Thursday, November 3, 2011

ချစ်လျက်နှုတ်ဆက်ခဲ့ (၁၂)


ခြေချင်းလိမ်သော ဘဝထောင်တွင်းက
ပန်းတစ်ပွင့်ဟာ နမ်းခွင့်ကြုံပါလျက်
အခွင့်မယူသော် အသိတရားဖြင့်
ကျောခိုင်းခြင်းနဲ့ ငါနှုတ်ဆက်ခဲ့..။

ဥယျာဉ်တွင်းမှာ ပန်းမျိုးတစ်ရာကို
စိုက်ပျိုးခဲ့တဲ့ ဥယျာဉ်မှူးဟာ
ပန်းကလေးတိုင်းကို မြတ်နိုးခဲ့တာ
ပန်းပန်သူတွေ သိမှာမဟုတ်ဘူးလေ..။

လှောင်ချိုင့်တွင်းက ငှက်ငယ်တိုင်းမှာ
သခင်ချစ်ထက် ပျံသန်းနိုင်ဖို့
အားထုတ်ခြင်းသာ ဖြစ်ခဲ့ရင်ပေါ့
ငါဟာ မင်းအတွက် ပြယုဂ်မဲ့လေးပေါ့..။

ထောင်လှောင်ချိုင့်တွင်း ပျော်ရွင်ခြင်းဟာ
ရသမဲ့သော ကဗျာတွေလို
ကာရံမညီ ပြဒါးတစ်လမ်း
သံတစ်လမ်းပမာ ဘဝခြားခြင်းပေါ့..။

မင်းမရှိသော တိုင်းပြည်နိုင်ငံ
ငါ့တွက်တော့ ဘဝသေခြင်းလို
ဖြစ်ချင်ဖြစ်မယ် မင်းအတွက်တော့
သုခဘုံမှာ ပျော်နေသလိုပေါ့..။

မျှော်တလင့်လင့်ချစ် (၁၁)




နှလုံးတုန်လျက်ရင်ထဲက တလိတ်လိတ်နဲ့
ခံစားချက်တွေ ပျို့အန်ထွက်ကျလာတဲ့
အတိက်ဘဝအိုက အပျိုစင်တယောက်လို့
ပစ္စုပ္ပန်ဘဝမှာ မင်းမထင်လိုက်နဲ့
အနာကျက်သောအခါ အနာဂါတ်ခရီးကို
ဆက်လျှောက်ဖို့ လက်ကျန်ခံစားချက်တွေ
သိမ်းပိုက်လှုပ်ခါရင်း ငါ့အနားကို
မင်းရောက်လာခဲ့ရင် ငါ့ငေးကြည့်စရာ
ငါ့ကောင်ကင်ဟာ မင်းလေးပါလို့
ရင်ဖွင့်စကားများ ပြောချင်ခဲ့သူပါ..။

လေတိုက်တိုင်းမှာ ကြွေကျရတဲ့သစ်ရွက်ရယ်
မင်းရဲ့လေဟာနယ်မှာ ကြွေကျရတဲ့ငါ့နှလုံးသားရယ်
မသိမသာတိုက်ခိုက်ခံရတဲ့ ငါ့ဘဝမုန်းတိုင်ရယ်
သဘာဝကတိုက်ခိုက်ခဲ့တဲ့ လေပြင်းမုန်းတိုင်ရယ်
မုတ်သုန်လေအားကောင်လို့ ပင်လယ်ပြင်မှာ
လှိုင်းကြမ်းတွေနဲ့မုန်းတိုင်တွေရယ် ချစ်သူရဲ့သနပ်ခါးလေးရယ်
နောက်ပြောင်ကျီကျယ်နေသော သူအပြုံးတွေရယ်
မျက်စိမှတ်တိုင်း ထင်လာမြင်လာတဲ့
အတိက်တံခါးကြီးနဲ့ သူ့မေတ္တာအိမ်လေးရယ်
ငါမြင်ယောင်လာတဲ့ အရာအားလုံးတိုင်းကို
မင်းအမှတ်နဲ့ စိတ်ကူးယဉ်ခဲ့တာ
အတွေးစိတ်သုန်းလို့ ဇရာအိုခဲ့ပြီး…
သို့သော်.. အတိက်အိုကို မျှော်တလင့်လင့်ပေါ့..။

အတိက်ရဲ့ချစ်ရိပ် (၁၀)


မှားယွင်းသွားသော ငါ့အတိက်တွေ
အရိပ်ပမာ ထင်ယောင်မိခဲ့
ငါရှေ့ဆက်ဖို့ရန် ခြေလှမ်းများက
ဒဏ်ခတ်ထားသလို လှုပ်ရှားသမျှ
အရာမထင် ခရီးဆက်ရင်း
ဆာလောင်မွတ်သိပ် ရင်လှိုက်သံများ
ကမ္ဘာကိုတုန်ခါ ရိုက်ခတ်သလို
ခံစားချက်မဲ့ အပြစ်ရှာခဲ့
ငါ့အရိပ်ရဲ့ နောက်ကွယ်တွေမှာ
မင်းဟာ တစ္ဆေခြောက်တစ်ကောင်လို
ပူးကပ်ခြိမ်းခြောက်ကာ ငါ့အသည်းကို
ဒမြတစ်ယောက်ပမာ လုယက်သွားခဲ့ပြီပေါ့..။

နယ်ကျွန်သွားတဲ့ ငါ့အတိက်တွေကို
လုယက်ဖို့အတွက် စစ်မြေပြင်မှာ
သူရဲကောင်းတွေ ရွေးကောက်ပွဲဖွင့်
ရာထူးသစ်နဲ့ ကျားနဲ့ဆင်တို့
လယ်ပြင်မှာ စစ်ခင်းကြသလို
ထူးချွန်သူကို စစ်ကဲမှူး
အောင်မြင်သူကို ဗျူဟာမှူး
ရှုံးနိမ့်သူကို စစ်ကျွန်ဖြစ်နဲ့
သမန်တော်လွတ်ကာ စစ်ချီတက်လို့
ပင်တိုင်စံသော ငါ့နန်းပြင်ကို
သိမ်းပိုက်ဖို့တွက် စစ်ကြေငြာခဲ့လည်း
ငါ့စိတ်ဓာတ်က အညံ့မခံ
အနိုင်မယူ စစ်ပြေငြိမ်းဖို့
သမန်တော်ဆင့် စာချွန်ဆင့်လို့
မင်းနဲ့ငါတို့ တွေ့ဆုံခဲ့ရ
တွေ့ဆုံခဏမှာ ငါ့အသည်းတွေ
မင်းရဲ့ထံပါးမှာ မြေခခဲ့ရ
ငါ့ဘဝကို မင်းစာနာလှည့်ပါ..။

အတိက်ရဲ့ချစ်ရိပ် (၉)

မှားယွင်းသွားသော ငါ့အတိက်တွေ
အရိပ်ပမာ ထင်ယောင်မိခဲ့
ငါရှေ့ဆက်ဖို့ရန် ခြေလှမ်းများက
ဒဏ်ခတ်ထားသလို လှုပ်ရှားသမျှ
အရာမထင် ခရီးဆက်ရင်း
ဆာလောင်မွတ်သိပ် ရင်လှိုက်သံများ
ကမ္ဘာကိုတုန်ခါ ရိုက်ခတ်သလို
ခံစားချက်မဲ့ အပြစ်ရှာခဲ့
ငါ့အရိပ်ရဲ့ နောက်ကွယ်တွေမှာ
မင်းဟာ တစ္ဆေခြောက်တစ်ကောင်လို
ပူးကပ်ခြိမ်းခြောက်ကာ ငါ့အသည်းကို
ဒမြတစ်ယောက်ပမာ လုယက်သွားခဲ့ပြီပေါ့..။

နယ်ကျွန်သွားတဲ့ ငါ့အတိက်တွေကို
လုယက်ဖို့အတွက် စစ်မြေပြင်မှာ
သူရဲကောင်းတွေ ရွေးကောက်ပွဲဖွင့်
ရာထူးသစ်နဲ့ ကျားနဲ့ဆင်တို့
လယ်ပြင်မှာ စစ်ခင်းကြသလို
ထူးချွန်သူကို စစ်ကဲမှူး
အောင်မြင်သူကို ဗျူဟာမှူး
ရှုံးနိမ့်သူကို စစ်ကျွန်ဖြစ်နဲ့
သမန်တော်လွတ်ကာ စစ်ချီတက်လို့
ပင်တိုင်စံသော ငါ့နန်းပြင်ကို
သိမ်းပိုက်ဖို့တွက် စစ်ကြေငြာခဲ့လည်း
ငါ့စိတ်ဓာတ်က အညံ့မခံ
အနိုင်မယူ စစ်ပြေငြိမ်းဖို့
သမန်တော်ဆင့် စာချွန်ဆင့်လို့
မင်းနဲ့ငါတို့ တွေ့ဆုံခဲ့ရ
တွေ့ဆုံခဏမှာ ငါ့အသည်းတွေ
မင်းရဲ့ထံပါးမှာ မြေခခဲ့ရ
ငါ့ဘဝကို မင်းစာနာလှည့်ပါ..။

သမိုင်းစာတင်သော ချစ်သမိုင်းတွေကို
ငါ့ဘဝမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး..
ရာဇာဝင်စာတင်သော ချစ်ရာဇာဝင်တွေကို
ငါ့ဘဝမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး
မဟာဝင်စာတင်သော ချစ်မဟာဝင်တွေကို
ငါ့မဟာဝင်မှတ်တမ်းမှာ မထင်ရှားခဲ့ဘူး…
မော်ကွန်းစာတင်သော ချစ်မော်ကွန်းတွေကို
ငါ့မော်ကွန်းမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး..
စစ်ကြောင်းစာတင်သော ချစ်စစ်ကြောင်းတွေကို
ငါ့ဘဝမှတ်တမ်းမှာ မထင်ရှားခဲ့ဘူး..
အရာအားလုံးတို့၏စာတင်သော ချစ်အရာအားလုံးတွေကို
ငါ့ဘဝမှတ်တမ်းတွေမှာ မထင်ရှားခဲ့ဘူး
မင်းရဲ့သမိုင်း မင်းရဲ့ရာဇာဝင်
မင်းရဲ့မဟာဝင် မင်းရဲ့မော်ကွန်းတင်
မင်းရဲ့စစ်ကြောင်း မင်းရဲ့အရာအားလုံးကို
စာကျမ်းတင်ဖွဲ့လို့ ငါ့ဘဝမှတ်တမ်းထဲ
ငါ့နှလုံးသားစာမူထဲ တံဆိပ်နှိပ်သလို
ထာဝရရင်မှာ ထင်ကျန်နေခဲ့ပြီ..။


တက္ကသိုလ်မြတ်မင်း

အလင်းရောင် ငါ့လမင်း (၉)


ငါ့အတ္တရဲ့ ကမ္ဘာတွင်းမှာ
အလင်းရောင်ပေးသော လမင်းလေးဟာ
မင်းလေးပါလို့ သိတဲ့အချိန်
ငါဟာ မင်းနဲ့ဝေးသောနေရာမှာပေါ့..။

ငါအထီးကျန်သော ညသန်းခေါင်ယံမှာ
အဖော်ပြုကာ အလင်းရောင်လည်းပေး
အေးချမ်းမှုတွေပေးလို့ ငါ့စိတ်ကူးထဲ
ငါ့အသိထဲမှာ မင်းဟာ လမင်းလေးပေါ့..။

စိတ္တဇညမှာ ငါတယောက်တည်း
အထီးကျန်ရင်း အတွေးနယ်လွန်
စိတ္တဇဖြစ်နေဆဲ ဒီညလေးမှာ
လမင်းလေး ကွယ်ပျောက်နေပြီပေါ့..။

နောင်တတစ်ခု၏ နယ်လွန်ခြင်းတွေက
အတွေးအိမ်ကို နှိပ်စက်ဖိစီးလို့
ညမဟူရာကို ကျော်ဖြတ်ဖို့ရန်
အဖော်မည့်သူ လမင်းဘယ်ရောက်နေပြီလဲ..။

Wednesday, November 2, 2011

ချစ်ခြင်းသံသာရသစ်ငုတ်တို(၈)



မနေ့က ငါကိုယ်တိုင်ဖတ်လိုက်ရတဲ့
သတင်းစာစောင် စာမျက်နှာပြင်မှာ
မျက်နှာပြောင်တိုက်တဲ့ စာတစ်ပုဒ်ဟာ
ဒီနေ့တော့ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်ကြီးမှာ
အပေါင်းအသင်း ရံရွှေတော်တွေနဲ့ စုရုံးလို့
ရွှေတောင်ပေါက်လာတဲ့ သူ့မျက်နှာအသွင်က
ဂုဏ်ခြင်းထပ် အမြတ်အထင်နဲ့
မာနရှင် ယာယီချစ်သူဟာ မင်္ဂလာပွဲကျင်းပခဲ့တယ်..

အဲဒီနေ့က ငါကိုယ်တိုင်ဖိတ်စာကိုင်လို့
အရံသတိုးသားအဖြစ်နဲ့ ဓနရှင် မာနရှင်ရဲ့ မင်္ဂလာအခမ်းနားကို
တက်ရောက်ခဲ့တာ မေတ္တာတရားရဲ့ အတိမ်အနက်
သစ္စာတရားရဲ့ အမှန်တရားတွေနဲ့ ကရုဏာမြစ်ဖျားမှာ
ချစ်ခြင်းဟာ နှစ်ဦးသား သဘောထားအပြည့်နဲ့
နားလည်ခွင့်လွတ်ခြင်း လွတ်လပ်သောနယ်ပယ်ဆိုတာ
မာနရှင် ဂုဏ်ကြီးရှင် ချစ်သူ သိစေဖို့ပါ….

လမ်းခွဲခဲ့တဲ့ အဲဒီနေ့ည ငါ့ဝန်းကျင်မှာ
မူးယစ်ကမ္ဘာတုန်အောင် အော်ဟစ်သောက်စားရင်း
နှလုံးသားတေလေ တကောင်လို လေလွင့်ခဲ့သလို
ပေါက်ကွဲသံစဉ်တွေက စကြာဝဠာကိုရိုက်ခတ်လို့
စိတ်ပေါက်ရာကို ပြေးထွက် ခရီးတွေထွက်ခဲ့တဲ့
အရူးတယောက်ပမာ ဟားတိုက်ရယ်မောရင်း
လမ်းဆုံးသွားတဲ့ ချစ်သူရဲ့အိမ်ရှေ့မှာ
ငါ့ခရီးစိတ်ထွက်ပေါက်ကို ရပ်တန့် အသိဝင်လာခိုက်
နာရီလက်တန်က ငါ့လက်ပေါ်မှာတစ္ဆေခြောက်သလို
လှုပ်ရှားနေချိန် လေသာပြတင်းပေါက်က
မာနသခင် ဂုဏ်ကြီးရှင် ပျော်ပွဲတွေကို
ငါကိုယ်တိုင်မြင်ခဲ့ပေမဲ့ ငါ့ချစ်ခြင်းက အပြစ်ကင်းပါတယ်လေ..

စစ်အသွင်ခိုးအချစ် (၇)



ငါ့လက်ထဲက ထွက်ခွာသွားသော
ကျည်ဆန်တစ်ချက်ဟာ အာကာဝေဟင်
ကောင်ကင်ပြင်ကို ထိုးဖောက်လို့
လမင်းရဲ့ ဗဟိုတည့်တည့်ကို
မှန်သွားသော်လည်း လမင်းဆီက
ပြန်ကျလာတဲ့ ငါ့ကျည်ဆန်ဟာ
အရာမထင် ပျောက်ဆုံးခဲ့ပြီ…။
                                                                       
ကျည်ချက်တိုင်းမှာ ပစ်မှတ်တွေနဲ့
ပြေးပေါက်မဲ့သော စက်ကွင်းတွေထဲ
ငါဟာ မင်းရဲ့ သားကောင်ဖြစ်ခဲ့
မင်းအကြည့်တွေရဲ့ ဒုန်းကျည်စက်ကွင်းမှာ
ထိချက်ပြင်းသော ဒုန်းကျည်အစတွေကြောင့်
အငိုက်မိကာ သေဆုံးသွားရသော
ငါ့နှလုံးသား ကျဆုံးခန်းသို့
မင်းအရှေ့မှာ ရောက်ခဲ့ရပြီ…။

စနိက်ဘာကို ဟန်ရေးပြကာ
ငါမာန်ဝံနေသော အစောင့်ကျသောည
မင်းက ပြောက်ကျားသူလျှိုလို
အငိုက်ဖမ်း အနိုင်တိုက်ချင်ခဲ့
ရာဇာဝင်တွင်သော သူလျှိုတွေထဲ
ထိပ်တန်းသူလျှို မင်းလေးကိုတော့
ငါ့နှလုံးသား ခဝါချကာ
ထောင့်ငါးရာ လက်နက်နဲ့ ပြည်ဗုံးက
လက်နက်ချခဲ့တာ မင်းကို ချစ်လို့ပါကွာ..။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...