Saturday, November 5, 2011
လွမ်းချစ်စိတ် (၁၉)
ငါ့အတိက်တွေ ငိုညည်းနေခိုက်
တိမ်ညိုတိမ်စိုင်တွေက မိုးသားမည်းညိုတွေကြား
ပြေးသွားလူးလားနေအလား ငါ့ရင်အစိုင်ကို
ထုချေလို့ မိုးရွာချသလိုဖြစ်ခဲ့ရ
အတိတ်မနက်ဖြန်မှာတော့ ချစ်သူညီမလေးကို
သတိရစိတ်ကူးယဉ်ရင်း မျက်ရည်မိုးသားများ
အာကာပြင်ထက် ပါးပြင်ထက်မှာ
ရေလျှံမြစ်လို ဖြစ်နေပြီးပေါ့..
ငါမသိလိုက်သော ငါ့ချစ်သူရဲ့
မနက်ဖြန်ကို တွေးကြည့်မိရင်း
အတိမ်အနက် တိုင်တာစရာမရှိသော
ငါ့မေတ္တာတွေက ချစ်သူပုံရိပ်ပေါ်တွင်
လွှမ်းမိုးလို့ ငါ့မင်းကို ပို၍ ပို၍ ချစ်မိခဲ့တာ..
ဒဏ်ရာတွေနဲ့ ကျန်ထားခဲ့သည့်အထိပေါ့..။
တက္ကသိုလ်မြတ်မင်း
အချစ်ကျောက်ရိုင်း (၁၈)
ကျောက်ခဲကို ဒေါထွက်လို့
ပစ်ပေါက်လိုက်တော့ ငါ့ကံဇာတာက
မြင်မိုရ်ကို ထိခိုက်လို့
အီရတ် စစ်ဖြစ်ခဲ့သလို
ငါ့စိတ်တွေ မင်းကြောင့် ပျက်စီးခဲ့ပေါ့..။
တံတိုင်ပေါ်က ဖြုတ်ကျလာတဲ့
အတောင်မဲ့သော ကျောက်ခဲတစ်တုံး
ငါ့ရင်ခွင်ကို ကျည်ဆန်နဲ့
ပစ်ထိုးသလို မင်းကြောင့် အရိပ်မဲ့ ချစ်ခဲ့မိပေါ့..။
အရေးမယူသော တရားခွင်မှာ
ထိမှန်ခဲ့သော ကျောက်ခဲဒဏ်ကို
ငါ့ရင်ခွင်ထဲ ဆေးချက်မရှိ
ထိုးဝင်လို့ မင်းကြောင့် မေတ္တာဆေးခန်းရောက်ခဲ့ပေါ့..။
“ပျံသန်းလေဦးတော့ ငှက်ငယ်ရေ” (၁၇)
နှစ်လတွေလွန်မြောက်ပြန်တော့
             ဌာနေသူတစ်ယောက်သောသူကို
             အလွမ်းအဆွေးတွေးကင်းစင်လို့ 
            နှစ်သက်ခြင်း ပျော်ရွှင်ခြင်းများစွာနှင့်အတူ
            ဖော်ဆွေသူ ကြည်ဖြူ လျှမ်းပကာ
             လှမ်းလို့လှမ်းလို့  ပြန်ခွင့် သင့်ချေပြီ....။
       တစ်နှစ်နဲ့ တစ်နှစ်ဆိုတဲ့ တက္ကသိုလ်ရပ်ဝန်း
            လွန်းလွန်းလို့ ဆုံးခင်လေးမှာပဲ
            ကျောင်းပိတ်တဲ့ ကာလနဲ့ ကြုံလိုကြုံ
            ရင်ခုံ ဖိုမောခဲ့ရပြန်တယ်လေ....။
        အောင်ဂေဇက်တွေ သိရပြန်တော့
           ရင်နဲ့မဆန့် ပျော်တော့ပျော်ခဲ့မိတယ်
         တက္ကသီကို  ခွဲရမယ်ဆိုတာသိနေတော့
           ငါ့ရင်ထဲမှာတော့ မပေါ့ နိုင်ခဲ့ဘူး...။
      နှစ်ဦးရောက်ပြန်တော့ တဖြုတ်ဖြုတ်
          တက္ကသိုလ်ညှာတံမှ ပြုတ်၍
          ဆုတ် ခွါ ပြန်ထွက်ခဲ့ကြပြန်တော့
          အလွမ်းတွေ လျော့လို့ မရခဲ့ပြန်ဘူး...။
ဟန်ချက်လွဲအချစ် (၁၆)
အသည်းကွဲခြင်း လမ်းခွဲခြင်းက
အတိက်ဆောင်သော လမ်းမပေါ်မှာ
ငါအံချလိုက်တာ ကျိန်စာသင့်သော
အချစ်လို့ မင်းယူဆနေမလား..။
လွမ်းမိုးတွေရွာ ဆွေးသူရင်မှာ
ကြိတ်မှိတ်အံချသော ဒဏ်ရာတွေက
အတိက်ပျိုရဲ့ အပျိုစင်ဘဝ
ပြိုကျသွားသလို မင်းယူဆနေသလား..။
ခုတုံလုပ်လို့ ဘဝကိုတောင်းတ
ချစ်တက်ကြမှ မုန်းမေ့ခြင်းတွေနဲ့
မေတ္တာတောင်ပြိုသလို ငါ့အချစ်ကို
အဆိပ်သင့်ပြီးလို့ မင်းယူဆသလား..။
မုသားမဲ့ချစ်ခြင်း (၁၅)
အလွမ်းနာချက်က သူပုန်တယောက်လို
သောင်းကျန်းနေတာ ကမ္ဘာလည်းတုန်လို့
မောဟိုက်နေပြီ ညီမရေ..
ဆွေးချက်နာက ဆေးချက်စာလို
အမည်မသိ ဆေးရှိနေလို့
သက်သာသေးတယ် ညီမရေ..
ချစ်စိတ်နာက မုန်တိုင်းထန်သလို
မာန်ရှိန်ဒေါသ ထစ်ချုန်းကျလို့
ဖြေသာသေးတယ် ညီမရေ…
ဘ၀နာက ပြယုဂ်မရှိ
အလွမ်းအတိ ကျွမ်းမိနေလို့
ငိုခဲ့မိတယ် ညီမရေ….
အရီးရဲ့ကိုဧရာ (၁၄)
ကိုဧရာရဲ့ သမိုင်းတွေကြောင့်
အရီးတို့ တဲလေး လယ်ယာလည်းကောင်း
သီးနှံကောင်းနှင့် အထွက်ကောင်းခဲ့တာ
သူတို့ကျေးဇူးကြောင့်လေ…။
ခရီးသွားလာတဲ့ အရီးတို့ဝန်းကျင်က
မိတ်ဆွေတွေကို ကုန်ကူးကုန်ရောင်း
ကောင်းရောင်းကောင်းဝယ် ပြုလုပ်နိုင်တာ
ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ..။
အရီးတို့တွေ အသိတွေတိုးဖို့
သတင်းကောင်းတွေ ဂုဏ်သတင်းတွေ
ပြန့်နှံ့ထုံးသင်း သယ်ဆောင်ခြင်းက
ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ…။
တောင်သူဦးကြီး အရီးတို့လယ်တွင်းက
ရေလာမြောင်းပေး တိုးတက်ရေးတွက်
သီးနှံကောင်းတွေ ထုတ်လုပ်ပေးတာ
ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ…။
အများသိတယ် သမိုင်းသိတယ်
ရာဇဝင်ရှိတယ် မဟာဝင်ရှိတယ်
ကျေးဇူးကြီးမားတယ် သူတို့သိစေ
ကိုဧရာရဲ့ ကျေးဇူးကြောင့်လေ..။
Thursday, November 3, 2011
ရှောင်တခင် လမ်းခွဲခြင်း (၁၃)
ဝလာမိုးစက် တသက်သက်နဲ့
လွမ်းလျက်မဆုံ မျှော်လေတိုင်းဝေး
ရင်လှိုင်းဆွေးခိုက် ဖြေလျော့ကာ မပြေခဲ့
ချစ်ရတက်ဗွေ မုန်တိုင်းလေလို
လေဗွေဆော့မြူး ချစ်သက်ဦးရေ
ချစ်လျက်ကြင်ကွာ ပစ်လျက်ရင်နာ
တစ္ဆေပမာ မုန်းမိုးတွေရွာလို့
မိုးလေသတင်းတွေက သယ်ဆောင်ညှင်းလေတော့
တို့နှစ်ဦးဆုံတွေ့ လမ်းခွဲရက်ပေပေါ့
ချစ်ဦးသူ သက်ထားခင်ပျိုရယ်..။
ခုဆိုကဗျာ ရင်ထဲမှာတော့
သုံးရာသီ စပ်ကြား မိုးသားကြူးလျက်
စစ်မက်လျှပ်ပန်း ရောင်စဉ်သန်းလို့
စိုတဆွတ်ဆွတ် ရင်ခွင်ဦးမှာ
ချမ်းတုန်ခိုက်လှ လွမ်းမျက်ရည်
ရေကြည်တစ်ပေါက်နဲ့ ဝေးကွာရှောင်တိမ်း
ချစ်သူလေးကို တစိတ်စိတ်တွေး
တရိပ်ရိပ်ဆွေးရင်း မျှော်မဆုံးတဲ့
ချစ်သူများနေ့ကို ရောက်ခဲ့ပြီးလေ..။
အမေပေးသောနှလုံးသား
အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။
အမေ...အမေ
အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...