးရအခြေအနေ
ညောင်ပင်သာမဲရုံတွင်
NLD ၂၆၄ မဲ၊
ပြည်ခိုင်ဖြိုး ၅၈ မဲ၊
ပြည်သူ့ဒီမိုကရေစီပါတီ ၂ မဲ၊
ပယ်မဲ ၈မဲ။

(၂၇)  ပုလဲမြို့နယ်နောက်ဆုံးရအခြေအနေ
ရှိုးမဲရုံတွင်
NLD ၂၃၁ မဲ၊
ပြည်ခိုင်ဖြိုး ၂ မဲ၊

(၂၈)  ပုလဲမြို့နယ်နောက်ဆုံးရအခြေအနေ
ကိုကိုကုန်းမဲရုံတွင်
NLD ၁၃၈ မဲ၊
ပြည်ခိုင်ဖြိုး ၁၀၃ မဲ၊

(၂၉)  ပုလဲမြို့နယ်နောက်ဆုံးရအခြေအနေ
ကြို့ပင်မဲရုံတွင်
NLD ၁၅၅ မဲ၊
ပြည်ခိုင်ဖြိုး ၆၄ မဲ၊
 
(၃၀)  မိတ္ထီလာ တွင် မဲရုံ 9 ရုံ ရေ တွက် ပြီး ချိန်တွင်
NLD လွှတ်တော်ကိုယ်စားလှယ် ဦး ၀င်းထိန် မှာ 5000 ကျော် အနိုင် ရ နေပြီး၊
USDP မှ 1600 ။
 
(၃၁)  က၀မြို့ နယ် မှ NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် မဲရုံ 53 တွင်
50 ရေ တွက် အပြီး 48 ရုံ အနိုင်ရရှိကြောင်း NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသည်။
 
(၃၂)  ကိုဇေယျာသော်ရဲ့ ရင်ခုန်သံရပ်တန့်သွားပြီး ပျော်ရွှင်အသံလေးပါ။
နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် လက်ရှိ မဲစာရင်းရေတွက်မှုအရ NLD ပါတီမှ
ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ၉၉၉၈မဲ ဖြင့်
၇၅၆၈မဲ ရရှိထားသော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကို
အနိုင်ရရှိနေကြောင်းသိရှိရသည်။
 
(၃၃)  လက်ပံတန်းမြို့နယ်၌
(၁) ညောင်သာယာမဲရုံတွင်
NLD ၂၄၈မဲ၊
ပြည်ခိုင်ဖြိုး ၁၂၉ မဲ၊
တစည ၁၂၇မဲ၊ NDF ၄၃မဲ။


(၂) ကြည်ကုန်းမဲရုံတွင်
NLD ၁၄၅ မဲ၊
ပြည်ခိုင်ဖြိုး ၄၅ မဲ၊
တစည ၃၆ မဲ၊
NDF ၃၀ မဲ။

(၃) အောင်မြေကုန်းတွင်
NLD ၃၄၄ မဲ၊
ပြည်ခိုင်ဖြိုး ၄၇မဲ၊
တစည ၂၁မဲ၊
NDF ၇ မဲ။


(၄) ပေါက်ကုန်းတွင်
NLD ၁၅၈ မဲ၊
ပြည်ခိုင်ဖြိုး ၄၆ မဲ၊
တစည ၈၄ မဲ၊
NDF ၃ မဲ။


(၅) ချောင်းဆုံတွင်
NLD ၂၅၀ မဲ၊
ပြည်ခိုင်ဖြိုး ၇၂ မဲ၊
တစည ၉ မဲ၊
NDF ၆ မဲ။


(၆) အိုင်တလုတ်တွင်
NLD ၇၅၂ မဲ၊
ပြည်ခိုင်ဖြိုး ၅၇ မဲ၊
တစည ၃၁ မဲ၊
NDF ၂၅ မဲ။


(၇) ကျောင်းကုန်းတွင်
NLD ၂၈၇ မဲ၊
ပြည်ခိုင်ဖြိုး ၁၅ မဲ၊
တစည ၁ မဲ၊
NDF ၄ မဲ။


(၈) ရွာကန့်လန့်တွင်
NLD ၂၂၂ မဲ၊
ပြည်ခိုင်ဖြိုး ၁၂ မဲ၊
တစည ၂၁ မဲ။

(၉) ကုလားကုန်းတွင်
NLD ၂၅၇ မဲ၊
ပြည်ခိုင်ဖြိုး ၅၀ မဲ၊
တစည ၆ မဲ။


(၁၀) မြို့ပေါ် ၂ လမ်းခန်းမတွင်
NLD ၆၇၀ မဲ၊
ပြည်ခိုင်ဖြိုး ၅၂ မဲ၊
တစည ၈ မဲ။


(၁၁) မြို့မအုပ်ချုပ်ရေးမှူးရုံးတွင်
NLD ၃၂၇ မဲ၊
ပြည်ခိုင်ဖြိုး ၄၉ မဲ၊
တစည ၄ မဲ၊
NDF ၃ မဲ။


(၁၂) ဘီးလင်းတန်းတွင်
NLD ၈၇၇ မဲ၊
ပြည်ခိုင်ဖြိုး ၇၄ မဲ၊
တစည ၇၄ မဲ၊
တစည ၁၅မဲ၊
NDF ၆ မဲ။


(၁၃) ကညင်ဆိပ်တွင်
NLD ၃၄၆ မဲ၊
ပြည်ခိုင်ဖြိုး ၁၉ မဲ၊
တစည ၇ မဲ၊
NDF ၂ မဲ။


(၁၄) တောင်ကလပ်ကြီးတွင်
NLD ၂၄၈ မဲ၊
ပြည်ခိုင်ဖြိုး ၁၂၉ မဲ၊
တစည ၁၂၇ မဲ၊
NDF ၄၃ မဲ။
"ကော့မှူးက နောင်လုံရွာမှာ ဒေါ်စုနိုင်နေပြီ"ကော့မှူးမြို့ နယ် ရေကျော်ကျေးရွာအုပ်စု
နောင်လုံရွာတွင် ယနေ့ နေ့လည် ၁၂နာရီက မဲပေးခွင့်ရှိသူ အရေအတွက်
ပြည့်သွားသည့်အတွက် မဲရုံပိတ်ပြီး ရရှိသည့် မဲများရေတွက် စာရင်းထုတ်ပြန်ခဲ့ရာ
ဒေါ်အောင်ဆန်းစုကြည်က (၂၁၇) မဲ ၊ ဒေါက်တာစိုးမင်းက (၃၇)မဲ ၊ ပယ်မဲ (၁)ဖြင့်
ဒေါ်အောင်ဆန်း စုကြည်မှ အပြတ်အသတ်အနိုင် ရရှိနေကြောင်း သိရသည်
 
ထို့နောက် နေပြည်တော် ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင် NLD အနိုင်ရရှိ နေပြည်တော်၊ ဧပြီ ၁
အစိုးရ ဝန်ထမ်း အများစု အခြေပြုနေထိုင်ရာ နေပြည်တော် ဒက္ခိဏသီရိ မဲဆန္ဒနယ်တွင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း
ဦးနိုင်နိုင်လင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ်လောင်း
အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီး ဦးမောင်ရှိန်အား ဆန္ဒမဲ ၇၀၀၀ ကျော်ဖြင့် အပြတ်အသတ်
အနိုင်ရရှိခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
 
ထို့အပြင် မြောင်းမြမဲဆန္ဒနယ်တွင်မဲအရေအတွက် လေးပုံသုံးပုံရေတွက်ပြီးချိန်၌
ဒေါက်တာဖြိုးကိုကို...တင့်ဆန်းသည် NLD မှ ဦးမန်းဂျော်နီအား မဲအပြတ်အသတ်
ရှုံးနိမ့်ထားခြင်းကြောင့် ကျန်မဲများအားလုံရရှိသည့်တိုင် အနိုင်မရတော့ဘဲ ရှုံးနိမ့်သွား
ကြောင်းသိရသည်။
 
၎င်းအပြင် လက်ပံတန်း NLD လွှတ်တော်ကိုယ်စားလှယ် မှာ 75 % ဖြင့် အနိုင်ရရှိ
သွားပြီဖြစ်ကြောင်း NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသည် ရေစကြို နှင့် မြိုင်တွင်လည်း
အနိုင်ရရှိပြီဟုလည်း သိရသည်။ ရေကြည် တွင် NLD မှ အပြီးသတ်နိုင်ပြီဟု NLD ဗဟို
အောင်နိုင်ရေး အဖွဲ့မှ သိရှိရသည်။ စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်- Dr မြင့်နိုင် မှာ 76 ရုံ
ရေတွက်ပြီး ချိန်တွင် အနိုင်ရ ရှိနေပြီး 2 ရုံသာ ရေတွက် ရန်လိုကြောင် ဖုန်းရရှိသည်။
 
ရန်ကုန်တိုင်းတွင်လည်း မင်္ဂလာတောင်ညွန့် ကန်ရှေ့မဲရုံမဲရုံ ၂ တွင် NLD 1012 မဲ၊Usdp 24
မဲဖြင် ဒေါ်ဖြူဖြူသင်းအနိုင်ရကြောင်းသိရသဖြင့် အောင်ပွဲခံနေကြပါသည်။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...