Sunday, June 30, 2013

အိမ်ဝေး ငှက်တို့ရဲ့ ဘဝလမ်းခွဲ


အိမ်ဝေး ငှက်တို့ရဲ့ ဘဝလမ်းခွဲ



အချိန်ဟာ အရာရာတိုင်းကို ရင့်ကျက်စေခဲ့ပြီ

ပန်းတစ်ပွင့်တည်းနှင့် ပန်းကုံးလို့ မဖြစ်သေးတဲ့

အသွင်မတူတဲ့ လူ့ဘဝ လမ်းခွဲမှာ

လူတယောက်ရဲ့ အခွင့်အရေး တခု အနေနဲ့

သူတစ်ပါးရဲ့ အတွင်းစိတ်ကို

သဘောမပေါက်လျှင် နေပါစေ

သူတို့ရဲ့ ခံစားချက်တွေကိုတော့

လက်ခံ နားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်.....။



တက္ကသိုလ်မြတ်မင်း 


Thursday, June 27, 2013

သီတဂူ ဆရာတော်ကြီး၏ သံဃာ့ အစည်းအဝေး အပြည့်အစုံ သြဝါဒ (Sitagu Sayadaw's Speech)


သီတဂူ ဆရာတော်ကြီး၏ သံဃာ့အစည်းဝေး သြဝါဒ (Sitagu Sayadaw's Preaching Dhamma)


မင်းဘဝ စာမျက်နှာထဲက သမိုင်းတစ်ပုဒ်


မင်းဘဝ စာမျက်နှာထဲက သမိုင်းတစ်ပုဒ်



အီတလီသား တယောက်ဖြစ်တဲ့

အမေရိကကို ရှာဖွေတွေ့ရှိခဲ့တဲ့

ကိုလံဘတ်လ်ကြီးကိုပဲ ဥပမာ ယူကြည့်မလား

ဂျပန် မေဂျီဘုရင်ကိုပဲ ဥပမာ ယူကြည့်မလား

အိန္ဒိယ ဖခင် မဟတ္တမဂန္ဒီကြီးကိုပဲ ဥပမာ ယူကြည့်မလား

မြန်မာတို့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုပဲ ဥပမာ ယူကြည့်မလား

သူတို့ တခေတ်မှာ တစ်ခါ

သမိုင်း အစဉ်အလာ ကောင်းခဲ့တဲ့

မင်းတို့ အဘိုး အဘွားတွေက

မင်းတို့အတွက် စောင့်ရှောက်ပြီးခဲ့ပြီ

မင်းတို့ ခေတ်ပေါ်ရောက်လာတဲ့

မင်း မွေးဖွားလာခဲ့တဲ့ နေရာမှာ

မင်း တာဝန် မကျေခဲ့ရင်

မင်း အပြစ်တွေသာ ဖြစ်တယ်....။




တက္ကသိုလ်မြတ်မင်း 


Wednesday, June 26, 2013

The Face of Buddhist Heart


The Face of Buddhist Heart



Here and etymologically, let's mention about the term "terrorism" which comes from French "Terrorisme", from Latin "Terror" meaning "Great Fear, related to the Latin verb terrere meaning "to frighten". ............

I have not the shadow of doubt that any man or woman can achieve what I am a Buddhist but in here Buddhism does not has terrorism and terrorism has no Buddhism.

Hence, the role of Buddhism is to lift human being to a higher place and take him to the realm of reality or the final goal of the realization of Nibbana though it's clear from above narration that terrorism does not at all conform to the teaching of the Lord Buddha.

It is proof that these spiritual laws do work, and that by obeying them we can transform our character and practiced.





တက္ကသိုလ်မြတ်မင်း 

ဆည်းဆာ ထားခဲ့တဲ့ ည ကောင်းကင်

 

ဆည်းဆာ ထားခဲ့တဲ့ ည ကောင်းကင်



တိမ်မယောင်နှင့် နက်လာတဲ့ အတွေး

လွယ်မယောင်နဲ့ ခက်လာတဲ့ ဘဝပြဿနာတွေ

တွေးဖန်များလာတော့လည်း ယဉ်းပါးသွားခဲ့ပြီ

မြင်ဖန်များလာတော့လည်း ရိုးသွားခဲ့ပြီ


ဒါပေမဲ့....

နွေ ထနှောင်း ဆောင်း မန်းကျည်း

မိုးသီးတွေ မကြွေတော့တဲ့ ညနေချမ်းမှာ

ဆည်းဆာကို ငေးကြည့်လို့

အဆင်မပြေနိုင်တဲ့ အခြေအနေတွေထဲ

မျက်စိမှိတ်တိုင် အိပ်မပျော်ခဲ့ပါလား....။



တက္ကသိုလ်မြတ်မင်း 


ပဟေဠိဆန်သော မေးခွန်းဆည်းဆာ


ပဟေဠိဆန်သော မေးခွန်းဆည်းဆာ



ညနေ ဆည်းဆာ မပျောက်ကွယ်ခင်

မင်းရဲ့ မျက်စိ မမှိတ်ခင်

တစ်ခွန်းလောက် မေးချင်ပါတယ်...

မင်း ဘဝထဲက အချိန်နှင့် ငွေကို

ဘယ်လို အသုံးချမလဲဆိုတာပါပဲ....။


သို့သော်....

မင်း ဘဝထဲက အချိန်နှင့် ငွေကို

အသုံးမချတတ်ရင်တော့

တန်ဖိုးမဖြတ်နိုင်တဲ့ မင်း ဘဝကို

အချိန်နှင့် ငွေက အသုံးချသွားပါလိမ့်မယ်....။


တက္ကသိုလ်မြတ်မင်း 


Saturday, June 22, 2013

လပြည့်နယုန် ငြိမ်းချမ်းရေးဂုဏ်


 

လပြည့်နယုန် ငြိမ်းချမ်းရေးဂုဏ်

 
ဒီနေ့ဟာ (Great Occasion and Great Noble Day) နေ့ထူးနေ့မြတ်ဖြစ်တဲ့ (The Full_Moon Day Of Nayone) နယုန်လပြည့် မဟာသမယအခါတော်နေ့ဟု ခေါ်နိုင်သလို Poswan-Day ပင် ဖြစ်ပါတယ်။ ယနေ့ မြတ်ဗုဒ္ဓ၏ ပုခတ်တွင်းမှာ မွေးဖွားကြကုန်သော (We were born in the cradle of Buddhism and Buddha) ဗုဒ္ဓဘာသာဝင်တို့အတွက် တကယ်ထူးမြတ်သော နေ့ဖြစ်သည်။

နယုန်လပြည့်ရောက်တိုင်းလည်း မြန်မာပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာ သူတော်စဉ်တွေက မဟာသမယအခါတော်နေ့ ကျင်းပကြသလို သီရိလင်္ကာနိုင်ငံမှာလည်း Poswan-Day လို့ဆိုပြီး မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။

ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ မဟာသမယအခါတော်နေ့ကို ကျင်းပကြမည်လို့ ယူဆရသလို အခြားအခြားသော ထေရဝါဒ နိုင်ငံများဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ စသည် ထေရဝါဒနိုင်ငံများက မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။

ဒီလို မဟာသမယနေ့ထူး နေ့မြတ်ကို ကျင်းပခြင်းသည် ကောင်းမွန်သော (The Great Beautiful wholesome Deed) မဟာကုသိုလ်ကြီးပင်ဖြစ်သည်။ ထိုကုသိုလ်သည် လက်တွေ့ဘဝတွင် နေထိုင်ကြသည့် လူသားများအတွက် ပီတိသုခ ချမ်းသာကို လက်တွေ့လက်ငင်း ရရှိစေပါတယ်။ တစ်ခါတရံ လူ့ဘဝ နေထိုင်ကြတဲ့အခိုက်အတန့် တစ်ခါတရံ လူပင်ပန်း စိတ်ပင်ပန်းသလို (Physical-Tiredness and Metal-Tiredness) စိတ်မောနဲ့ လူဘဝကို ဖြတ်သန်းကြရပါတယ်။

အဲဒီလို အခါမျိုးမှာ (physical-Tiredness and Metal-Tiredness) စိတ်ပင်ပန်းမှု ကိုယ်ပင်ပန်းမှုတွေကို သက်သာစေသော မြတ်ဗုဒ္ဓ၏ (Dhamma medicines) တရားဆေးတို့ဖြင့် ပီတိသုခ ချမ်းသာကို တနည်းပြောရလျှင် (Happiness of Dhamma) ဓမ္မချမ်းသာကို လက်ငင်းချက်ချင်း ပေးနိုင်သောကြောင့်ဖြစ်သည်။

သို့သော် (Religious) ဘာသာတရားတိုင်းသည် ကောင်းကျိုးကိုသာ လိုလားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ (Religious) ဘာသာတရားသည် လူသားတိုင်းအတွက် (Peace and Harmony) ငြိမ်းချမ်းရေးကို အသွင်ဆောင်သလို ဗုဒ္ဓဘာသာ၏ တရားတော်များသည်လည်း ဤကဲသို့သော (Peace and Harmony) အညီအမျှ ငြိမ်းချမ်းရေးကို အသွင်ဆောင်ပါတယ်။

ဒီနေ့လို နယုန်လပြည့် မဟာသမယ အခါတော်နေ့မှာ ဟိုအတိတ်ဆီက နေ့ရက်တွေကို ပြန်ကြည့်လိုက်တော့ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်လောက်က နှစ်ပြည်ထောင်မင်းတွေ အဆင်မပြေဖြစ်ခဲ့တဲ့ ကပိလဝတ်မင်းနဲ့ ကောလိယမင်းတွေကို ငြိမ်းချမ်းရေးရဖို့အတွက် တရားရေအေး တိုက်ကြွေးခဲ့တာကို ကြည့်၍ ရောဟိဏီမြစ်ကို အကြောင်းပြုပြီး တောင်သူ လယ်သမားနှစ်ဦးကစ၍ လယ်ယာစိုက်ပျိုးရေးအတွက် စစ်ဖြစ်တော့မည့် ကပိလဝတ် မင်းသားနဲ့ ကောလိယမင်းသားတို့ကို ငြိမ်းချမ်းရေးရဖူးပါလားဆိုတာ သိရှိကြသဖြင့် ယနေ့ခေတ် မြတ်ဗုဒ္ဓ၏ တရားတော်တို့သည် Apply လုပ်ပြီး ကျင့်သုံးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ လက်တွေ့ကျကျ ကျင့်သုံးလျှင် တကယ်ကျင့်သူတို့အတွက် တကယ်ပင် အကျိုးရှိသော တရားတော်ဖြစ်သောကြောင့်ပင်ဖြစ်တယ်။

Friday, June 21, 2013

မျှော်လင့်ချက် ဆည်းဆာ တန်ဘိုး



မျှော်လင့်ချက် ဆည်းဆာ တန်ဘိုး


လူဆိုတာ အကြောင်း မသင့်လို့

ခဏလေး မှေးမှိန်သွားပေမဲ့

အချိန်အခါ မလင့်သေးပါဘူး

အမှန်တရားက မျက်နှာသာ ပေးဦးမှာပါ....။


ဒါပေမဲ့....

လေပွေ တိုက်ခတ်လို့

မြူမှုန် လွင့်သွားတာ

မဆန်းကြယ်ပေမဲ့

လောကဓံ လေတိုက်လို့

ဘဝကို အလောင်းအစား သဘောဖြင့်

အရောင်း အဝယ် မလုပ်ဖို့ အရေးကြီးတယ်....။


တက္ကသိုလ်မြတ်မင်း 


Thursday, June 20, 2013

တရားခံ ဘယ်သူလဲ


တရားခံ ဘယ်သူလဲ



ဂိမ်းတခု ဖွဲ့စည်းထားတဲ့ အားကစားခုံပေါ်မှာ

ကျားကွက်ရွေ့နေတာ မဟုတ်ပါဘူး...

ကျားကွက်ရွေ့သလို

လူကွက်တွေ ရွေ့နေတာပါ...

အမှန်တကယ် နှစ်ပေါင်းများစွာ လူတွေကို

အဆင့်တခုသို့ ရောက်ဖို့

လူမြင်ကွင်းကို ရောက်အောင်ပို့

Popular ဖြစ်လာတဲ့ အဖွဲ့အစည်းတွေကို

ဝိုင်းဖွဲ့ ကြက်တိုက်ပေးတတ်တဲ့

သူတို့ လက်အောက်မှာ

ငါတို့အားလုံး နေခဲ့ရတာပါ....

ဒါတွေ အားလုံး မမေ့ပါနဲ့

ဘယ်သူ မှန်တယ်....

ဘယ်သူ မှားတယ်ဆိုတာ

ချက်ချင်း ဆုံးဖြတ်ပေးလို့ ရတာ မဟုတ်ပါဘူး....။


တကယ်တော့.....

စစ်မြေပြင်မှာ ဘယ်သူတွေလဲ

နှစ်ဖက်လုံး ပြန်ကြည့်ပါ

အချင်းချင်းတွေ မဟုတ်လား...

ဘယ်သူပါလာလို့လဲ သူတို့ မပါလာပါဘူး...

သေခြာ စဉ်းစားကြည့်ပါ....

နဘေးက ပွဲကြည့်နေတဲ့ သူတွေရှိတယ်

အချင်းချင်း ခံစားချက်တွေ တိုက်ပွဲဖြစ်

အမျက်ဒေါသတွေ ဖွင့်ဟ

တင်းမာမှုတွေ ပြည့်ကျပ်လို့

သမိုင်းတခုက အမည်းစက်သာ

ထင်ကျန်ရင်း အရိပ်တခု ဖြစ်ခဲ့ရတယ်...။


ဒါပေမဲ့...

လူဆိုတာ အသိုင်းအဝိုင်းနဲ့

တည်ဆောက်ထားတာပါ

သူ့ အသိုင်းအဝိုင်း

ကိုယ့် အသိုင်းအဝိုင်းဆိုတာ ရှိတယ်

မင်းမှားရင် မင်းခံရလိမ့်မယ်

သူမှားရင် သူခံရလိမ့်မယ်

အမှန်ဆိုတာ ဘာလဲလို့ မေးလာကြလိမ့်မယ်....။


အမှန်တရားဆိုတာ

ခံစားချက် တကိုယ်ဆန်မှု

အမျက် ဒေါသနှင့် တင်းမာမှုတွေရဲ့

အခြားမဲ့မှာ တည်ရှိနေတဲ့ အရိပ်စစ် တခုပါ....။


တခုတော့ ရှိတယ်

အားလုံး မှတ်ထားပေးပါ

ကိုယ့်မှာ ရှိတဲ့ အမှားကို

အမှန် မမြင်နိုင်သမျှ ကာလပတ်လုံး

ကိုယ်ဟာ ကိုယ့် သမိုင်းရဲ့

အဓိက တရားခံ ဖြစ်တယ်.....။




တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

အာမခံ တံဆိပ်

 

အာမခံ တံဆိပ်



သက်ရောက်မှု တခု

ပြန်မလာတော့ဘူးလား

ထင်းခွေမကြုံ ရေခပ်ကြုံတတ်တဲ့

လောကဓံထဲ စောင့်သင့်တဲ့အချိန်ထိ

မမောမပန်း ရပ်တည်နေပေမဲ့

ကျောင်း စာမေးပွဲမှာ

အောင်မြင်သူ

ရှုံးနိမ့်သူဆိုတာ ရှိတယ်

ဘဝမှာ အောင်မြင်သူ

ရှုံးနိမ့်သူဆိုတာ မရှိဘူး

လေ့လာသင်ကြားတဲ့အချိန်

ကန့်သတ်ချက် မရှိဘူး

ပိတ်ရက် မရှိဘူး

နေ့ဆိုင်း ညဆိုင်း မရှိဘူး

တွေဝေမနေနဲ့

စောင့်ဆိုင်းမနေပါနဲ့

ဘဝကပေးတဲ့ အောင်လက်မှတ်ဆိုတာ

ကိုယ်ပိုင် အရည်ချင်းနဲ့

ရိုက်ခတ်ထားတဲ့

အာမခံ တံဆိပ်တုံး တခုပါပဲ......။


တက္ကသိုလ်မြတ်မင်း


http://www.venpunnavamsa2.com

Tuesday, June 18, 2013

 

ငြိမ်းချမ်းရေးအတွက် ပွင့်သော ပန်းတစ်ပွင့်



ရိုးရိုးလေးပါ.....

အပြန်အလှန် နှုတ်မဆက်နိုင်တဲ့

အကြောင်းကတော့

တင်းမာလွန်းတဲ့ လက်သီးဆုပ်ထားလိုပါပဲ.....။


တင်းမာလွန်းတဲ့ လက်သီးဆုပ်တွေကို

ခဏလေး ဖြုတ်ကြည့်လိုက်ပါ

အမှန်တရား ငြိမ်းချမ်းရေးဆိုတဲ့

ချိုမြိန်သော အရသာကို

မလွဲဧကန် ခံစားမိလာပါလိမ့်မယ်


တကယ်တော့

အားလုံးက လက်မခံသေးခင်တော့

အမှန်တရား မြင်ကွင်းတခုဟာ

အရသာမရှိတဲ့ ဟင်းတစ်ခွက် ထင်ရပေမဲ့

တင်းမာလွန်းတဲ့ ဒေါသ မာန်မာနှင့်

အာဃာတတွေ ပေါင်းစပ်ထားတဲ့

အမှားရဲ့ အခြားတဖက်မှာ

အလှဆုံး ပွင့်နေတဲ့

ငြိမ်းချမ်းရေး ပန်းတစ်ပွင့်ပါပဲ......။


တက္ကသိုလ်မြတ်မင်း 


အမှောင်ကိုခွင်းလို့ အလင်းဆောင်သော ဘဝစွမ်းအင်

 

အမှောင်ကိုခွင်းလို့  အလင်းဆောင်သော ဘဝစွမ်းအင်



အရာအားလုံးတို့မှာ ရဲရင့်ပြတ်သားခြင်း

သတိတရားဖြင့် မမေ့မလျော့ မှတ်သားနိုင်ခြင်း

ဆင်ခြင်တတ်သော ပညာရှိခြင်း

ဆိုဆုံးမမှု အပေါ်တွင် နာခံနိုင်ခြင်းတို့သည်

မိမိတို့ ဘဝကို ဆီမီးတန်ဆာဖြင့်

ဦးနှောက်ကို လက်တွေ့ အသုံးချတတ်ခြင်း ဖြစ်တယ်...။


တကယ်တမ်းတော့....

ဦးနှောက်ဆိုတာ အသုံးချတတ်တဲ့

သူအတွက်တော့ လက်နက်ကောင်း တစ်လက် ဖြစ်တယ်..။

မိမိ ဦးနှောက်ကို အသုံးမချတတ်တဲ့

သူအတွက်တော့ အများ စွန့်ပစ်ခံဖြစ်သည့်

အမှိုက်ပုံကြီး ဖြစ်သွားလိမ့်မယ်....။


မိမိ ဦးနှောက် အသုံးမချတတ်လျှင်

မျက်မှောက်ဘဝနှင့် အနာဂတ်မှာ

ကိုယ် ဆင်းရဲမှုနှင့် စိတ် ဆင်းရဲမှုတွေ ရင်ဆိုင်ရလိမ့်မည်...။


မိမိ ဦးနှောက်ကို အသုံးချတတ်လျင်

မျက်မှောက်ဘဝနှင့် အနာဂတ်များမှာ

မိမိ ရည်မှန်းသည့် ပန်းတိုင်သို့

လွယ်ကူစွာ ရောက်ရှိကြ၍

မိမိတို့ ဘဝဆီမီးတန်ဆာကို

ကောင်းစွာ ထွန်းညှိနိုင်မည်မှာ

မြေကြီးနှင့် လက် ပုတ်ခတ်လို့

မလွဲ ဧကန် အမှန်ပင် ဖြစ်တယ်...။



တက္ကသိုလ်မြတ်မင်း


http://www.venpunnavamsa2.com

Monday, June 17, 2013

ပေတံတစ်ခု၏ သီအိုရီ

 

ပေတံတစ်ခု၏ သီအိုရီ


မမြင်နိုင်သည့် ဝိုးတဝါး မိမိ စိတ်ဖြင့် တိုင်းတာမှု တစ်ခုကို

ချက်ချင်းဆိုသလို တိုင်းတာလိုက်ခြင်းသည်

ပျက်စီးခြင်းသို့ အလွယ်တကူ တွန်းပို့ခြင်း ဖြစ်တယ်....။


ဒါကြောင့်....

သင် ကောင်းလျှင် သင့် ပတ်ဝန်းကျင် ကောင်းမည်

သင် ဆိုးလျှင် သင့် ပတ်ဝန်းကျင် ဆိုးမည်

သင့် ဘက်ကသာ သင့် ပတ်ဝန်းကျင်ကို စတင်ပေးပါ

သင် ပြန်ရမည်ဆိုသည့် လိုချင်မှု တစ်ခုနဲ့တော့

သင့် ပတ်ဝန်းကျင်မှာ အလုပ် မလုပ်ပါနဲ့....။


သင့် ပတ်ဝန်းကျင်မှာ သင် ဘာယူရမလဲဆိုတာထက်

သင် ကိုယ်တိုင် ဘာပေးရမလဲဆိုတာ အရင်စဉ်းစားပေးပါ

သင့် ပတ်ဝန်းကျင် တိုးတတ်မှုဆိုတာ

ညီညွတ်ခြင်းနှင့် ပေါင်းစပ်ထားတဲ့

စိတ်ဓာတ်တွေ စီးဆင်းနေတဲ့

မဟာသမုဒ်ပြင်ကျယ်ကြီး ဖြစ်တယ်.....။


တက္ကသိုလ်မြတ်မင်း 


Saturday, June 15, 2013

မီးလောင်ပြင်မှာဖြစ်သော ကြေးစည်သံချို သတိဗိုလ်

 

မီးလောင်ပြင်မှာဖြစ်သော ကြေးစည်သံချို သတိဗိုလ်



သူ တည်ဆောက်ထားတာက တမျိုး ၊

ကိုယ် တည်ဆောက်ထားတာက တမျိုး ၊

ဖွဲ့စည်းထားသည့် ပုံသဏ္ဍာန်ခြင်းက မတူညီ ၊

မွေးဖွားရာ အရပ်ဒေသလည်း မတူညီ ၊

ရာသီဥတု အချိန်ပမာဏ မတူညီ ၊

အပေါင်းအသင်း မိတ်ဆွေချင်းလည်း ကွာဟနေပေမဲ့ ၊

ဝေဒနာချင်း တူ ၊ နှလုံးသားချင်း တူ ၊

ခံစားချက်ချင်း တူ ၊ သံယောဇဉ်ချင်း တူ ၊

နားလည်မှုချင်း တူ ၊ ခံယူချက်ချင်း တူလို့ ၊

သူ မွေးဖွားရာ ဒေသကို၊ ကိုယ် ကိုယ်တိုင် နေ့တိုင်းရောက်ခဲ့ ၊

ကိုယ် မွေးဖွားရာ ဒေသကိုလည်း ၊ သူ နေ့တိုင်းရောက်လို့ ၊

ကြေးစည်သံချိုချိုနဲ့ ၊ သတိကို လှုပ်နိုး ၊

ဘဝင်မှာ ပျို့တက် ၊ ရမက်တက်လို့ ၊

ဘဝအချိန်တိုတို ၊ နေမညိုမီမှာတော့ ၊

ဘာဆို ဘာမှ မကျန်တော့ဘူး ၊

ဗလာသက်သက် ၊ အလှပြင်တဲ့ နေရာ ၊

ဒီမြေ ဒီနယ်ထဲမှာ ၊ ကိုယ့်ဘဝ အနားမယူခင် ၊

ကိုယ်စီ တရား ပြည့်အောင်ထားလို့ ၊

အခါမလပ် ၊ သတိကပ်လျက် ၊ အမြတ်ယူနိုင်ကြပါစေ....။



တက္ကသိုလ်မြတ်မင်း


http://www.venpunnavamsa2.com

Thursday, June 13, 2013

ခံစားချက် တံခါး အဖွင့်မှားသော နေ့

 

ခံစားချက် တံခါး အဖွင့်မှားသော နေ့



ဘဝမှာ အကြိမ်ကြိမ် ခံစားချက်ကို ရှေ့တန်းတင်ပြီး

အကောင်း အဆိုး မသိနိုင်ပဲ

သူတစ်ပါးတွေအပေါ် အပြစ်မလုပ်မိစေနဲ့....။


လူဟာ ခံစားချက်တွေ ရှေ့တန်းတင်တာများလာလျှင်

စေတနာဟာ ဝေဒနာ ဖြစ်တတ်တယ်...။


ဝေဒနာများလာလျှင် စိတ်အတွင်းကြေလို့

ဒေါသ အမျက်တွေ မျက်ရည်ပူတွေ ဖြစ်လာတတ်တယ်...။


ဒေါသအပူများလာလျှင် စိတ်အတွင်းကြေလို့

ပေါက်ကွဲ ယိုစီးလာသည့် အာဃာတ အငြိုးတွေ ဖြစ်လာတတ်တယ်...။


အာဃာတ အငြိုးတွေ ဖြစ်လာလျှင်

ကိုယ့်အသိုင်းဝိုင်းမှာ အထီးကျန် လူဖြစ်လာတယ်....။


အထီးကျန် လူဖြစ်လာလျှင် အများအကျိုး သယ်ပိုးနိုင်သည့်

လူ တစ်ယောက် မဖြစ်နိုင်တော့ပါ...။


အများအကျိုး သယ်ပိုးနိုင်သည့် လူတစ်ယောက် မဖြစ်တော့ဘူးဆိုရင်

လူဖျင်း လူအ ဖြစ်သွားလိမ့်မည်.....။


လူဖျင်း လူအ ဖြစ်လာလျှင်

အသိပညာ အတတ်ပညာဆိုတာ မသိနိုင်တော့ပါ....။


အသိပညာ အတတ်ပညာ မရှိသော သူသည်

မိတ်ကောင်း ဆွေကောင်ဆိုတာ မကွဲခြားနိုင်တော့ပါ....။


မိတ်ကောင်း ဆွေကောင် မရှိသော သူသည်

ချမ်းသာသုခဆိုတာ မရှိနိုင်တော့ပါ....။


ချမ်းသာသုခ မရှိသော သူသည်

မည်သို့သော ကုသိုလ်တရားကိုမှ မလုပ်နိုင်တော့ပါ...။


ကုသိုလ်တရား မပြုလုပ်နိုင်သော သူသည်

နောက်ဆုံး အန္တိမ ပန်းတိုင်ဖြစ်သော

မြတ်နိဗ္ဗာန် ချမ်းသာကို မည့်သို့ မျက်မှောက်ပြုနိုင်မည်နည်း......။




တက္ကသိုလ်မြတ်မင်း 

Wednesday, June 12, 2013

ဘဝမြင့်ချင်လျှင် သတိနှင့် ပညာ မငတ်စေနဲ့

 

ဘဝမြင့်ချင်လျှင် သတိနှင့် ပညာ မငတ်စေနဲ့



သတိနှင့် အသိပညာ ဥာဏ်မရှိသော သူသည်

လေလွင့် ပျက်စီးတတ်ပါတယ်....။

မသိမှုနှင့် အသိဥာဏ် ကင်းကွာမှုက

ကိုယ်ပိုင် ဗီဇ ရေသောက်မြစ် ဖြစ်တယ်...။


သို့သော်....

သတိနှင့် အသိဥာဏ်ရှိသော သူသည်

အကောင်း အဆိုး ဝေဘန် သုံးသပ်နိုင်ပါတယ်....။


သူတော်ကောင်းတွေ သတိနှင့် အသိပညာဥာဏ်တွေ ပေးနေတုန်း

ပညာတတ် လူမိုက်ကြီးတွေ မဖြစ်စေနဲ့...။


ကိုယ့်ရဲ့ ပင်ကိုယ် ဗီဇ ရေသောက်မြစ်ဖြစ်တဲ့

ကိုယ်၏ ငြိမ်းချမ်းမှု စိတ်၏ ငြိမ်းချမ်းမှုတွေ

ပကတိ ကြည်လင်သော ရေကဲသို့ တည်ရှိပါစေ

အခြား အရောင် မဆိုးမိစေနဲ့...။


မိမိ၏ ကိုယ် ချမ်းသာမှု စိတ် ချမ်းသာမှုဆိုတာ

ဗီဇကောင်းလို့ ကံကောင်းလို့ ဖြစ်လာတာ မဟုတ်ပါဘူး

သတိနှင့် ဥာဏ် နေတတ်လို့ ဖြစ်လာတာပါ...။


တကယ်တော့....

သတိနှင့် အသိဥာဏ် အညီအမျှ လေ့ကျင့်ပေး သူသည်

အောင်မြင်ခြင်းတွေကို ရရှိကြပါတယ်...။



တက္ကသိုလ်မြတ်မင်း

http://www.venpunnavamsa2.com

ဘဝမြင်မှ နိဗ္ဗာန်ဝင်

 

ဘဝမြင်မှ နိဗ္ဗာန်ဝင်


လောကကြီးမှာ ရှိကြသည့် လူသားတွေကို

မွေးခြင်း ၊ နာခြင်း ၊ အိုခြင်း ၊ သေဆုံးခြင်းဆိုသည့်

မမြဲခြင်း တရား ၊ ဆင်းရဲခြင်း တရား ၊ အစိုးမရခြင်း တရားတို့က

မရောက် ရောက်အောင် ပို့ဆောင်ကြလေပြီ.....။


လောကကြီးမှာ ရှိကြသည့် လူသားတွေအတွက်

တကယ့်အရေး တကယ့်ဘေးနှင့် ကြုံလာလျှင်

ကူညီမည့်သူ ၊ ကယ်တင်မည့်သူ မရှိသဖြင့်

မိမိတို့မှတပါး အားကိုးစရာ အားထားစရာ မရှိပါလား...။


လောကကြီးမှာ ရှိကြသည့် လူသားတွေ၏

ပိုင်ဆိုင်သော ကိုယ်ပိုင် ပစ္စည်းဥစ္စာ 

စည်းစိမ် ချမ်းသာဆိုတာ မရှိပါလား..

မိမိ လက်ရှိ ပစ္စည်းဥစ္စာ စည်းစိမ်ချမ်းမှန်သမျှ

ဘဝတစ်ခုရဲ့ အဆုံးခရီးကိုရောက်လျှင်

ပယ်စွန့် ထွက်ခွာ၍ ထားခဲ့ရမည်သာ ဖြစ်တယ်....။


လောကကြီးမှာ ရှိကြသည့် လူသားအားလုံးဟာ

တင်းတိမ် အားမရနိုင်ခြင်း မရောင်ရဲနိုင်သဖြင့်

တဏှာ၏ စေခိုင်းရာ ကျေးကျွန်အဖြစ်နှင့်

တဏှာ၏ အလိုအကျ လိုက်နာရသည့်

တဏှာကျွန်ကြီးပင် ဖြစ်တယ်....။



တက္ကသိုလ်မြတ်မင်း 

Monday, June 10, 2013

သိင်္ဂါရ လမ်းဆုံ

 

သိင်္ဂါရ လမ်းဆုံ


မချစ်ခင်သော်လည်း အောင့်ကာနမ်းလျက်

မချစ်ခင်သောသူနှင့် ဆက်ဆံ ပေါင်းသင်းရခြင်း

ချစ်ခင်သောသူနှင့် ကွေကွင်းရခြင်းတွေဆိုတာ

မိမိပြုလုပ်လာသည့် အတိတ် ကံဇာတာ၏

ညံ့ဖျင်းချက် ဆိုးကျိုး အပြစ်တွေသာ ဖြစ်တယ်....။


နိမိတ်မဖတ် အိပ်မက်သက်သက်နှင့်

အကြောင်းမပါတဲ့ ဘဝတကွေ့မှာ

ချစ်ကံခေလို့ ကွေကွင်းသွားသည့်အခိုက်

ဝမ်းနည်း ပူဆွေး သတိရ တမ်းတနေဦးမည်ဆိုရင်

မိမိ ကိုယ်တိုင်၏ ညံ့ဖျင်းချက်

ဆိုးကျိုး အပြစ်တွေသာ ဖြစ်တယ်....။



တက္ကသိုလ်မြတ်မင်း 

ပျားဆိပ်ရှိသော ဆူးတစ်ချောင်း၏ ဒဏ္ဍာရီ

 

ပျားဆိပ်ရှိသော ဆူးတစ်ချောင်း၏ ဒဏ္ဍာရီ



လူ့ဘဝ နေထိုင်ရတာ သမုဒ်ပြင်ထက် ကျရောက်လာတဲ့

ရေတစက်တာ ရေပွတ်ပမာဆိုသော်လည်း

စကားမကြွယ်လျှင် စကားကြွယ်ဖြစ်သည့်အပြင်

အပါးလည်ရင် အပါယ်လားတာ လူ့လောက သဘာဝဖြစ်သကဲ့သို့

သူတစ်ပါး မျက်ရည်ပေါက် ကြီး ငယ် ကျရောက်လာလို့ လွန်စွာဆင်းရဲရောက်ပြီးမှ

မိမိ ကိုယ်တိုင် ချမ်းသာမှုကို အလိုရှိကြတယ်ဆိုရင်

မိမိကို ခိုက်ရန်ပြုလာမည့် ရန်သူများစွာနှင့်

တစ်နည်းနည်းဖြင့် ရစ်ပတ် တုန်ပြန်ခြင်းကို ခံရပြီး

မိမိ ကိုယ်တိုင် ရစ်ပတ်ထားသည့် ရန်သူတို့ လက်မှ

ဘယ်နည်းနှင့်မျှ မလွတ်မြောက်နိုင်ပါ....။



တက္ကသိုလ်မြတ်မင်း 

Sunday, June 9, 2013

ကြွင်းကျန်ခဲ့သော ဥပါဒါန် ပြာအိုး


ကြွင်းကျန်ခဲ့သော ဥပါဒါန် ပြာအိုး



မီး တောက်လောင်နေသမျှ

ဆင်းရဲခြင်း ဝဋ်တစ်ခုကို

အကြွေးဆပ်ရမည်သာ ဖြစ်သည်....။


ဘဝတစ်ခု၏ ပေးဆပ်ရမည့် ဝဋ်ရှိသမျှ

မီးဆိုတာ တဖန် တောက်လောင်ရဦးမည်သာ ဖြစ်သည်...။


မငြိမ်းချမ်းခြင်း အစ တိုမီး ၊ ရှို့မီးတွေကြောင့် ဖြစ်သည်....။


မိမိ၏ အတွင်း အပြင်မှာလည်း

အချိန်တိုင်း တောက်လောင်နေသည်...။

သူတစ်ပါးကိုလည်း 

တဖန် တောက်လောင်စေခြင်းသည် မီးဖြစ်သည်...။


မိမိတို့သည် မီး တစ်ဆဲ့တစ်ပါးမှ

ကင်းလွတ်သော ချမ်းသာသုခကို ရှာဖွေသင့်သည်...။


ငါ ၊ သူ ၊ တစ်ပါး ၊ ယောင်္ကျား ၊ မိန်းမတို့

ဘဝအစမှ ဘဝအဆုံးသို့ ရောက်သည့်အထိတိုင်အောင်

မီး တစ်ဆဲ့တမျိုးတို့ တောက်လောင်လျက်

အရိုး မြေချ သုဿာန် ပို့လိုက်သော်လည်း

စက်ခေါင်းတိုင်သွင်း ပြာအဆင်းသို့

သက်ဆင်းရခြင်း အဆုံးရှိပေပြီ တကား......။




တက္ကသိုလ်မြတ်မင်း 

Saturday, June 8, 2013

မြင့်မြတ်သူတို့ စံပြ ကျင့်ထုံး

 

မြင့်မြတ်သူတို့ စံပြ ကျင့်ထုံး


ဘုရား ကျေးဇူး ၊ မှန်သမျှ ၊ အထူး သိတတ်စေ...။

တရား ကျေးဇူး ၊ မှန်သမျှ ၊ အထူး သိတတ်စေ...။

သံဃာ ကျေးဇူး ၊ မှန်သမျှ ၊ အထူး သိတတ်စေ...။

မိဘ ကျေးဇူး ၊ မှန်သမျှ ၊ မကျန်ရ ၊ စံပြ ပြုတတ်စေ...။

ဆရာ့ ကျေးဇူး ၊ မှန်သမျှ ၊ မကျန်ရ ၊ စံပြ ပြုတတ်စေ..။

ကျင့်ကြံ တရား ၊ ကိုယ်ဝယ်ထား ၊ စံပြ အမြဲ ၊ ကျင့်တတ်စေ...။

အကုသိုလ် မှန်သမျှ ၊ မကျန်ရ ၊ ရှောင်ရှား ကျင့်တတ်စေ...။

ကုသိုလ် မှန်သမျှ ၊ မကျန်ရ ၊ စံပြ ပြုတတ်စေ...။

ဘာဝနာ တရား ၊ မှတ်ကာ ပွား ၊ စံပြ ကျင့်တတ်စေ...။

ယခုဘဝ ၊ ကျင့်လည်ရခိုက် ၊ ယုတ်စွာ အဆုံး ၊ မမှား အသိ ၊ ရှိတတ်စေ...။

ဘဝ အဆုံး ၊ ပန်းတိုင်ဆုံး ၊ လျင်စွာ ရောက်တတ်စေ...။

ဆက်ကာတမျိုး ၊ ရှေ့ထက်တိုးက ၊ အကျိုး နိဗ္ဗာန် ၊ ထိအောင် တိုင်လိမ့်မယ်...။




တက္ကသိုလ်မြတ်မင်း 

Friday, June 7, 2013

ကာလ တိုက်စားလာသည့် ဒီရေ

 

 

ကာလ တိုက်စားလာသည့် ဒီရေ


ခဏတိုင်း ပူလောင်နေတဲ့ စိတ်ကြောင့်

ကိုယ့်ရဲ့ တိုတောင်းလှတဲ့ ဘဝလေးမှာ

မျက်တောင်ခတ်တိုင်း စိတ်ညစ်မှုတွေ မဖြစ်စေနဲ့.....။


ကိုယ့် ဘဝရဲ့ အစဉ်အတိုင်း ဖြစ်တတ်သည့်

ဆင်းရဲခြင်းတွေကြားမှာ

သင့်တင့်လျောက်ပတ်သော စိတ်ထားဖြင့်

ချမ်းသာ သုခနှင့် နှလုံးသွင်း မှန်ပါစေ....။


နှလုံးသွင်း မှန် သူတို့ အဖို့တော့

ကိုယ် လဲလျောင်းနေတဲ့ အိပ်ယာသော်မှ

ကိုယ့် ဘဝ တစ်ခုလုံးအတွက်

အငြိမ်းချမ်းဆုံး ရိပ်သာပေါ့...။


တက္ကသိုလ်မြတ်မင်း 

Thursday, June 6, 2013

သူတော်ကောင်းတို့ ငြိမ်းချမ်းရေး စံအိမ်

 

သူတော်ကောင်းတို့ ငြိမ်းချမ်းရေး စံအိမ်


လူနှင့် မူ ၊ အကျင့်နှင့် အယူ ၊

မတူညီလှ ၊ လူ့ဘဝကား ၊

သူ၏ တန်ဘိုး ၊ ကိုယ့် တန်ဘိုးတို့ ၊

အညီအမျှ ၊ သိဖို့ ခက်လှစွာတည်း...။


ခေါင်းဆောင် လူဗိုလ် ၊ များသူတော်ကား ၊

လက်အောက်လည်း ကြည့် ၊ ပြည်လည်း တင့်၏...။


ဆန့်ကျင် မမူ ၊ လူ သူတော်ကား ၊

မဆန့်ကျင်ခဲ့ ၊ ခန္တီဆက်၏...။


မမိုက်မဲ သူ ၊ လူ သူတော်ကား ၊

မမိုက်မဲခဲ့ ၊ ခန္တီဆက်၏....။


အတ္တ မာန်မမူ ၊ လူ သူတော်ကား ၊

အနတ္တလက်စွဲ ၊ အောင်လံ မြဲတည်း.....။
 



(အထူးမှတ်ချက်)

Wednesday, June 5, 2013

အရွယ် သုံးပါး၏ သုံးရာသီ နုပျိုနေသော အလှ

 

အရွယ် သုံးပါး၏ သုံးရာသီ နုပျိုနေသော အလှ


အလွန်ရခဲသည့် လူ့ဘဝကို ရရှိလာသည့်အခိုက်

ပထမ အရွယ်မှာ အသိပညာ အတတ်ပညာ ရှာဖွေပါ....

ဒုတိယ အရွယ်မှာ ပစ္စည်း ဥစ္စာနှင့် စီးပွားရေးကို ရှာဖွေပါ...

တတိယ အရွယ်မှာ ဝိပဿနာ တရား ရှာဖွေပါ....

ဘဝတစ်ခု၏ အချိန်ကုန်မှ နောင်တ မဖြစ်စေနဲ့....

ကံ ကမ္မနိမိတ်တို့၏ ပုံချ ကျက်စားရာ သံသရာ တစ်ခန်းရပ်ဖြစ်တဲ့...

လူ့ဘဝ ခရီးအဆုံးမှာ လူ အရှုံးသမား မဖြစ်စေနဲ့....

လူဆိုတဲ့ အခွင့်အရေး တစ်ခုကို ရရှိနေတုန်း

အမြိုက်သုခဖြစ်သည့် မြတ်နိဗ္ဗာန် အောင်ပန်း ဆွတ်ခူးနိုင်ပါစေ....။



တက္ကသိုလ်မြတ်မင်း 

Tuesday, June 4, 2013

ကိုယ်ရည်သန့်သော မိုးတိမ်

 

ကိုယ်ရည်သန့်သော မိုးတိမ်


ကောင်းမွန်သော ကိုယ်ကျင့်တရားကို ထိန်းသိမ်းသူဟာ

ထိုသူ ကျင့်သုံးသည့် ကိုယ်ကျင့်တရားများက

ပြန်လည် စောင့်စည်းလိမ့်မည်။


ကောင်းမွန်သော ကိုယ်ကျင့်တရားရှိသော သူသည်

ချမ်းသာသုခတွေကို မလွဲဧကန် ရရှိလိမ့်မည်။


ကောင်းမွန်သော ကိုယ်ကျင့်တရားတွေကို ကျင့်သုံး သူသည်

ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အပါယ်ဘုံသို့ ကျရောက်မည် မဟုတ်။


တက္ကသိုလ်မြတ်မင်း 

Sunday, June 2, 2013

သိင်္ဂါရရဲ့ သင်္ခါရနယ်ပယ်

သိင်္ဂါရရဲ့ သင်္ခါရနယ်ပယ်


လမ်းကြောင်းများလွန်းသော လောက

ရသစုံ ဖျော်ဖြေနေသော ဘဝ

အသွင်မတူသော လှုပ်ရှားမှု

အတွေ့အကြုံ ကွာဟမှု အသိတရား

ရပ်ကွက်စုံ နေထိုင်မှု စုံလင်သော ပြယုဂ်တွေနဲ့

လောကဓံ လမ်းမပေါ်ကို ရင်ကော့ ခေါင်းမော့လျက်

စတင် လှမ်းလျှောက်ခဲ့ပေမဲ့

လမ်းဆုံးခရီးကို ဆိုက်ရောက်လာတော့

အရင်းနှီးဆုံး လက်ကိုင် တောင်ဝှေးကို

တုန်တုန် ရီရီ ကိုင်ဆောင်ရင်း

သိင်္ဂါရရဲ့ သင်္ခါရနယ်ထဲမှ

တစ်ခန်းရပ် ပြဇာတ်တစ်ပုဒ် ရပ်နားသွားခဲ့ပြန်ပြီ......
 


တက္ကသိုလ်မြတ်မင်း

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...