အချစ်ဆိုတာ လောဘသခင်
သောကရင်မှာ ဒေါသကိုခင်
ပြောမရရင် မောဟဖြစ်သွား
မင်းတို့ပြောတဲ့ အဲဒါ အချစ်တဲ့လား…။
မေတ္တာဆိုတာ သံယောဇဉ်ရဲ့
သံသယနဲ့ ပူလောင်နေသော
သောကမီးဖြင့် ပရိဒေဝဖြစ်သွား
မင်းတို့ပြောတဲ့ အဲဒါ မေတ္တာတဲ့လား…။
သစ္စာဆိုတာ အသွင်ခိုးသော
မုသားတွင်းမှာ တည်ခိုင်မြဲဖို့
ဥပါဒါန်ဖြင့် သရုပ်ဆောင်သွား
မင်းတို့ပြောတဲ့ အဲဒါ သစ္စာတဲ့လား..။





