လူမှုရေးနှင့် ပညာရေး ပလက်ဖောင်း
နေ့စဉ်ဘဝကို ဖြတ်သန်းနေကြသော လူသားတို့၏ ပလက်ဖောင်းတွင် အတက်မျိုးစုံ တက်သိနားလည်ကြသည့် ပညာရှင် လူငယ်များစွာ ရှိနေကြမည်မှာ အမှန်ပင် ဖြစ်ပါတယ်။ သို့သော် စာရေးသူ အနေဖြင့် လူမှုရေးနှင့် ပညာရေး ကဏ္ဍတစ်ခုကို ဆွေးနွေး တင်ပြပေးချင်ပါတယ်။
ယနေ့ကမ္ဘာကြီးမှာ တိုးတက်နေသည့် အရာရာတိုင်းသည် (Social and Education) လူမှုရေးနှင့် ပညာရေးတွေကတဆင့် (Development) တိုးတက်လာခြင်းဖြစ်ပါတယ်။ ဒါပေမဲ့ နေကြာစေ့ အခွန်ခွါသလောက် မလွယ်ကူတဲ့ ပညာရေးနှင့် လူမှုရေးဝန်းကျင်မှာ တင်ပြစရာတွေ အများကြီး ဖြစ်နေပါတယ်။ စာရေးသူအနေနဲ့ဖြင့် ကိုယ် သိသလောက် အကြောင်းအရာလေးတွေ ဆွဲထုတ်ပြီး တင်ပြလိုက်ပါတယ်။
ကျွန်တော်တို့ မျိုးဆက်သစ် (New Generation) လူငယ်တွေ တစ်ခေတ်ပြီး တစ်ခေတ် သက္ကရာဇ်တွေ ကုန်ဆုံးသွားပေမဲ့ တုန့်ပြန်မရှိ ပါးစပ်ပိတ် နားထောင်ရတဲ့ ပညာရေးနှင့် ပွင့်လင်းမှု မရှိတဲ့ လူမှုရေး ဝန်းကျင်ထဲ ကျင်လည်ခဲ့ရတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ရသည်မှာ အားလုံးက အသိပင်ဖြစ်ပါတယ်။
အဲဒီလို နေခဲ့ရတဲ့ ပတ်ဝန်းကျင် အတိုင်းတာကို ကြည့်မယ်ဆိုလျှင် လူငယ်တွေအနေနဲ့ ပညာရေး အခွင့်လမ်းတွေ နည်းလွန်းနေခဲ့ရပါတယ်။ သူတို့အားလုံး လွတ်လပ်သော ပညာသင်ကြားခြင်းတွေ ဆုံးရှုံးသလို ဖြစ်နေခဲ့ကြပါတယ်။
ယနေ့ တိုးတက်လာသည့် နိုင်ငံ တစ်နိုင်ငံရဲ့ အသက်သွေးကြောသည် လူမှုရေးနှင့် ပညာရေး ပေါင်းစည်းထားခြင်း ဖြစ်ပါတယ်။ မစ္စတာလီရဲ့ စင်္ကာပူလို နိုင်ငံကို ကြည့်လျှင် ပို၍ သိသာသလို တောင်ကိုရီးယားလို နိုင်ငံမျိုးက ဒီနေ့ မြန်မာ့ တီဗွီတွေပေါ်မှာ ခေတ်စားနေတဲ့ (Social Films or movies) တွေကို ကြည့်လျှင် သိသာ ထင်ရှားပါတယ်။ သူတို့နိုင်ငံတွေမှာ အခြေခံ ဖောင်းဒေးရှင်း(န်) က နိုင်ငံ တစ်နိုင်ငံရဲ့ လူမျိုးပေါင်းစုံ ညီညွတ်ရေး အုတ်မြစ်ဖြစ်တဲ့ လူမှုရေးနှင့် ကျယ်ပြန့်သော ပညာရေးတွေပင်ဖြစ်ပါတယ်။
ပထမဦးဆုံး လူမှုရေးဆိုတာကတော့ (Social means concerning or belonging to the way of life and welfare of people in community) အဖွဲ့အစည်းဆိုင်သော အသိုင်းဝိုင်းအတွင်းက ဘ၀နေနည်း ထိုင်နည်း တရာမျှတခြင်းတွေ (Daily Social Problems) နေ့စဉ် လူမှုရေး ပြဿနာတွေ (Concerning the system by which such a community is organized) လူတွေ စုဝေးဖွဲ့စည်ထားသည့် စနစ်နှင့်သက်ပတ်မှုတွေ (Social Class) လူမှုအဆင့်အတန်းတွေ (living in communities) အဖွဲ့အစည်းဖြင့် နေထိုင်မှုတွေ (A Social club) လူမှုရေး အသင်းတွေနှင့် ဘယ်လို အသိုင်းဝိုင်းနှင့် တွေ့ဆုံနေပါစေ အံဝင် ခွင်ကျ ဆက်ဆံနိုင်တာကို လူမှုရေးလို့ ခေါ်ပါတယ်။ လူသားအားလုံးတို့သည် (Human beings are social beings) လူမှုရေး အသိုင်းဝိုင်းထဲက လူတွေဖြစ်ကြပါတယ်။ ကျွန်တော်တို့ အားလုံးကလည်း (That is, each one of us lives in a condition of interdependence within society.) လူမှုရေးဆိုင်ရာ အသိုင်းဝိုင်းအတွင်းက အခြေအနေတစ်ခု အနေနဲ့ မဖြစ်မနေ နေကြပါရတယ်။
ဥပမာ တစ်ခု အနေနဲ့ ပြောရလျှင် အမေရိကန် သမ္မတကြီး လင်ကွန်းပြောခဲ့သည့် စကားလေးတစ်ခု ရှိပါတယ်။ အဲဒါကတော့ "ရုံးခန်းထဲက လေညှင်းခံ ပန်ကာ အောက်မှာ ချည်း ထိုင်မနေနဲ့၊ အပြင်ထွက်ပြီး လူတွေကြားမှာ အမှန်တရားကို ရှာပါ။ လူတွေ အကြောင်း သိအောင် ကြီုးစားပါ။ အဲဒါမှ မိမိဌာနနှင့် နိုင်ငံအတွင်း ဘာတွေဖြစ်နေသလဲဆိုတဲ့ အကြောင်းကို အမှန်အတိုင်း သိနိုင်ပါတယ်။ ဒါဟာ တစ်ခုတည်းသော နည်းလမ်း ဖြစ်တယ်။"
လူမှုရေး နယ်ပယ်မှာ ကိုယ်က ခေါင်းဆောင်ဖြစ်လာလျင် ကိုယ် ထိုင်နေသည့် ရုံးခန်းအတွင်းမှာ ဇိမ့်ခံမနေသင့်ပါ။ ခေါင်းဆောင် တစ်ယောက်ဖြစ်လာသည့်အတိုင်း ကိုယ့် ဝန်းကျင်နှင့် ပြင်ပလောက လူတွေကြားမှာ အမှန်တရားကို ရှာဖွေပြီးမှ ဆုံးဖြတ်ချက်ပေးပါ။ လိုအပ်နေသည့် လူတွေ အကြောင်း သိအောင် ကြိုးစားပေးပါ။ အဲဒီက ရလာသည့် အဖြေဟာ မိမိဌာနနှင့် နိုင်ငံအတွင်း ဘာတွေဖြစ်နေသလဲဆိုတဲ့ အကြောင်းအရာကို အမှန်အတိုင်း သိလာမည် ဖြစ်တယ်။ ထိုအရာတွေသည် ရွေးချယ်မှု မှန်ကန်သော အကောင်းဆုံး နည်းလမ်းကောင်း ဖြစ်ပါတယ်။ ဒါတွေဟာ လူမှုရေးနှင့် ပညာရေးတွေမှာ မရှိမဖြစ် လိုအပ်လာသည့် အချက်အလက်တွေပင် ဖြစ်ပါတယ်။
ကျွန်တော်တို့ အနေနဲ့ လူမှုရေးနှင့် ပညာရေးတို့ လမ်းကြောင်းပေါ်တက်လာလို့ ကိုယ်ပိုင် အသိပညာ အတက်ပညာ၏ အလင်းရောင် တောက်ပလာသည့် အခါ လူမှုရေး အသိုင်းဝိုင်းထဲ မဖြစ်မနေ ဝင်ရောက်ပါတယ်။ ကိုယ့် မာန်မာနတွေကို တတ်နိုင်လျှင် အနိမ့်ဆုံး သုည လျော့ချပြီး လူမှုရေး နယ်ပယ်မှာ ပညာရေးဆိုင်ရာ လုပ်ငန်းတွေကို လုပ်ဆောင်ပါမှ တိုးတက်လာမည် ဖြစ်ပါတယ်။
ဒါပေမဲ့ ပညာ မာန်မာန အသိုင်းဝိုင်း မာန်မာန စည်းစိမ် မာန်မာန စသည်တွေကို ကိုယ် သင်ခဲ့ဖူးသည့် လူ့ယဉ်ကျေးတွေ၏ အိပ်ယာထက်မှာ သင်္ဂြိုဟ်လိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ကိုယ်က လူမှုရေးနှင့် ပညာရေး နယ်ပယ်မှာ ခေါင်းဆောင်ဖြစ်လာလျှင်လည်း လူတစ်ယောက်ကို အမိန့်ပေး စေခိုင်းနေခြင်းထက် သူ့ရဲ့ ထင်မြင်ချက်ကို ယူပြီး လုပ်ဆောင်လျှင် ပိုမိုထိရောက်သော တိုးတက်မှု တစ်ခုပင် ဖြစ်ပါတယ်။
ဒါတွေကို နှိုင်းယှဉ် သုံးသပ်ကြည့်လိုက်တော့ လူမှုရေး ဝန်းကျင်မှာ ပညာနှင့်ပတ်သက်၍ မြတ်စွာဗုဒ္ဓသည် အောက်ပါ မှတ်သားဘွယ်ရာ စကားရပ်များကို မိန့်ကြားတော်မူခဲ့ပါတယ်။
ပညာသမာ အာဘာ နတ္ထိ (သံ၊၁၊၆၊ပါ)
လောက၌ ပညာနှင့်တူသော အလင်းရောင် မရှိ။
ပညာ နရာနံ ရတနံ (သံ၊၁၊၃၃၊ပါ)
ပညာသည် လူတို့အတွက် တန်ဘိုးမဖြတ်နိုင်သော ရတနာရွှေအိုး။
စတ္တာရောမေ ဘိက္ခဝေ သြဘာသာ။ ကတမေ စတ္တာရော၊ စန္ဒောဘာသော သူရိယောဘာသော အဂ္ဂေါဘာသော ပညောဘာသော။ ဣမေ ခေါ ဘိက္ခဝေ စတ္တာရော သြဘာသာ။ ဧတဒဂ္ဂံ ဘိက္ခဝေ ဣမေသံ စတုန္နံ သြဘာသာနံ ယဒိဒံ ပညောဘာသော။ (အံ၊၁၊၄၅၇။)
ပရိသတ်လေးပါး အို ချစ်သားတို့... အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ အဘယ်လေးမျိုးတို့နည်းဟူမူ --- လ အလင်းရောင်၊ နေအလင်းရောင်၊ မီးအလင်းရောင်၊ ပညာအလင်းရောင်တို့တည်း။ ပရိသတ်လေးပါး အို ချစ်သားတို့ ...အလင်းရောင်တို့သည် ဤလေးမျိုးတို့တည်း။ ချစ်သားတို့ ...ဤအလင်းရောင် လေးမျိုးတို့တွင် ပညာအလင်းရောင်သည် အမြတ်ဆုံး ဖြစ်ပေ၏။ (အံ၊၁၊၄၅၇။)