ပုံရိပ်များတဲ့ ပန်းချီ
ဘဝရဲ့ ကျယ်ပြန့်လွန်းတဲ့ စကြာဝဠာ ကောင်းကင်ထက်က
အမှတ်တမဲ့ မိုးတွေ ရွာသွန်းနေတယ်ဆိုပေမဲ့...
တကယ်တမ်းတော့ ဘဝရဲ့ လိုချင်မှု မြူစိုင်းနေတဲ့
ကောင်းကင်ယံမှာ တိမ်တွေက ငိုနေတာပါ...။
ဘဝ လှေပေါ်မှာ ကိုယ် စေလိုရာ ပန်းတိုင်ကို လှော်ခတ်နေရတယ်ဆိုပေမဲ့
ရေစုံလား ရေဆန်လားဆိုတာ မသိနိုင်သေးတဲ့ လှေသမား တစ်ယောက်ပါ...။
နက်ရှိုင်းလွန်းတဲ့ ဘဝ ချောက်ကမ်းပါးထက်မှာ ရပ်တည်နေရတဲ့အခိုက်
အေးစိမ့်စိမ့် ဂူအောင်းနေတဲ့ အသိစိတ်က နိုးမကြား မလာသေးပါ...။
ရေရွတ်မှုတွေ သိပ်များလွန်းလို့ ကျန်စာသင့်သွားသလား မသိတဲ့
ကိုယ့် ဘဝရဲ့ မြစ်ချောင်း အင်းအိုင် ပင်လယ်ထဲ
ကိုယ့် ခရီးကို ကိုယ် လျှောက်လှမ်းဖို့ မေ့မြောရင်း နစ်မြှုပ်နေဆဲပါ...။
သို့သော်...
ဘဝရဲ့ အညစ်ကြေး ကင်းစင်တဲ့ ပန်းတစ်ပွင့် ပွင့်လာဖို့အတွက်
ဒါပေမဲ့...
အမှီပြုပြီး တွဲကပ် တက်လာတဲ့ ပန်းပွင့်တိုင်းတော့
လောကဥယျာဉ်ထဲမှာ လှပလိမ့်မယ် မထင်နဲ့...။
မှောင်မိုက်တဲ့ ဂူအတွင်းက အိပ်ပျော်နေတဲ့ ခြင်္သေ့ရဲ့ ခံတွင်းထဲ
ဘယ်သားကောင်မှ အဆင်သင့် ဝင်မလာတာတော့ သေခြာတယ်..။
တကယ်တော့....
အားထုတ်မှု မရှိပဲ ဘယ်သူမှ ........
ဖြစ်မလာပါဘူး......
ကံ အလုပ်... ဥာဏ် အသိထုတ်
ဝီရိယ ကြိုးကုတ်လို့ ဘဝမိုးကုတ်စက်ဝိုင်းကြီးထဲ
ပုံရိပ်များတဲ့ ပန်းချီကားတစ်ချပ် ရေးဆွဲမြဲလေ...။
No comments:
Post a Comment