Saturday, June 30, 2012

အဖြူရောင် အမှာတမ်း



စကြာဝဠာ သင်္ကေတဖြစ်တဲ့
သမိုင်းအဖြစ်တည်ရှိနေတဲ့ ခြေရာတွေက
ငါတို့ ဒီမှာ ဒီမှာလို့ အပြုံးနဲ့
ငြိမ်ချမ်းရေးတေးဆိုရင်း ပါးစပ်လှုပ်လို့
လှမ်းပြောနေပါရဲ့…။

စကြာဝဠာ တစ်ထောင့်တစ်နေရာမှာ
နေရာတစ်ခု သူ့ကို ပေးခဲ့တယ်ဆိုရင်
ကမ္ဘာတစ်ခြမ်းက ပြဿနာတွေကို
ဖြေရှင်းပေးနိုင်မယ်ဆိုတာ လက်တွေ့သိပြီလေ..။

ချော်လဲခြင်းတိုင်း ချော်လဲလို့ မရသလို
ချော်လဲ ရောထိုင်နဲ့ ချော်လဲတုန်းက
 သူတော်စဉ်ဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး..
ချော်လဲသူတိုင်းလည်း ဦးခိုက်ခဲ့တယ်
ဒါဟာ… ချော်လဲခြင်းတွေကို
ထိန်းသိမ်းနိုင်တဲ့ စွမ်းအားတွေနဲ့
သတ္တိရှိရှိ အောင်မြင်ခြင်း ခရီးဆက်ခဲ့လို့ပေါ့…။

မလဲကျခဲ့တဲ့ ခြေလှမ်းတွေနဲ့
ဘယ်နေရာမှာ ဘယ်လို လျှောက်ခဲ့ လျှောက်ခဲ့
လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းက
သမိုင်းမှတ်တိုင်ထဲမှာ အသစ်တွေနဲ့ပေါ့…။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်ကြိုဆို


AddThis Social Bookmark Button
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ စတင်သွားရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းလေကြောင်းလိုင်း TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303  သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည် ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay  အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နံနက် ၆ နာရီ အချိန်ဝန်းကျင်ကတည်းကပင် လေဆိပ်အတွင်း၊ အပြင်တွင် ကြိုဆိုရန် စောင့်ဆိုင်းသူများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စတင်တွေ့ရှိရချိန်မှစ၍ လာရောက်ကြိုဆိုသော ပြည်သူ များအပြင် လေဆိပ်အတွင်းရှိသူများပါ လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ သည်ကို တွေ့ရသည်။

ထို့အပြင် လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျှောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
''ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နိုင်ငံအတွက် ဝေဖန်သံတွေ၊ ကန့်ကွက်သံတွေကြားက  ဥရောပခရီးကို သွားခဲ့တာလို့ ယုံကြည်မိပါတယ်။  အဲဒီနိုင်ငံတွေမှာလည်း သူ့အကျိုးစီးပွားအတွက် ဘာမှမလုပ်ခဲ့ဘူး။ ဈေးကွက်သဘောအရပြောရင် မြန်မာနိုင်ငံအတွက် သူ ပရိုမိုးရှင်းဆင်းတာပဲ။ သူ့ကြောင့် ကမ္ဘာမှာ မြန်မာဆိုတာ ၀င့်ကြွားနိုင်ခဲ့ရပါပြီ။ ဒါကြောင့် မနက် ၇ နာရီလောက်ကတည်းက လာစောင့်ကြိုဆိုတာပါ''ဟု မြောက်ဒဂုံမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဝင်းက ပြောပါသည်။ ထို့အတူ အသက် ၁၆ နှစ်အရွယ် မဖြူသီက ''အခုလိုလာကြိုတဲ့ သူတွေအများကြီးတွေ့ရတာ ပျော်ပါတယ်။ သမီးတို့က အမေစုကိုချစ်လို့ လာကြိုတာပါ''ဟု ပြောပါသည်။

Friday, June 29, 2012

ကြိုဆိုရေး နှလုံးသား ကျောက်စာ



ပန်းသတင်း လေညှင်းဆောင်ခဲ့
လူသတင်း လူချင်းဆောင်လျက်
အောင်မြင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေ
သယ်ဆောင်လို့ ကမ္ဘာ့ရွာထဲက
စံပြအိမ်ကလေး သူ တည်ဆောက်ခဲ့...။

အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက်
ငြင်းဆိုချက်တွေ အတိုင်းမသိ ပယ်ချရင်း
ဖြောင့်မတ်တဲ့ ခရီးလမ်းပေါ် ဆက်လျှောက်ခဲ့
အတ္တ မပါတဲ့ သူ့ စွမ်းဆောင်ချက်က
ပြည်သူ့အတွက် ဂုဏ်သတင်းကောင်းတွေပေါ့...။

အဆိုးနဲ့ အကောင်း တိုက်ခိုက်နေတဲ့ လောကကြီးအတွက်
အဆိုးကို အကောင်းမြင်ဖို့ အကောင်းကို သစ္စာရှိဖို့
ငြိမ်ချမ်းရေး လမ်းစဉ်ပေါ်မှာ
အလှတရားတွေ တန်ဆာဆင်လျက်
အောင်မြင်မှုနဲ့ သူ ပြန်လာခဲ့...။

Thursday, June 28, 2012

Dr. Daw Aung San Suu Kyi who return to Yangon, Myanmar


(The Historic Motivational And Inspirational Speaker, the World Icon, Dr. Daw Aung San Suu Kyi who return to Yangon, Myanmar)


I think by now I have made it fairly clear that I am not very happy with the word "hope." I don't believe in people just hoping. We work for what we want. I always say that one has no right to hope without  endeavor, so we work to try and bring about the situation that is necessary for the country, and we are confident that we will get to the negotiation table at one time or another. This is the way all such situations pan out-- even with the most truculent dictator. 

Dr. Daw Aung San Suu Kyi


အပြန်လမ်းမှ ငြိမ်းချမ်းရေး


အသက်ထောက်ပေမဲ့၊ တသက် မကြောက်ခဲ့..
အသက်လောက်ချစ်တဲ့ ပြည်မြန်မာအတွက်
ဇွဲ မာန် ထက်သန်တဲ့ ပြည်ချစ် စိတ်ဓာတ်နဲ့
ခရီးရှည်ကို လျှောက်လှမ်းခဲ့ပေါ့...။

ကမ္ဘာ့ လူမျိုးစုံတဲ့ Norway, အိုင်ယာလန်, အင်္ဂလန်,
ပြင်သစ် ရောက်ရှိခဲ့လို့  မြန်မာဟန် ကြွကြွ၊ 
သမိုင်းဝင် ခြေသံဖွဖွလေးတွေက
ကျောက်စာတစ်ခု ဖြစ်စေခဲ့တယ်..။

Dr. Daw Aung San Suu Kyi made honourary citizen in Paris

Dr. Daw Aung San Suu Kyi made honourary citizen in Paris


Dr. Daw Aung San Suu Kyi made honourary citizen in Paris


Thursday, June 28, 2012 » 08:10am

Burmese activist Aung San Suu Kyi has become an honourary citizen of Paris at a ceremony in the French capital.
The 67-year-old met French President Francois Hollande as part of her 17-day tour of Europe.
Addressing the crowd in French -- the pro-democracy campaigner said although France had a history of struggle for democracy, its citizens had perhaps become complacent.
But it wasn't all business for Suu Kyi who also spoke of her admiration of France as the country of writer Victor Hugo and onion soup.
Suu Kyi talked to the press after a meeting with President Francois Hollande on the first day of a four-day visit to France that closes out a European tour that has taken her to Switzerland, Norway, Ireland and Britain. She and the French president were having dinner on Tuesday night.
The Nobel Peace Prize winner has been a world symbol of courage and hope for facing down Burma's military regime, which ruled for 49 years until last year. She is now helping the country usher in what many hope is a transition to democracy. And pragmatism seems to be her watchword.

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...