Saturday, December 31, 2011

စာမျက်နှာအသစ် ၂၀၁၂ (၉၂)


မီးပန်းတွေ မီးပုံတွေက
ကောင်းကင်ပေါ်မှာ ခရီးသွား တိုးဝှေ့ခဲ့ကြ
ငါကတော့ ကိုယ်သမိုင်း ကိုယ်ရေးတဲ့
လူ့ဘဝထဲ တိုးဝှေ့ခဲ့လို့
ခုနှစ်တခုတောင် တိုက်စားသွားရင်း
စာမျက်နှာ အသစ်တခုကို
ထက်လှန်နေဆဲ....။

လူ့ဘဝ ဖြတ်သန်းခြင်းဆိုတာ
ကဗျာတစ်ပုဒ်ရေးဖို့ မူကြမ်းရေးစာမျက်နှာပါ
ကာရံမဲ့ လောကဓံက စည်းကမ်းမရှိသလောက်
ဘဝဇာတ်ခုံ ဖြစ်သလို ရေးဆွဲရင်း
အပြုံးအမုန်းမသုဉ်းတဲ့ လောကဓံကို
ကြုံရာကြုံရာ ဇာတ်လမ်း က ခုန်ရင်း
ဇာတ်ဝင်ခန်း အသစ်တခု ဝင်ရောက်ခဲ့ပြန်ပြီ...။

လူ့ဘဝသမိုင်း နွံအိုင်ထဲ
စိုက်ပျိုးခဲ့တဲ့ အလှတစ်ပွင့်က
ပင်ယံထက်မှာ တင့်တယ်သော်လည်း
သစ်ရွက်တွေ ကြွေကျတိုင်း
ကြွေကျတိုင်း လေရိုင်းများအောက်
ပန်းတစ်ပွင့် မြေခမှာလည်း ကြောက်မိခဲ့
အခုတော့လည်း ရနံ့သင်းကြူးတဲ့
ပန်းတစ်ပွင့် ဖူးငုံခဲ့ပြန်ပြီ.....။

သစ်ရွက်လေးတွေ ကြွေကျလာတိုင်း
လူ့ဘဝသမိုင်းတွေ ကဗျာရေးစပ်ခဲ့
နှလုံးသားစာလုံးပေါင်း မတတ်သေးတဲ့
ငါ့အတွက်တော့ သစ်ရွက်ကြွေတိုင်း
နှင်းခ လာတဲ့ ဒီဇင်ဘာက
ပန်းကလေးတွေကို အခါတော်ပေးလို့
သတင်းစကား ပြောကြားခဲ့ပါရဲ့
Date ကုန်သွားတဲ့ သက္ကရာဇ်တခုက
တိုက်စားသွားလို့ အခုတော့ မြေခခဲ့ရပြန်ပြီ....။

တိုက်စားသွားတဲ့ ခုနှစ်တွေက
မဟူရာညအမှောင်ယံ ကားမရလို့
ကြုံရာ ကားတွေ တားရင်း
အချိန်တွေသာ ကုန်ဆုံးခဲ့
မနှစ်မြို့တဲ့ စောင့်ဆိုင်းခြင်းကို
ရပ်တန့်လို့ ကိုယ်ပိုင်အမှတ် ၉၆၃၉နဲ့
ခရီးဆက်ခဲ့တာ အခုတော့လည်း
၂၀၁၁ သက္ကရာဇ်တခု ပြိုလဲကျခဲ့လို့
နှစ်သစ်တခုရဲ့ ၂၀၁၂ကိုရောက်ခဲ့ပြန်ပြီ...။

ပြိုလဲသွားတဲ့ သက္ကရာဇ်တွေက
ဝါရင့်လက်ဝှေ့သမားလို့ တိုက်ခိုက်ခဲ့
ကျိန်ဒဏ်သင့်တဲ့ နေ့ရက်တွေထဲ
မြောလွင့်ရင်းနဲ့ ပျော်ရွှင်ခြင်းတွေကို
လူ့ဘဝအဘိဓာန်မှာ ဖန်တီး သရုပ်ဖော်ခဲ့
မကြေညာခဲ့တဲ့ ကြော်ငြာတခုက
ရင်မှာတိုးဝှေ့လို့ နှစ်သစ်ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပြီ..။

Thursday, December 29, 2011

စတုတ္ထ အနှိုင်းမဲ့ မြင့်မိုရ် (၉၁)

နွေ မိုး ဆောင်း ဥတုသုံးပါးရဲ့အောက်
အတိုင်းအတာ ကိုးလတာ ဆယ်လမှာ
အကာလည မိုးတွေ တဖွဲဖွဲရွာသွန်းနေတဲ့
ညအမှောင်ယံမှာ အနှိုင်းမဲ့ကောင်းကင်အောက်
ငိုညည်းသံစဉ်လေးတခု ထိုးဖောက်လို့
မွေးဖွားရှင်သန် အသက်ဝင်ခဲ့ပြီ...။

ငိုကျွေးခြင်းတွေ စတင်ခဲ့တဲ့
လူ့ဘဝ လူ့သံစဉ်တွေကြား
ချိုမြိန်စွာ ခံစားခဲ့ရင်း
အပြုံးတစ်လှည့် အငိုမျက်ရည်တွေနဲ့
ဆာလောင်မွတ်သိမ့်မှုတွေ တောင်းဆိုရင်း
အနှိုင်းမဲ့ အားဆေးတစ်ခွက်ကို
သောက်သုံးလို့ အသက်ဆက် ရှင်သန်ခဲ့ပြီ...။

ဘာသာမဲ့နေတဲ့ ငါ့အတွက်တော့
အခြေခံဘာသာရပ်အနေနဲ့
ထမင်းကို မန်မန်
ဘုန်းကြီးတွေ့ရင် ဦးတော်
အန်တီကို တီတီဆိုတဲ့
အရိုးဆုံးသော ဝေါဟာရအသစ်တွေကို
သုံးနှုန်း စတင်ပြောခဲ့ရင်း
မခိုင်တဲ့ ဒူးနှစ်ဖက်ကို
အနှိုင်းမဲ့လက်နဲ့ အကူတောင်းလို့
လမ်းလျှောက်တက်တဲ့ အရွယ်
လူ့ဘဝရဲ့ ခြေလှမ်းအသစ်နဲ့
လောကလူ့ဘုံထဲ စတင် ရှင်သန်ခဲ့ပြီ...။

အသိမကြွယ်သေးတဲ့ ငါ့ဘဝအစမှာ
လက်ဦးဆရာအဖြစ်နဲ့ အနှိုင်းမဲ့စာတွေ
သင်ကြားပေးရင်း အားကစား လေ့ကျင့်ခန်းတွေနဲ့
ပျော်မွေ့အောင် သူငယ်ချင်းတယောက်လို့
ချော့သိမ့်ပေးလို့ အနှိုင်းမဲ့ရင်ခွင်မှာ
ဘဝအတွက် အကောင်းဆုံး ပျော်ရွှင်မှုတွေနဲ့
ပုခက်ထဲမှာ အိပ်ပျော်ခဲ့ရင်း ရှင်သန်ခဲ့ပြီ....။

ပျော်ရွှင်ခြင်းရဲ့ နေ့ရက်တွေနဲ့
ဖြတ်သန်းခဲ့ရင်း တိုးတက်ရေးကို
ရှေ့ရှုခဲ့တဲ့ အနှိုင်းမဲ့လက်နဲ့
ရင်ခွင်ပွေ့ပိုက်ရင်း နှင်တံတချောင်း
အသပြာငွေအချို့ အချော့မုန့်ကလေးနဲ့
ချော့မော့ကာ ငါ့ကို ကျောင်းအပ်
ကျောင်းပို့ စာသင်ကျောင်းသို့
ရောက်ခဲ့တာ နှစ်တွေကြာညောင်းလို့
ဘွဲ့တွေလည်း ရရှိခဲ့ပြီလေ...။

အရွယ်ရောက်လာတဲ့ ဘဝခရီးတလျှောက်
ကောင်းကင်ပြာပြာအောက်မှာ ဘွဲ့လက်မှတ်နဲ့
ခရီးဆက်ဖို့ ဝိုးတဝါးဖြစ်နေဆဲ
ဘဝကျောင်းနဲ့ စာသင်ကျောင်း
မချိတ်ဆက်မိသေးတဲ့ ငါ့ဘဝကို
အနှိုင်းမဲ့လက်က နည်းလမ်းတွေ ညွန်
တိုက်တွန်းအားတွေနဲ့ အလုပ်စပ်ပေးရင်း
အချိတ်အဆက်မဲ့တဲ့ ဘဝကျောင်းထဲ
ငါ့ဘဝ ဒုတိယ ခြေလှမ်းတွေနဲ့
ဆက်လက် ရှင်သန်ခဲ့ပြန်ပြီ....။

သဘာဝနိယာမတွေ အလိုအလျှောက်
တောက်ပနေတဲ့ ထစ်ချုန်းမိုးတွေနဲ့
နှလုံးသား စကားပြောသင်တန်း တက်ကြရင်း
မေတ္တာကမ်းလွန်ပြင်မှာ နားခိုနေတဲ့
ငှက်တကောင်ကို နှစ်သက်လို့
သံယောဇဉ် လှောင်အိမ်ထဲ
သစ္စာအစာတွေ ကျွေးရင်း
နှလုံးသားကဗျာတွေ ရေးစပ်ခဲ့ပြီလေ....။

Wednesday, December 28, 2011

အသစ်ပြောင်း အဟောင်းသံသရာ (၉၀)


ကြွေကျပျက်စီးလို့ အမှိုက်တွေလို
လေလွင့်ခဲ့တဲ့ သက်တန့်တခု
ကောင်းကင်မှာလည်း အရောင်တွေလွင့်လို့
မိုးတိမ်တွေကြား ပျောက်ကွယ်သွားသည့်အလား။

ခုတ်မောင်းနေဆဲ ဘဝရထားတစ်စီး
မှတ်တိုင်ရောက်တဲ့ ကားတစ်စီးလို
ကျော်ဖြတ်သက်တမ်းတခု တိုးဝှေ့လို့
အိုမင်းခြင်းရဲ့ ပြက္ခဒိန်သစ်တခုဆီ
မမျှော်လင့်ပဲ ရောက်ရှိလာခဲ့ပေါ့...။

အချိုအခါး မညီမျှတဲ့ ရာသီမှာ
မိုးခါးရေကို သောက်နေရတဲ့
သဘာဝတရားတွေက ဖောက်ပြန်ပျက်စီးလို့
နေဝင်မိုးချုပ် အာရုဏ်အလုပ်နဲ့
တစ်ရက်ပြီးတစ်ရက် မိုးချုပ်ခဲ့ပြန်ပြီပေါ့...။

ကံတရားက မောင်းချလိုက်လို့
ပြေးချင်ရာကို ပြေးနေရတဲ့
တေလေ ငှက်တကောင်ရဲ့
ဘဝဇာတ်လမ်းက မနက်ဖြန်အတွက်
အခန်းသစ် အတွဲအသစ်ဖြစ်ပြန်ပြီပေါ့..။

လွမ်းတာလည်း နာလှပြီ
ချစ်တာလည်း ကြာလှပြီ
မနစ်နာစေချင်တဲ့ သဘာဝတရားက
အသစ်တွေတာ သတ်မှတ်ပေးခဲ့ပါရဲ့
မနှစ်ရက်တွေတာ ကုန်ဆုံးလို့
ဝတ္ထားတဲ့ အက်ႌေတြသာ
အသစ်တစ်ထည် ပြောင်းခဲ့ပြန်ပြီ...။

ဇရာအို အရွယ်ဟောင်းလို့
နှစ်လတွေလည်း ပြောင်းလာခဲ့ပြီ
အတိတ်အကြောင်းတွေက ပြုံးလွယ်မုန်းလွယ်
စနစ်လွယ်လွန်းလို့ ဇာတ်ကားတွေတာပြောင်းပေမဲ့
အသစ်စက်စက် ဇာတ်ကားထွက်တိုင်း
ကျုပ်က မင်းသား သူက မင်းသ္မီး
သူ့မိဘ ကိုယ့်မိဘ
သူ့ အသိုင်းဝိုင်း ကိုယ့်အသိုင်းဝိုင်း
သူ့ လူကြမ်း ကိုယ့်လူကြမ်းတွေပဲလေ...။

Monday, December 26, 2011

ကာရံမညီသော လမိုက်ည (၈၉)


သက်သေတစ်ခု ရှာဖွေနေဆဲ
မျှော်လင့်ခြင်းတွေ ဝေးလွင့်သွား
ခရီးသွားတယောက်ရဲ့ ဘဝတစိတ်
တရိပ်ရိပ် ဖြစ်နေတဲ့
လမိုက်ညရဲ့ တရားခံဟာ
ကိုယ့်အလင်းကို ကိုယ့်အရိပ်နဲ့ ကွယ်တဲ့ကမ္ဘာ
မီးအိမ်တစ်ခွက် လောင်စာပျက်လို့
ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ရင်
မဟူရာ အမှောင်တိုက်ကြီး တစ်ခုလုံး မွေးဖွားလာမယ်...။

ကိုယ့်ဘဝတလျှောက်လုံး ထိမ်းပိုးလာတဲ့
ဘဝကျောင်းက လွယ်အိတ်ကိုချလို့
ကိုယ့်ခြေထောက်ထဲ ဘောလုံးမြဲဖို့အတွက်
အားလုံးကို လိမ်ညာရတော့မှာလား
အချိတ်အဆက် လုပ်ရမှာလား..။

ဘဝတွေကလည်း စုံလွန်းလို့
ကခုန်ရတဲ့ လောကဇာတ်ခုံထဲ
စိတ်ကြိုက်လွင့်နေတဲ့ ဇာတ်ကားတွေလည်း
ရိုးလွန်းလို့ ဟိုထဲ ဒီထဲ
ကြယ်ပွင့်တွေ လက်နက်ကိုင်နေဆဲ
ဒါပေမဲ့ မှတ်တမ်းထဲက
ညီညွတ်ခြင်းဆိုတဲ့ အောင်လံဟာ
တို့ဘဝ လေတိုက်မှ လှတဲ့ အရာပေါ့...။

အလှမက်လို့ မဟုတ်ခဲ့ပါဘူး
စိတ်စေရာကို ခုတ်မောင်းတတ်တဲ့
တစ်ချက်မိန့် တံဆိပ်ပြားတစ်ခုက
ရေသောက်မြစ်ကို ထိယှသွားခဲ့
မမြင်ရမှာ အစုံအဆန်
ပုံမှန်ပြေးလွှားနေတဲ့ ရေစီးသံများက
ပျောက်ကွယ်သွားတော့ ထင်ကျန်ခဲ့တာ
စိုဆွတ်ခြင်းများရဲ့ နွံ့အိုင်တစ်ခုပါ..။

ပေတေနေတဲ့ နွံ့အိုင်ထဲ
ရုန်းထွက်ခဲ့တဲ့ ကြိုးတစ်ချောင်းက
ခြေရာတွေလည်း ပျောက်ခဲ့သလို
ချည်တိုင်ကြိုးလည်း လွတ်ထွက်ခဲ့
အတောင်ပံပျက်တဲ့ ငှက်တစ်ကောင်လို
မြက်မစားတတ်တဲ့ နွားတစ်ကောင်လို
တေလေတွေနဲ့ လေလွင့်ရင်း
ပလက်ဖောင်းကို ခေါင်းအုံးခဲ့
အလင်းမထွက်တဲ့ လမိုက်ညရဲ့
မဟူရာမှာ ထောက်ချောက်ထဲကို
ဝင်ရောက်သလို ဖြစ်ခဲ့လို့
အဲဒီညတွေမှာ ကာရံမညီခဲ့ဘူးလေ...။

Sunday, December 25, 2011

စိတ္တဇ လောင်တိုက် (၈၈)

 
ဒီလို ဒီဇင်ဘာညတွေမှာ
ဆောင်းနှင်းတွေနဲ့အတူ
ရင်ဘတ်အဟောင်းသား
နှစ်ယောက် တစ်အိပ်မက်
ဆော့ကစားကြလို့
နှလုံးသား အာဟာရ
ထာဝရ ထင်ကျန်ရင်း
ရင်ထဲမှာလည်း တကျစ်ကျစ်မြည်နေဆဲ...။

ပင်ယံထက်က ပန်းမဟုတ်သော်လည်း
သစ်ရွက်တွေ နှင်းခ ရင်း
လေပြေလေညှင်းများ တိုက်ခိုက်ကြလို့
အေးစက်စက်နဲ့ မြေခ
ကြွေကျလာရင် အနေခက်မှာလည်း
စိုးကြောက်မိတယ်...။

ကံကြမ္မာ ခါးသက်သက်နဲ့
ဘဝတစိတ်ကို ခရီးဆက်ရင်း
ရင်ခုန်သံတွေ မှားခဲ့သလား
ရင်ခွင် ဝိုးတဝါး ဖြစ်နေဆဲ
ငါ... ရောက်ရှိခဲ့တဲ့ ခရီးတစ်ခုက
မီးတောက်တွေနဲ့ ကမ်းလှမ်းကြိုဆိုခဲ့
မမှားသော ဆေးတစ်ခွက်ကို
သောက်သုံးရင်း အခုတော့ ကုသနေဆဲ....။

သံသရာစက်ရဟတ် လည်ပတ်လို့
ခါးသက်နေတဲ့ နေ့ရက်တွေကို ရေတွက်
ကိန်းဂဏာန်းတွေ ထုဆစ်ထားတဲ့
သြဃလေးပါး သမုဒ်ပြင်ကျယ်မှာ
သံယောဇဉ်ပျက် ဆေးတစက်
သွေးခတ်နေတဲ့ ဓါးတစ်လက်နဲ့
ခုတ်ဖြတ်ဖို့ ကြိုးစားနေဆဲ...။
 
ကျန်ရစ်နေတဲ့ ဘဝကွက်လပ်ထဲ
သတိရမှုတွေ ကြီးစိုးမင်းမူရင်း
ခံနိုင်ရည်မရှိတဲ့ သစ်ကိုင်းလေး
နေလောင်ဒဏ်ရဲ့ အောက်မှာ
ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရဆဲ...။

Saturday, December 24, 2011

လေလှိုင်းထဲက ကောလဟလ (၈၇)


ဘုရားဟော ကျမ်းဂန်ထဲက
ကာလာမသုတ်လာ ယုံကြည်သင့် ယုံ
တစ်ဆင့်စကားနဲ့ မယုံနဲ့အုန်း
ဆရာကြီး ခေါင်းဆောင်ကြီး
ဘာကြီးညာကြီး ပြောလည်း
ယုံသင့်မှ ယုံ
လက်တွေ့ကျခြင်း တစ်ခုက
လန့်နိုးလာတဲ့ ကာလနဂါးကြီးရဲ့
သက္ကရာဇ်ကို ဝေဒကျမ်းလာ
နက္ခတ် ကြယ်တွေကို တွက်စစ်
လက်တွေ့ကျတော့ ရှားရှားပါးပါး
ကောင်းကင်မှာ ကြယ်တွေဝိုင်းရံနေတဲ့ကြား
လကြတ်တာနဲ့ ကြုံတွေ့ဆဲ......။

တိမ်မြှုပ်နေတဲ့ အမှန်တရားကို
ရှာဖွေဖို့အတွက် လောင်းတော်သိဒ္ဓတ်
ကမ်းမမြင် လမ်းမမြင်နဲ့
အမှောင်ယံ မောင်ဆန်ခေါ်လို့
သောင်ယံအနော်မာကို မြင်းစီးထွက်ခဲ့
အမှန်တရား သစ္စာတရားကို
ထိုက်တန်တဲ့ မဟာလူသားတို့အတွက်
သရုပ်ပျက် ရုပ်ဖျက်ထားလည်း
ဘယ်လိုပင် တောပုန်းနေနေ
ဒီကမ္ဘာမြေကြီးမှာ သူအတွက်တော့
မရှားသော နေရာတွေရှိမြဲလေ....။

ရာစုနှစ် ၅၀၀ ကျော်လာတဲ့အောက်မှာ
ခရစ်တစ်ခု မွေးဖွားပေးခဲ့
ခရစ်တော်ရဲ့ နောက်ဆုံးညစာနဲ့
ရေချမ်းတစ်ခွက် ကမ္ဘာပျက်တော့မှ
အရွယ်ရောက် အတောင်စုံလို့
ကွဲပြားတဲ့ ဘာသာရပ်နဲ့
နောက်ကမ္ဘာကို နိမိတ်ဖတ်မယ်တဲ့...။

အများပြော အဟုတ်ဖြစ်
တရားဟော သရုပ်ဖြစ်
သဏ္ဍာန်မဲ့တဲ့ ကောလဟလ
ကောလဟလကို မယုံနဲ့
လက်တွေ့ကျမှ ယုံ....။

သမိုင်းဝင် အထောက်ထားနဲ့
ငါးရာ့ငါးဆယ် နိပါတ်တော်ထဲ
ကျူပ်က မင်းသား ဇာတ်လိုက်
ကလိန် ဒါရိုက်တာ
ခင်ဗျားက မင်းသား လူကြမ်း
အဟော့ပ် အရမ်းကောင်းတဲ့
ရူတင်မန်နေဂျာ လက်တွေ့ အပြော
လက်တွေ့ အဟော တိကျလွန်းလို့
သေမည့် နေ့ရက်တောင်
ချက်ဆို နားခွက်က မီးလောင်သလို
ဒက်ခနဲ့ အမှန်ပဲလေ......။

တနေ့နေ့ ဆုံဆည်းကြမည့်
လမ်းဆုံက ဂျမ်းပုံ (နေတိုး) နဲ့
တေလေ (ကဒါဖီ)
အတိတ်ဟောင်း ကျောင်းတော်က
ရန်မူခြင်း အကြွေးတွေကို
အဆစ်ပေးလို့ အတိုးတက်လိုက်တာ
မဆီမဆိုင်း အဖိုးထက် တန်ဘိုးကြီးသွားတယ်....။

Thursday, December 22, 2011

ကွဲအက်သွားတဲ့ ခေါင်းလောင်း (၈၆)


စိတ်ဝတ္ထုရဲ့ စေခိုင်းရာကို
မောင်းနှင်လာရင်း ကြီးပြင်းလာတဲ့
တက်သစ်စ ငါ့ဘဝထဲ
ဝိုင်းချိုရည် တစ်ခွက်နဲ့
မေ့လျော့ရင်း ဝေဒနာတွေ
နှစ်သိမ့်လို့ အလွမ်းတွေသင့်ခဲ့
ကျန်ရစ်နေတဲ့ ကျောင်းခေါင်းလောင်းလေး
အက်ကွဲလို့ အဖော်ပြုနေဆဲ.....။

အတိတ်တစ္ဆေတွေ ပျော်မြူးနေတဲ့
ကျောင်းတော်ထဲ ငါ့အတွက်တော့
ခေါင်းလောင်းအက်ကွဲသံနဲ့အတူ
အဖော်ပြုရင်း ခံစားရင်း
အထီးကျန် အလွမ်းသင့်နေဆဲ...။

မမျှော်လင့်တဲ့ အနာဂါတ်ကို
ငေးမောရင်း အက်ကွဲနေတဲ့
ကျောင်းခေါင်းလောင်းက
အသံတွေညည်းတွားလို့
ငါ့ရင်ခွင်ကို ထိုးဖောက်ခဲ့
ဒဏ်ရာပြင်ပြင်း ရခဲ့တဲ့
အတိတ်ဟောင်းတွေက
ဝေဒနာတွေဖြစ်ခဲ့
ခံစားလိုက်ရတဲ့ ငါအတွက်တော့
အိုဟောင်းနေတဲ့
ခေါင်းလောင်းအက်ကွဲနဲ့
အဖော်ပြုနေဆဲ...။

ဝေးနေသမျှ နီးနေဆဲ
ဆွေးနေသမျှ လွမ်းနေဆဲ
နာကြည်းလို့ ပစ်ထားသွားလည်း
ဒဏ်ရာတွေကို ချိုမြိန်စွာ ခံစားရင်း
ကျောင်းတုန်းက ခေါင်းလောင်းသံ
နိုင်ငံတော် အလံရှေ့မှာ
ဆိုနေကြ နိုင်ငံတော် သီချင်းတစ်ပုဒ်
စောင့်မျှော်ရင်း ဆိုနေဆဲ....။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...