ကမ္ဘာလောကကြီးက သတ်မှတ်ပေးသော အမေနေ့ ခေါ်နေသောနေ့ထက် သားသ္မီးတိုင်း သတ်မှတ်သော အမေနေ့က မြတ်နိုးစရာကောင်းသော အရာပင်ဖြစ်သည်။ သားသမီးတွေ မိဘတိုင်းအပေါ်ထား တက်သော မွန်မြတ်သော စိတ်ထားကို မြတ်နိုးကြမှာ အမှန်ပင်ဖြစ်သလို လောက ဘယ်လိုပင် သတ်မှတ်ပေးသော အမေနေ့ကို အများလုပ်မှ သိသော အရာထက် သားသ္မီးတိုင်းလုပ်ပေးသော အရာကိုလိုချင် ကြသည်ကိုလည်း ထိုနေ့ကို ကြည့်ရ်ျသိရှိနိုင်ပါသည်။ သို့သော် မည်သည့်အရာမဆို ထင်ရှားရှိမှ ကောင်းသည်ထက် မိမိကိုယ်တိုင်ခံစား နားလည်တက်လျှင် မိမိ မိဘများကို ကျေးဇူးဆပ်တက်သော အသိ စိတ်ဓာတ်ရှိမှသာလျှင် ကောင်းမွန်မြင့်မြတ်ပါသည်။ မိဘသည်လည်း မွေးမိဘ ကျွေးမိဘ သင်မိဘစသည်များစွာရှိပေသည်။ ထို့ကြောင့် မိမိတို့ စဉ်းစားနိုင်စွမ်းရည်ရှိသော ပညာရှင်များပင် ဖြစ်သကဲ့သို့ ကျေးဇူးတရားတို့ သဘာဝဓမ္မကို ကောင်းစွာသိပေမည်ပင်ဖြစ်သည်။ ထို့တွင် ကျွန်ုပ်သည်ပင် မိဘများ၏ ကျေးဇူးတရားများကို အစဉ်အောက်မေ့နေသည်ပင်ဖြစ်ပေသည်။ မည့်ကဲသို့ ဆိုစေဦးတော့ သားသ္မီးတို့ဘ၀ကို တိုးတက်စေသော အောင်မြင်စေသော အဆင့်တန်းရှိစေသော ဘ၀ကိုမြင်စေချင်သော မိဘတိုင်းကို ကျွန်ုပ်မိဘကဲ့သို့ပင်ဖြစ်ပေသည်။ မည်သူတစ်ဦး တယောက်က အမြင်မှားသော သံသယရှိစေကာမူ အမေဆိုသော မေတ္တာရှင်တို့က အမြဲခွင့်လွတ်နေမည်ပင်ဖြစ်သည်။ သင်လည်း သင့်မိဘကို ကြည့်ရှုနိုင်သော သားသမီးကောင်းဟု အမြဲယုံကြည်မိပါသည်။ ယုံကြည်သလိုလည်း သင်အတွက် အမေဟူသော မေတ္တာက ကြိုဆိုလျှက်ပင်သည်။ နောက်ဆုံးတော့ အမေ့ မေတ္တာဟာ မည်သူကမှ ပေးဆပ်ခြင်းငှာမစွမ်းနိုင်ပါ။ အမေဟူသော မိခင်တိုင်းကသာ ပေးစွမ်းနိုင်သော အရာပင်ဖြစ်သည် ဟု ထင်မြင်ရေးသားရင်း အမေ့ မေတ္တာတွေကို သဲပွင့်ပမာလောက် မဆိုလောက်သော ရေးသားခြင်းမျိုးဖြစ်ရေးသားမိပါသည်။ ။
ပုည(ရာမည)
ပုည(ရာမည)
No comments:
Post a Comment