ယနေ့ခေတ်သစ်ကမ္ဘာကြီးတွင် (Modern world) တိုးတက်မှုအတိုင်းတာအားဖြင့် ကြည့်မည်ဆို လျှင် လွန်စွာတိုးတက်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့တိုးတက်လာခြင်းသည် ကောင်းသော တိုးတက်ခြင်းဟု ဆိုလျှင်လည်းဖြစ်နိုင်သလို မကောင်းသောတိုးတက်ခြင်းဟုလည်း ဆိုနိုင်မည်သာဖြစ် သည်။ မည်သို့နည်းဟု စဉ်းစားတွေးတောဖွယ်ရာ ရှိနိုင်ပါသည်။ အကြောင်းမှာ (Well development) ကောင်းသော တိုးတက်ခြင်းများသည် လူသားတို့ မိမိတို့ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ကြရသော (Material things) ပစ္စည်းဥစ္စာများ၊ မိမိတို့ နှစ်သက်သော အရာဝတ္ထုများကို မိမိနှစ်သက်သလို သုံးစွဲနိုင် ခြင်းကြောင့်ဖြစ်သည်။
ထို့အပြင် မိမိတို့သည် ခေတ်ရေစီးကြောင်းအရ (Science age) သိပ္ပံခေတ်ကြီး ဖြစ်သည်အပြင် လက်နက် စက်ကရိယာ တန်ဆာပလာများ ကိုယ်တိုင်တီထွင်ခြင်း၊ မိမိတို့ကိုယ်တိုင် (From country to another) တစ်နိုင်ငံနှင့်တစ်နိုင်ငံ အလွယ်တကူ သွားလာနိုင်ခြင်း၊ မိမိတို့သင်ကြားအပ်သော အတက် ပညာ များကို လေ့လာနိုင်ခြင်း၊ မိမိတို့ကိုယ်တိုင် လွယ်ကူစွာ (Communication) ဆက်သွယ်ရေး လုပ်ငန်း များ လုပ်ကိုင်နိုင်ခြင်း၊ မိမိတို့ ကိုယ်ပိုင်တက်သိသော အတက်ပညာများကို (Linking) ချိတ်ဆက်နိုင်ခြင်း၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ (Education) ပညာရေး၊ (Political item) နိုင်ငံရေး စသည်တို့ကို ဘာသာမခြား သင်ယူနိုင်ခြင်းတို့ ဖြစ်ပါသည်။ဆက်ဖတ်ပါရန် ဟိုလွန်ခဲ့သော ခေတ်များက လူသားတို့သည် ဤကဲ့သို့သော (Arts) အတက်ပညာ၊ (Economy) စီးပွားရေး၊ (Association) လူမှုရေး၊ စသည်တို့ကို သိနိုင်ဖို့ရန် အလွန်ပင်ခဲယဉ်းလှသည်။ မည်သို့ဆိုသော် ယနေ့ခေတ်နဲ့ ဟိုအရင်ခေတ်များသည် လွန်စွာကွာခြားခဲ့လေသည်။ ဥပမာ မောင်ညိုတို့ရွာကို မောင်ဖြူ မသိသလို သူစိမ်းဝင်ရန်လည်း ခက်ခဲလှသည်။ မောင်ညိုတို့ရွာသည် သူတို့အတွက် အကောင်းဆုံး ပြည်ကလေး တစ်ခုလို့ထင်၍ မောင်ညိုတို့က သူတို့ရွာကို သူစိမ်းဝင်လျှင် သူခိုးဝင်သည်ဟု ထင်၍ ဝိုင်းရိုက် သလိုမျိုးလည်း ဖြစ်ခဲ့သည့် ခေတ်လည်း ရှိသည့်အတွက် ယနေ့ခေတ်သည် လွန်စွာတိုးတက်သည်ဟု ဆိုရမည် ပင်ဖြစ်သည်။
ထို့အပြင် ခေတ်ကာလသည် ကြာညောင်းလေ တိုးတက်မှုက မြန်ဆန်လာလေပင်ဖြစ်သည်။ ခေတ် ကာလသည်လည်း ပုံမှန်အားဖြင့် စီးနေသော ရေစီးကြောင်းလေးပမာပင် ဖြစ်ပြန်သည်။ ရေစီးကြောင်းလေး နဲ့တူသော ယနေ့ခေတ်ကာလတွင် တိုးတက်ခြင်းကလည်း ဓာတ်ဆီမီးတို့သလို ဝုန်းကနဲ့ တိုးတက်လာခြင်း ဖြစ်သလို တဖြေးဖြေးနဲ့ လောင်ကျွမ်းလာသော ဖွဲမီးပမာလိုလည်း တိုးတက်လာသည်ကိုလည်း မျက်ဝါးထင် ထင် တွေ့ရှိရသည်။ ထိုသို့တိုးတက်လာခြင်းသည် အကောင်းဖြစ် တိုးတက်ခြင်းရှိသလို အဆိုးဖြစ် တိုးတက်ခြင်းလည်းရှိပြန်သည်။ အကောင်းဖြစ်တိုးတက်လာခြင်းသည် (Good environment) ပတ်ဝန်း ကျင် အသိုင်းဝိုင်းကောင်းခြင်း၊ (Good association) လူမူရေးကောင်းခြင်း၊ (Well economy) စီးပွားရေး ကောင်းမွန်ခြင်း၊ (Well education) ပညာရေးကောင်းမွန်ခြင်းစသည် အရေးများစွာတို့ဖြင့် တည်ရှိနေ သည်။
ထို့နောက် စည်းကမ်းကောင်းမွန်သည့် ဝိနယဖြင့် တည်ဆောက်ခြင်း၊ ပညာကောင်းမွန်သည့် နည်း လမ်းဖြင့် တည်ဆောက်ခြင်း၊ စိတ်ဓာတ်ကောင်းမွန်သည့် သီလဖြင့် တည်ဆောက်ခြင်း စသည်တို့လည်း ရှိကြသည်။ လူသားသည် လူ့ပတ်ဝန်းကျင်၌ ကျင်လည်ရသော အသိုင်းဝိုင်းဝန်းကျင် တစ်ခုဖြစ်သည်။ ထို့သို့ အသိုင်းဝိုင်း ဝန်းကျင်နဲ့ နေထိုင်ရသဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာတို့သည် မရှိမဖြစ် လိုအပ်သော အကျင့်စည်ကမ်း ပညာတွေပင် ဖြစ်သည်။ ထိုကြောင့် မိမိတို့ အသိုင်းဝိုင်း ဝန်းကျင်သည် မည်သို့သော အကြောင်းကြောင့် ကောင်းသည်ပင်ဆိုပါစေအုန်း မိမိကိုယ်တိုင်တွင် မှားယွင်းမှုများစွာ ရှိသောအခါ ကောင်း စွာတိုးတက်ခြင်းဟု ခေါ်မည်မဟုတ်နိုင်ပါ။ သို့သော် မိမိကိုယ်တိုင်က ကောင်းမွန်စွာ တိုးတက်လာ၍ မိမိ ပတ်ဝန်းကျင်ကိုက မကောင်းသော အသိုင်းဝိုင်းဖြင့် အကျည်းတန် ရုပ်ဆိုးနေမည် ဆိုလျှင် တိုးတက်သည်ဟု မဆိုနိုင်ပါ။
ထို့နည်းအတူ မိမိတို့နှင့် မိမိနေထိုင်သော ပတ်ဝန်းကျင်တွင် ကောင်းမွန်သော အကျင့် စိတ်ဓာတ် စည်းကမ်း ပညာ မရှိလျှင် မည်သို့ ကောင်းမွန်စွာ တိုးတက်မည်နည်း။ အကယ်၍သာ မိမိကိုယ်တိုင်နှင့် မိမိ ပတ်ဝန်းကျင်မှာ အကျင့်အာစာရ စိတ်ဓာတ် စည်းကမ်း ပညာတွေ ကောင်းမွန်စွာ တည်ရှိလျှင် မိမိကိုယ်တိုင် လည်း တိုးတက်၍ ပတ်ဝန်းကျင်လည်း ပြောဖို့ရန် မလိုအောင် တိုးတက်ကြမည် ဖြစ်သည်။ ခေတ်ကြောင့် သူ့ အလိုလို တိုးတက်လာကြသည်ဆိုတာ မရှိပေ။ သို့သော်လည်း မိမိတို့ကိုယ်တိုင် ဖန်တီး၍ ခေတ်က တိုး တက်လာခြင်းဖြစ်သည်။ ထို့ကြောင့် မိမိတို့စွမ်းနိုင်သော ကျေးရွာ ဒေသ မြို့ရွာ ပြည်နယ် တိုင်း ခရိုင် နိုင်ငံကို ကိုယ်ပိုင်စွမ်းရည်အပြည့် သိနိုင်သလောက် တက်နိုင်သလောက် အတက်ပညာတို့ဖြင့် အကောင်းဆုံးဖြစ်နိုင်အောင် ပြုလုပ်နိုင်ဖို့ရန် လိုအပ်ပါသည်။ ထို့အပြင် လူသားတိုင်းသည် ကောင်းမွန်သော လိုအပ်ချက်တိုင်းကို တန်ဘိုးရှိသော နေရာတိုင်းမှာ အသုံးပြုနိုင်ဖို့ရန်လည်း မရှိမဖြစ် လိုအပ်ပါသည်။
အချို့က ဤကဲ့သို့ မဟုတ်ပါပဲလျက် မိမိလိုရာကို စွဲဆောင်မှုကြောင့် အစွန်းတစ်ဖတ်သို့ ရောက်သွား ကြသည်ကိုလည်း တွေ့ရှိရပါသည်။ အကြောင်းမှာ ပင်ကိုယ်တိုးတက်မြဲဖြစ်သော အရာဝတ္ထုများကို မလိုအပ် ပဲလျက် ဒီနေရာမှ ဟိုနေရာသို့ ပြောင်းဆွေ့ခြင်း စသည်တို့ကြောင့်လည်းဖြစ်သည်။ အချို့က မိမိတို့လိုရာကို မလုပ်ဆောင်ပဲလျက် ပင်ကိုယ်ရှိမြဲဖြစ်သော တိုးတက်မှုကို မည့်သို့တိုးတက်အောင် ထက်လုပ်ဆောင်လျှင် ကောင်းမည်နည်းဟု တိုးတက်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ခေတ်ရေစီးကြောင်းက သူ့လိုလို စီးဆင်းနေသည်ကို မည်သို့သော ပုဂ္ဂိုလ်မဆို သိရှိနိုင်သည်။ ထိုခေတ်ကာလသည်လည်း အတက် အကျရှိ သော (Up and Down) ဒီလှိုင်းလိုပင် ဖြစ်သည်။