Saturday, June 30, 2012

အဖြူရောင် အမှာတမ်း



စကြာဝဠာ သင်္ကေတဖြစ်တဲ့
သမိုင်းအဖြစ်တည်ရှိနေတဲ့ ခြေရာတွေက
ငါတို့ ဒီမှာ ဒီမှာလို့ အပြုံးနဲ့
ငြိမ်ချမ်းရေးတေးဆိုရင်း ပါးစပ်လှုပ်လို့
လှမ်းပြောနေပါရဲ့…။

စကြာဝဠာ တစ်ထောင့်တစ်နေရာမှာ
နေရာတစ်ခု သူ့ကို ပေးခဲ့တယ်ဆိုရင်
ကမ္ဘာတစ်ခြမ်းက ပြဿနာတွေကို
ဖြေရှင်းပေးနိုင်မယ်ဆိုတာ လက်တွေ့သိပြီလေ..။

ချော်လဲခြင်းတိုင်း ချော်လဲလို့ မရသလို
ချော်လဲ ရောထိုင်နဲ့ ချော်လဲတုန်းက
 သူတော်စဉ်ဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူး..
ချော်လဲသူတိုင်းလည်း ဦးခိုက်ခဲ့တယ်
ဒါဟာ… ချော်လဲခြင်းတွေကို
ထိန်းသိမ်းနိုင်တဲ့ စွမ်းအားတွေနဲ့
သတ္တိရှိရှိ အောင်မြင်ခြင်း ခရီးဆက်ခဲ့လို့ပေါ့…။

မလဲကျခဲ့တဲ့ ခြေလှမ်းတွေနဲ့
ဘယ်နေရာမှာ ဘယ်လို လျှောက်ခဲ့ လျှောက်ခဲ့
လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းတိုင်းက
သမိုင်းမှတ်တိုင်ထဲမှာ အသစ်တွေနဲ့ပေါ့…။

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥရောပငါးနိုင်ငံခရီးမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်ကြိုဆို


AddThis Social Bookmark Button
ဒေါ်အောင်ဆန်းစုကြည်စီးနင်းလိုက်ပါလာသော ယာဉ်တန်းအား ကြိုဆိုထောက်ခံသူများနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက တွေ့ရစဉ်
ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ စတင်သွားရောက်ခဲ့သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် ထိုင်းလေကြောင်းလိုင်း TG 303 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော လေယာဉ် TG 303  သည် နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်မည် ဟု ကြေညာခဲ့သော်လည်း လေယာဉ် delay  အချိန်ရွှေ့ဆိုင်းလိုက်၍ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်၌သာ ဆိုက်ရောက်လာခဲ့သည်။ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နံနက် ၆ နာရီ အချိန်ဝန်းကျင်ကတည်းကပင် လေဆိပ်အတွင်း၊ အပြင်တွင် ကြိုဆိုရန် စောင့်ဆိုင်းသူများ ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို စတင်တွေ့ရှိရချိန်မှစ၍ လာရောက်ကြိုဆိုသော ပြည်သူ များအပြင် လေဆိပ်အတွင်းရှိသူများပါ လက်ခုပ်တီး၍ သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြ သည်ကို တွေ့ရသည်။

ထို့အပြင် လေဆိပ်အထွက်မှစ၍ ပြည်လမ်းတစ်လျှောက် ပြည်သူများနှင့် ထောက်ခံသူများက NLD အလံများ ကိုင်ဆောင်၍ ကြိုဆိုခဲ့ကြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
''ကိုယ်ကျိုးအတွက် မဟုတ်ဘဲ နိုင်ငံအတွက် ဝေဖန်သံတွေ၊ ကန့်ကွက်သံတွေကြားက  ဥရောပခရီးကို သွားခဲ့တာလို့ ယုံကြည်မိပါတယ်။  အဲဒီနိုင်ငံတွေမှာလည်း သူ့အကျိုးစီးပွားအတွက် ဘာမှမလုပ်ခဲ့ဘူး။ ဈေးကွက်သဘောအရပြောရင် မြန်မာနိုင်ငံအတွက် သူ ပရိုမိုးရှင်းဆင်းတာပဲ။ သူ့ကြောင့် ကမ္ဘာမှာ မြန်မာဆိုတာ ၀င့်ကြွားနိုင်ခဲ့ရပါပြီ။ ဒါကြောင့် မနက် ၇ နာရီလောက်ကတည်းက လာစောင့်ကြိုဆိုတာပါ''ဟု မြောက်ဒဂုံမြို့နယ်မှ အသက် ၂၅ နှစ်အရွယ် ကိုကျော်ဝင်းက ပြောပါသည်။ ထို့အတူ အသက် ၁၆ နှစ်အရွယ် မဖြူသီက ''အခုလိုလာကြိုတဲ့ သူတွေအများကြီးတွေ့ရတာ ပျော်ပါတယ်။ သမီးတို့က အမေစုကိုချစ်လို့ လာကြိုတာပါ''ဟု ပြောပါသည်။

Friday, June 29, 2012

ကြိုဆိုရေး နှလုံးသား ကျောက်စာ



ပန်းသတင်း လေညှင်းဆောင်ခဲ့
လူသတင်း လူချင်းဆောင်လျက်
အောင်မြင်ခြင်းနဲ့ ငြိမ်းချမ်းခြင်းတွေ
သယ်ဆောင်လို့ ကမ္ဘာ့ရွာထဲက
စံပြအိမ်ကလေး သူ တည်ဆောက်ခဲ့...။

အမှန်တရားနဲ့ ငြိမ်းချမ်းရေးအတွက်
ငြင်းဆိုချက်တွေ အတိုင်းမသိ ပယ်ချရင်း
ဖြောင့်မတ်တဲ့ ခရီးလမ်းပေါ် ဆက်လျှောက်ခဲ့
အတ္တ မပါတဲ့ သူ့ စွမ်းဆောင်ချက်က
ပြည်သူ့အတွက် ဂုဏ်သတင်းကောင်းတွေပေါ့...။

အဆိုးနဲ့ အကောင်း တိုက်ခိုက်နေတဲ့ လောကကြီးအတွက်
အဆိုးကို အကောင်းမြင်ဖို့ အကောင်းကို သစ္စာရှိဖို့
ငြိမ်ချမ်းရေး လမ်းစဉ်ပေါ်မှာ
အလှတရားတွေ တန်ဆာဆင်လျက်
အောင်မြင်မှုနဲ့ သူ ပြန်လာခဲ့...။

Thursday, June 28, 2012

Dr. Daw Aung San Suu Kyi who return to Yangon, Myanmar


(The Historic Motivational And Inspirational Speaker, the World Icon, Dr. Daw Aung San Suu Kyi who return to Yangon, Myanmar)


I think by now I have made it fairly clear that I am not very happy with the word "hope." I don't believe in people just hoping. We work for what we want. I always say that one has no right to hope without  endeavor, so we work to try and bring about the situation that is necessary for the country, and we are confident that we will get to the negotiation table at one time or another. This is the way all such situations pan out-- even with the most truculent dictator. 

Dr. Daw Aung San Suu Kyi


အပြန်လမ်းမှ ငြိမ်းချမ်းရေး


အသက်ထောက်ပေမဲ့၊ တသက် မကြောက်ခဲ့..
အသက်လောက်ချစ်တဲ့ ပြည်မြန်မာအတွက်
ဇွဲ မာန် ထက်သန်တဲ့ ပြည်ချစ် စိတ်ဓာတ်နဲ့
ခရီးရှည်ကို လျှောက်လှမ်းခဲ့ပေါ့...။

ကမ္ဘာ့ လူမျိုးစုံတဲ့ Norway, အိုင်ယာလန်, အင်္ဂလန်,
ပြင်သစ် ရောက်ရှိခဲ့လို့  မြန်မာဟန် ကြွကြွ၊ 
သမိုင်းဝင် ခြေသံဖွဖွလေးတွေက
ကျောက်စာတစ်ခု ဖြစ်စေခဲ့တယ်..။

Dr. Daw Aung San Suu Kyi made honourary citizen in Paris

Dr. Daw Aung San Suu Kyi made honourary citizen in Paris


Dr. Daw Aung San Suu Kyi made honourary citizen in Paris


Thursday, June 28, 2012 » 08:10am

Burmese activist Aung San Suu Kyi has become an honourary citizen of Paris at a ceremony in the French capital.
The 67-year-old met French President Francois Hollande as part of her 17-day tour of Europe.
Addressing the crowd in French -- the pro-democracy campaigner said although France had a history of struggle for democracy, its citizens had perhaps become complacent.
But it wasn't all business for Suu Kyi who also spoke of her admiration of France as the country of writer Victor Hugo and onion soup.
Suu Kyi talked to the press after a meeting with President Francois Hollande on the first day of a four-day visit to France that closes out a European tour that has taken her to Switzerland, Norway, Ireland and Britain. She and the French president were having dinner on Tuesday night.
The Nobel Peace Prize winner has been a world symbol of courage and hope for facing down Burma's military regime, which ruled for 49 years until last year. She is now helping the country usher in what many hope is a transition to democracy. And pragmatism seems to be her watchword.

Tuesday, June 26, 2012

Dr. Daw Aung San Suu Kyi in Paris who Nobel peace laureate at the Elysee for the end of historic trip

This is press conference in the elysee


Dr. Daw Aung San Suu Kyi, the leader of Burmese opposition, meets President Hollande in Paris, for the last leg of her European tour. Watch their press conference.

Dr. Daw Aung San Suu Kyi arrives in Paris (26-June-2012)

သမိုင်းဝင် မှတ်တမ်းလေးများ တင်ပေးလိုက်ပါတယ်။

 

 

ပြင်သစ်အစိုးရ ဧည့်သည်တော်အဖြစ် လန်ဒန်မြို့မှ ပဲရစ်မြို့ Gare du Nord ဘူတာရုံသို့ ရောက်ရှိလာတဲ့ မြန်မာပြည်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြင်သစ်မှာ ပြည်သူများမှ ဒီလို ကြိုဆိုကြပါတယ်...

တက္ကသိုလ်မြတ်မင်း

The Father of Myanmar who is General Aung San

 
ဘဝမမောသော စွမ်းရည်အပြည့်နဲ့
ပြည်မြန်မာအတွက် အစွမ်းကုန် ကာကွယ်ပေးတဲ့
တစ်မိုးတည်းအောက်က တောင်တန်းပြာကြီးလို
ဆိုကြချေဆိုရင် သင့်အမည်ဟာ
အဖိုးအနဂတန်တဲ့ ရိုးမတောင်တန်းကြီးပါ…။


သူ့ရဲ့ စိတ်ဓာတ်စွမ်းအင်တွေနဲ့
ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းဝိညာဉ်ဟာ
အမြဲတမ်း စီးဆင်းနေတဲ့
ဧရာဝတီ မြစ်ကြီးတစ်စင်းဆိုနိုင်သလု
ရိုးမ တောင်တန်းကြီးလိုလည်း
ထာဝရအမြဲတမ်း ရပ်တည်နေမြဲပါ….။

Saturday, June 23, 2012

ရခိုင်ပြည်နယ် ဒုက္ခသည်များအတွက် လှူဒါန်းထားသော အလှူငွေများ ပေးအပ်လွှဲပြောင်းခြင်း

Donation Lists

ရခိုင်ပြည်နယ် ဒုက္ခသည်တို့အတွက် လှူဒါန်းထားသော အလှူငွေများ စာရင်းကို အသေးစိတ် ဖော်ပြလိုက်ပါသည်။
လှူဒါန်းသူများနှင့် မိတ်ဆွေသင်္ဂဟများ ဝမ်းမြောက်နုမော် သာဓုခေါ်ပါစေလို့ တက္ကသိုလ်မြတ်မင်းမှ ဆန္ဒပြုလိုက်ပါတယ်။

ခင်မင်စွာဖြင့် တက္ကသိုလ်မြတ်မင်း

Friday, June 22, 2012

"အမေစုရဲ့...ဗြိတိန် ပါလီမန် မိန့်ခွန်း အပြည့်အစုံ"


"အမေစုရဲ့...ဗြိတိန် ပါလီမန် မိန့်ခွန်း အပြည့်အစုံ"

လွှတ်တော်ဥက္ကဌ၊ ၀န်ကြီးချုပ်၊ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် အမတ်များရှင့် -

ခမ်းနားတင့်တယ်တဲ့ ဒီခန်းမကြီးမှာ စကားပြောဖို့ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ဒီဂုဏ်ပြုမှုရဲ့ ထူးခြားတဲ့ သဘောသဘာဝကိုလည်း ကျမ သတိပြုမိပါတယ်။ ဒီနေရာမှာ စကားပြောဖို့ ခွင့်ပြုသင့်သလား ဒါမှမဟုတ် ဒီအဆောက်အအုံထဲက တခြားတနေရာမှာဘဲ ပြောခွင့်ပေးမလား ဆိုတာတောင် အစောပိုင်းက အငြင်းအခုံဖြစ်ခဲ့တာကိုလည်း သိရှိခဲ့ပါတယ်။ ဒီလိုအခြေအတင် ဆွေးနွေးတာတွေဟာ ကောင်းပါတယ်။ ဒါဟာ ပါလီမန် လွှတ်တော်ရဲ့ အလုပ်ပါဘဲ။

ကျမ အခုဘဲ ဒေါင်းနင်းလမ်းက လာခဲ့တာပါ။ ကျမအတွက် တစိမ်းနေရာတော့ မဟုတ်ပါဘူး။ တီဗွီမှာတင် မကဘဲ ကျမ ဖခင် ဦးအောင်ဆန်း ၁၉၄၇ ခုနှစ်မှာ လုပ်ကြံသတ်ဖြတ် မခံရခင် ၀န်ကြီးချုပ် အက်တလီနဲ့ အတူ လွတ်လပ်ရေး ကိစ္စဆွေးနွေးအပြီး ဒေါင်းနင်း လမ်းရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ ဓာတ်ပုံဟာ ထင်ရှားပါတယ်။ ဓာတ်ပုံထဲမှာ သူဟာ ဗြိတိသျှစစ်သုံး ကုတ်အကျီ င်္ရှည်ကို ၀တ်ထားပါတယ်။ သူ မကြုံဖူးတဲ့ အအေးဒဏ်ကို ခံနိုင်အောင် ဗြိတိန် အလာလမ်းမှာ အိန္ဒိယ ခေါင်းဆောင် ဂျဟာဝါလာနေရူးက ပေးလိုက်တာပါ။ ကျမလည်း အပူပိုင်း နိုင်ငံမှာ ၂၄ နှစ်လုံးလုံး နေခဲ့ပြီးတဲ့နောက် ဒီဘက်ကို အလာမှာ အဲလို ကုတ်အကျီ င်္ကိုများ လိုမလားလို့တောင် တွေးခဲ့တာမျိုး ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ နာရီပိုင်းကတော့ ကျမ အဖေ ဓာတ်ပုံ ရိုက်သွားတဲ့ နေရာမှာဘဲ အခု ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်းနဲ့ ဓာတ်ပုံရိုက်နေချိန်မှာတော့ မိုးတွေက ရွာနေပါတယ်။ ဒါ ဗြိတိန် ရာသီဥတုပါဘဲ။

ဒုတိယ ကမ္ဘာစစ် အတွင်းက ကျမ ဖခင်ဟာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို တည်ထောင်ခဲ့တာပါ။ လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ တည်ထောင်ချင်လို့ ဒီတာဝန်ကို သူယူခဲ့တာပါ။ လွတ်လပ်တဲ့ နိုင်ငံတခုနဲ့ ထိုက်တန်တဲ့ နိုင်ငံရေး စနစ်ဟာ ဒီမိုကရေစီ စနစ်သာ ဖြစ်တယ်လို့ သူယုံကြည်ခဲ့ပါတယ်။ ကျမလည်း ဒါကို ယုံကြည်လက်ခံပါတယ်။ ဗြိတိသျှ မဟာမိတ်တပ်ဖွဲ့တွေရဲ့ ဗိုလ်ချုပ်ကြီး ဆလင်းက သူ့ရဲ့ ကိုယ်ရေးမှတ်တမ်းမှာ ကျမဖခင်နဲ့ ပထမဆုံး တွေ့ဆုံပုံ အကြောင်း ရေးထားတာ ရှိပါတယ်။ ဒုတိယ ကမ္ဘာစစ် ပြီးခါနီး ဗမာ့လွတ်လပ်ရေး တပ်မတော်က မဟာမိတ်တွေနဲ့ လက်တွဲဖို့ ဆုံးဖြတ်ပြီး ဗိုလ်ချုပ်အောင်ဆန်းက ဗိုလ်ချုပ်ကြီး ဆလင်းနဲ့ သွားတွေ့တဲ့ အခါမှာ ဗိုလ်ချုပ်ကြီးဆလင်းက ငါတို့ စစ်နိုင်နေလို့ လာပေါင်းတာ မဟုတ်လားလို့ ပြောတဲ့အခါ ကျမ အဖေက ခင်ဗျားတို့ စစ်မနိုင်ရင် လာပေါင်းလို့ ဘာအကျိုးရှိမှာလဲလို့ ပြန်ပြောခဲ့တယ်လို့ သူက ရေးထားပါတယ်။

Thursday, June 21, 2012

ဒေါင်းနင်းလမ်း အမှတ် (၁၀) Westminster Hall မှာ မိန့်ခွန်းပြောရသော ငါးဦး

ဒုတိယကမ္ဘာစစ် နောက်ပိုင်း ခမ်းနားကြီးကျယ်လှတဲ့ United Kingdom အထက်/အောက် ပါလီမာန်ရဲ့ Westminster Hall မှာ မိန့်ခွန်းပြောကြားခွင့်ရတဲ့ နိုင်ငံရပ်ခြားမှ နိုင်ငံ့ခေါင်းဆောင်များ စာရင်း။

၅ဦးမြောက်ကတော့ အနာဂတ်မြန်မာနိုင်ငံရဲ့ ဒေါ်အောင်ဆန်းစုကြည်ပါ..

7 April 1960 Charles de Gaulle President of France

11 July 1996 Nelson Mandela President of South Africa

17 September 2010 Benedict XVI Pope (state Visit)

25 May 2011 Barack Obama President of the United States

21 June 2012 Dr. Aung San Suu Kyi Union of Myanmar

create animated gif
make a gif

ဒေါင်းနင်းလမ်း ရောက်ခဲ့ဖူးတဲ့ ဖခင်ရဲ့ အောင်ဆန်း အက်တလီ စာချုပ်


အောင်ဆန်း - အက်တလီ စာချုပ် (၁၉၄၇)

 (ဝဲမှ ယာသို့) ဦးဘဖေ၊ ကလီမန့် အက်တလီ၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဦးတင်ထွဋ်နှင့် လော့ဒ်ပီသစ်လောရင့်။

တနှစ် အတွင်း မြန်မာ နိုင်ငံကို လွတ်လပ်ရေး ပေးရန် မြန်မာ အမျိုးသား ခေါင်းဆောင် များနှင့် ဗြိတိသျှ အစိုးရ တို့၏ သဘော တူညီချက်များ ပါသည့် စာချုပ် ဖြစ်သည်။ ဗြိတိသျှ အစိုးရနှင့် မြန်မာ ခေါင်းဆောင်များ မြန်မာ့ လွတ်လပ်ရေး အတွက် ပထမဆုံး ချုပ်ဆိုသည့် စာချုပ်ဟု ဆိုနိုင်သည်။ စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် လန်ဒန်မြို့ ဒေါင်းနင်းလမ်း အမှတ် ၁၀ ၌ လက်မှတ် ရေးထိုး ကြသည်။ စာချုပ်ကို မြန်မာတို့ ဘက်မှ ဗိုလ်ချုပ် အောင်ဆန်းက ခေါင်းဆောင်၍ လည်းကောင်း၊ ဗြိတိသျှ အစိုးရ ဘက်မှ ဗြိတိသျှ ဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီ (Clement Attlee) က ခေါင်းဆောင်၍ လည်းကောင်း ဆွေးနွေးပြီး သဘောတူ လက်မှတ် ထိုးကြ သောကြောင့် အောင်ဆန်း - အက်တလီ စာချုပ်ဟု ခေါ်သည်။ စာချုပ်တွင် အချက်ကြီး ၁၀ ချက် ပါဝင်သည်။ 


 
ကလီမင့် အက်တလီ (Clement Attlee)

စာချုပ်ပါ အဓိက အချက်များ၏ အချုပ် သဘောမှာ -
၁။ ဗိုလ်ချုပ် အောင်ဆန်း ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သော မြန်မာပြည် ဘုရင်ခံ၏ အလုပ်အမှုဆောင် ကောင်စီသည် ကြားဖြတ် အစိုးရ အဖြစ် အသိအမှတ် ပြုခံ ရသည်။
၂။ ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာန များကို ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ် အစိုးရက အုပ်ချုပ်ခွင့် ရသည်။
၃။ ဗြိတိသျှ လက်နက်ကိုင် တပ်များမှ အပ မြန်မာ နိုင်ငံ ကာကွယ်ရေး ဆိုင်ရာ လက်နက်ကိုင် တပ်များကို ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ကြားဖြတ် အစိုးရက အုပ်ချုပ်ခွင့် ရသည်။
၎။ ကိုယ်ပိုင် ဘဏ္ဍာရေး အုပ်ချုပ်ခွင့် ရသည်။
၅။ မြန်မာ အစိုးရကိုယ်စားလှယ် မဟာမင်းကြီး တဦး လန်ဒန်မြို့၌ ထားခွင့် ရသည်။
၆။ မြန်မာ ပြည်မနှင့် တောင်တန်း ဒေသ များကို တပေါင်းတည်း လွတ်လပ်ရေး ပေးရန် အတွက် တောင်တန်း ဒေသ များ၏ ဆန္ဒ ယူရန် သဘော တူကြသည်။
၇။ အရွယ် ရောက်သူတိုင်း မဲပေး နိုင်သော စနစ်ဖြင့် ရွေးကောက်သော တိုင်းပြု ပြည်ပြု လွတ်တော် ခေါ်ရမည်။
၈။ တိုင်းပြု ပြည်ပြု လွတ်တော်က လွတ်လပ် လာမည့် မြန်မာ နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် အနာဂတ် ပုံသဏ္ဍာန်ကို ဆုံးဖြတ် ရမည်။
၉။ ကမ္ဘာ့ ကုလ သမဂ္ဂတွင် မြန်မာ နိုင်ငံ အဖွဲ့ဝင် ဖြစ်ရေး အတွက် ဗြိတိသျှ အစိုးရက ထောက်ခံ ကူညီမည်။

Dr. Daw Aung San Suu Kyi speaks the historic address both Parliament of UK from Westmenster Hall (1)

This is well known speaker of the Burmese pro-democracy leader who guide to speak a historic addressing both Parliament of UK from Westminster Hall. May I be sharing this kind of News to support any experience for all of you. May I be wishes for all of you here.

တက္ကသိုလ်မြတ်မင်း



Dr. Daw Aung San Suu Kyi speaks the historic address both Parliament of UK from Westmenster Hall (2)

This is well known speaker of the Burmese pro-democracy leader who guide to speak a historic addressing both Parliament of UK from Westminster Hall. May I be sharing this kind of News to support any experience for all of you. May I be wishes for all of you here.

တက္ကသိုလ်မြတ်မင်း

Dr. Daw Aung San Suu Kyi meets Prince Charles


 Dr. Daw Aung San Suu Kyi meets Prince Charles

LONDON — Myanmar pro-democracy leader Aung San Suu Kyi met British heir to the throne Prince Charles on Thursday ahead of her historic address to both houses of parliament.
Her royal encounter on the third day of her first trip to Britain in 24 years came as the British government confirmed it had invited Myanmar's reformist president Thein Sein to visit London.
"He is due to visit the UK in the coming months to continue the discussions they began when the Prime Minister was in Burma in April," said a spokesman for Cameron.
Downing Street said Suu Kyi was "aware of the invitation."
Nobel peace laureate Suu Kyi, who is visiting Britain for a week as part of a sweep through Europe, met Charles and his wife Camilla at their Clarence House residence in London.

ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေး မျဉ်းပြိုင်


ဖိတ်ခေါ်နေတဲ့ ငြိမ်းချမ်းရေး မျဉ်းပြိုင်


စကြာဝဠာ တံတိုင်းခတ်ထားတဲ့
ကမ္ဘာကြီးမှာ သူ့အတွက်တော့
စံပြကျေးရွာကြီး တစ်ခုပေါ့..။

အလင်း အမှောင် တာဝန်ကျတဲ့
လောကဇာတ်ခုံထဲ ကမ္ဘာတစ်ခြမ်းမှာ
ပဋိပက္ခတွေနဲ့ တခဏတာ အမှောင်ထုကြီးစိုးခဲ့ပေမဲ့
သူ့အတွက်တော့ ထာဝရ တသက်တာ
လင်းလက်နေမည့် ရတနာတစ်ပါးပေါ့...။

လေထန်တိုင်း ကြွေကျလို့
ဘယ်ပန်းကျန်ပါမလဲ...
သူ့အတွက်တော့ ပင်ယံထက်မှာ
ပန်းတွေဝေဆာဆာနဲ့ ဗေဒါပျံ အံခဲလို့
ထာဝရ ပန်းပန်လျက်ပဲပေါ့...။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုခဲ့ရင်
ဘယ်မှာ မြေကျန်ပါမလဲ...
သူ့အတွက်တော့ စကြာဝဠာမျက်နှာသာမှာ
မြေဆီ ရတနာနဲ့ ကာရံနေမြဲပေါ့...။

Wednesday, June 20, 2012

Aung San Suu Kyi's a composition of her Oxford years

This is well known speaker of the Burmese pro-democracy leader who guide a composition of the time of her Oxford University. May I be sharing this kind of News to support any experience for all of you. May I be wishes for all of you here.

တက္ကသိုလ်မြတ်မင်း



The Burmese pro-democracy leader says there is a hard road ahead for the country as she accepts her honorary doctorate from Oxford University.

Aung San Suu Kyi honoured by Oxford University

The Burmese pro-democracy leader receives an honorary doctorate in civil law from Oxford University nearly 20 years after it was awarded.




Aung San Suu Kyi was "hailed with joy" by her former university today, as she returned to Oxford to receive an honorary doctorate.

The Burmese opposition leader was praised for her "patience and endurance" during her 24 years under house arrest in her homeland, in a ceremony at the prestigious institution.

Ms Suu Kyi was awarded an advanced degree in civil law during Oxford's annual Encaenia ceremony in the Sheldonian Theatre.

It is the first time the pro-democracy leader has visited Oxford for decades.

Presenting the award, Oxford's Public Orator, Professor Richard Jenkyns of Lady Margaret Hall, said that while her return to Oxford is a public event, it is not forgotten that Ms Suu Kyi is also returning to her old home and "a city full of memories".

Dr. Daw Aung San Suu Kyi's Honorary Doctor of Civil Law

Tuesday, June 19, 2012

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်တက္ကသိုလ်မှာ ဆွေးနွေးဖလှယ်မှုများ


ဒေါ်အောင်ဆန်းစုကြည်၏ လန်ဒန်တက္ကသိုလ်မှ ဆွေးနွေးမှုများ

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာပဲ လန်ဒန်စီးပွားရေး တက္ကသိုလ်မှာ ပြုလုပ်တဲ့ နှီးနှော ဖလှယ်ပွဲ တက်ရောက်ခဲ့ပြီး တော့ အဲဒီ နှီးနှောဖလှယ်ပွဲ အတွင်းမှာပဲ မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေမှာ အခြေခံကျကျ အပြောင်း အလဲတွေ လိုအပ်နေတုန်းပဲဖြစ်သလို  ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေဟာ လူထုကိုပါ အကျိုးရှိစေမယ့် အစီအစဉ်တွေ ဖြစ်ဖို့ လိုအပ်မယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မကြာသေးခင်က ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို တိုက်ခိုက်မှုတွေလို ပြဿနာမျိုးတွေဟာ တရားဥပဒေ စိုးမိုးရေး အပါအ၀င် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ အရေးတကြီး လုပ်ဖို့ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာကို ပြသ နေတယ်လို့ ဥရောပ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံမှာ ရောက်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်တာ ဖြစ်ပါ တယ်။ လူပေါင်း ၅၀ ထက်မနည်း သေဆုံးပြီး၊ အများ အပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့သလို၊ ထောင်သောင်းချီ အိုးအိမ် စွန့်ခွာ ထွက်ပြေးရတဲ့ ပြဿနာတွေရဲ့ အခြေခံဟာ တရားဥပဒေ စိုးမိုးမှု အားနည်းတဲ့ အတွက် ဖြစ်တယ်လို့ လန်ဒန် စီးပွားရေး တက္ကသိုလ် က နှီးနှော ဖလှယ်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တာပါ။

Monday, June 18, 2012

ငြိမ်းချမ်းရေး မိခင် မွေးနေ့ရှင်



သမိုင်းကြောင်းပေါ်မှာ သူဟာ
ပေးဆပ်မှုတွေ သိပ်များလွန်းလို့
နာကြည်းမယ်ဆိုလည်း နာကြည်းသင့်ပါရဲ့
ဒါပေမဲ့... သူဟာ နာကြည်းမှုတွေကို
မေတ္တာနဲ့ လမ်းခင်း လျှောက်လှမ်းခဲ့တယ်...။

သူဟာ သူ့ ပြည်အတွက်
အရာအားလုံး စွန့်လွတ်ခဲ့တယ်..။

သူဟာ သူချစ်တဲ့ ပြည်သူတွေအတွက်
ဘဝတစ်ခုလုံး ပေးဆပ်ခဲ့တယ်...။

သူဟာ အများအတွက် ဦးစားပေးလို့
အမှောင်ကျနေတဲ့ ကမ္ဘာတစ်ခြမ်းကို
တခဏတာ မှေးစက်နေသော်လည်း
သူ့အသိ သူ့မျက်ဝန်းအိမ်မှာ
ကရုဏာ မေတ္တာတွေနဲ့
ငြိမ်းချမ်းရေး ဖော်ဆောင်နေသူပါ..။

Saturday, June 16, 2012

ငြိမ်းချမ်းရေး ခရီးသွား မိခင်



သူ့မိဘနှစ်ပါးဟာ ဗုဒ္ဓဘာသာ
သူဟာလည်း ဗုဒ္ဓဘာသာ
သူ့နှလုံးလှတဲ့ မေတ္တာတရားနဲ့
ငြိမ်းချမ်းရေး ရင်ခွင်ကို
ပြည်သူ့အတွက် တည်ဆောက်ပေးဖို့
သူ... သည်ခရီးကို ထွက်ခွာခဲ့ပြီပေါ့...။

အများမသိတဲ့ မြေပေါ်က
အမည်ခံ တိုင်းပြည် ဒို့ပြည်မှာ
အာဇာနည် သွေးစစ်စစ်နဲ့
တိုင်းပြည်အတွက်
မမောနိုင် မပန်းနိုင်
ကမ္ဘာ့မှာ မြန်မာ ဟေ့လို့
ဝင့်ကြွားကာ ဂုဏ်ရောင်တင်ဖို့
သူ... သည်ခရီးကို ထွက်ခွာခဲ့ပြီပေါ့....။

Aung San Suu Kyi Nobel Peace Prize Speech in Oslo, Norway (2: 16 June 2012 )



Nobel Lecture by Daw Aung San Suu Kyi, Oslo, 16, June 2012

 

Nobel Lecture by Aung San Suu Kyi, Oslo, 16 June, 2012


Your Majesties, Your Royal Highness, Excellencies, Distinguished members of the Norwegian Nobel Committee, Dear Friends,

Long years ago, sometimes it seems many lives ago, I was at Oxford listening to the radio programme Desert Island Discs with my young son Alexander. It was a well-known programme (for all I know it still continues) on which famous people from all walks of life were invited to talk about the eight discs, the one book beside the bible and the complete works of Shakespeare, and the one luxury item they would wish to have with them were they to be marooned on a desert island. At the end of the programme, which we had both enjoyed, Alexander asked me if I thought I might ever be invited to speak on Desert Island Discs. “Why not?” I responded lightly. Since he knew that in general only celebrities took part in the programme he proceeded to ask, with genuine interest, for what reason I thought I might be invited. I considered this for a moment and then answered: “Perhaps because I’d have won the Nobel Prize for literature,” and we both laughed. The prospect seemed pleasant but hardly probable.

(I cannot now remember why I gave that answer, perhaps because I had recently read a book by a Nobel Laureate or perhaps because the Desert Island celebrity of that day had been a famous writer.)

Daw Aung San Suu Kyi's Nobel Prize Speech အော်စလိုမြို့ နော်ဝေနိုင်ငံ

Thursday, June 14, 2012

အမေဆီသို့ လက်ဆောင်ကဗျာ ဆုချွေလွှာ


အမေဆီသို့ လက်ဆောင်ကဗျာ ဆုချွေလွှာ


ဘေးပြောတဲ့ စကား မယုံထား
သွေးပြောတဲ့ စကား အသည်းကြား
နှလုံးသားနဲ့ ပေါင်းစပ်လို့ထား 
ဒို့မျိုးရိုး အာဇာနည် အောင်ဆန်းသွေးပေမို့ 
ဒို့ အမေစကား
ဒို့သွေးသားတို့ ထာဝရ ယုံကြည်..။

Daw Aung San Suu Kyi's ILO Speech in Swetzerland (14-June-2012)

Daw Aug San Suu Kyi's ILO speech in Swetzerland (14- June - 2012)

Wednesday, June 13, 2012

Daw Aung San Suu Kyi arrives in Swetzerland

အသိ နည်းလမ်းမှားတို့ ကျက်စားချိန်

 
 

အသိ နည်းလမ်းမှားတို့ ကျက်စားချိန်

 
လူ့ဘဝမှာ အရေးကြီးသော အချက်အလက်တွေထဲ နည်းလမ်းမှားမှုတွေလည်း ပါဝင်ပါတယ်။ ဒီလို နည်းလမ်းမှားတွေ မဖြစ်အောင် ကြိုတင် စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်တော့ဘူးဆိုရင် နည်းလမ်းမှားမှုအောက်မှာ ဘဝတစ်ခုလုံး ပေးဆပ်လိုက်ရတာ ဘာမျှထူးလာလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သိမှု နည်းလမ်းမှားတို့ ကျက်စားမှုမှ လွတ်ကင်းအောင် မှတ်သားဖွယ်ရာ ကဗျာလေးများ လက်ဆင့်ပေးလိုက်ပါတယ်..။

ယေဘုယျေန ဟိ သတ္တာနံ၊
ဝိနာသေ ပစ္စုပ္ပဋ္ဌိတေ။
အနယော နယရူပေန၊
ဗုဒ္ဓိမာဂမ္မ တိဋ္ဌတိ။
(၀ဇိရဗုဒ္ဓိ)

ပျက်စီးချိန်တန်၊ အကြောင်းဖန်က
သိဉာဏ်အမှု၊ ထိုမှတ်စုတွင်
နည်းတုလွဲမှား၊ မှန်တရားသို့
အများသူငါ၊ ထင်တတ်စွာ၏။
(ဋီကာဆရာမှတ်ချက်)


ကမ္မာပရာဓသတ္တာနံ၊
ဝိနာသေ ပစ္စုပ္ပဋ္ဌိတေ။
အနယော နယရူပေန၊
ဗုဒိၶမာကမ် တိ႒တိ။
(သုတၱႏၲနီတိ/စတုရာရကၡ)

အကုသိုလ်ဖျက်၊ ကံနှိပ်စက်က
နည်းပျက်မှားမူ၊ နည်းမှန်ဟူသို့
ဗိုလ်လူများထံ၊ အသိဉာဏ်ဝယ်
ပျက်ရန်ချိန်မှတ်၊ ရောက်လာတတ်၏။
(နီတိဆုံးမစာ)

Tuesday, June 12, 2012

ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီးစတင်


ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီးစတင်


ဒေါ်အောင်ဆန်းစုကြည်၏ ၁၇ ရက်ကြာ ဥရောပ ၅ နိုင်ငံ ခရီး စဉ်ကို ယနေ့ ဇွန်လ ၁၃ ရက် နေ့ နံနက် ၉ နာရီ မိနစ် ၅၀ တွင် စတင်၍ TG 304 ထိုင်းလေယာဉ်ဖြင့်
စတင်ထွက်ခွာသွားပြီဖြစ်သည်။
 

ဒေါ်အောင်ဆန်းစုကြည်သည် ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဖာမြို့သို့သွားရောက်ပြီး ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ညီလာခံတွင်
မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ ယင်းနောက် နော်ဝေနိုင်ငံ အော်စလိုမြို့သို့သွားရောက်ကာ ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကိုယ်တိုင်လက်ခံယူမည်ဖြစ်သည်။

အမေ့ရဲ့ ပီတိ ဗြဟ္မစိုရ် မိုး


အမေ့ရဲ့ ပီတိ ဗြဟ္မစိုရ် မိုး


မိထွေးတော် မဟာပဇာပတိဂေါတမီသည် ဘိက္ခုနီရဟန်းမသာသနာတော်ကို စတင်ဖော်ဆောင်ခဲ့သူတစ်ဦး ဖြစ်သည်။ အမျိုးသမီးများ ဘိက္ခုနီသာသနာတော်သို့ ၀င်ရောက်ရန်အတွက် ရှေ့ဆောင်လမ်းပြအဖြစ် ကြိုးစားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ နောက်ဆုံး ရဟန်းမဘ၀တွင် သိက္ခာဝါအကြီးဆုံး(ရတ္တညူမဟတ္တ) အရာ၌ ဧတဒဂ်ရခဲ့သည်။ မဟာပဇာပတိဂေါတမီ ထေရီမကြီး၏ ကြိုးစားမူကြောင့် သာသနာတော်သို့ အမျိုးသမီးများ များစွာဝင်ရောက်ခဲ့ကြပြီး အကျွတ်တရားရသူ တရားဖြန့်ပွားသူ သာသနာပြုအမျိုးသမီးများစွာ ပေါ်ထွန်းခဲ့သည်။ သာသနာ၌ ထူးခြားစွာ ဧတဒဂ်ရခဲ့သော အမျိုးသမီး (၁၃)ဦး ပေါ်ပေါက်ခဲ့ရသည်။ ထို့အပြင် မိထွေးတော် မဟာမပဇာပတိဂေါတမီထေရီမကြီး၏ နှစ်သက်လွန်းလို့ မိမိရင်တွင်းက ကဗျာများကို နှုတ်မှ ရွတ်ဆိုခဲ့တာ အောက်ပါ အတိုင်းဖြစ်ပါတယ်။

ရညော မာတာ မဟေသီတိ၊ သုလဘံ နာမ’မိတ္ထိနံ။
ဗုဒ္ဓမာတာတိ ယံ နာမံ၊ ဧတံ ပရမဒုလ္လဘံ။

သားတော်ကြီးဘုရား - မိန်းမသားတို့အား မင်း၏မယ်တော်၊ မင်း၏မိဖုရားဟူသော အမည်ကို ရလွယ်နိုင်၏၊ မြတ်စွာဘုရား၏ မယ်တော်ဟူသော အမည်ကိုမူ အလွန်ရခဲလှပါသည်။ ထိုရခဲလှသော အမည်ကို ဘုရားတပည့်တော်မ ရရှိပါပြီ။

Monday, June 11, 2012

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်

 

ဒေါ်စု ဥရောပ ၅ နိုင်ငံခရီးစဉ် NLD သတင်းထုတ်ပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်ကို လာမယ့်ဇွန်လ ၁၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပြီးတော့ ဆွစ်ဇာလန်၊ နော်ဝေ၊ ဗြိတိန်၊ အိုင်ယာလန်နဲ့ ပြင်သစ်နိုင်ငံတွေကို ရောက်ရှိမှာဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ ထွက်ခွာလာမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပထမခရီးတထောက် အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကို ဇွန်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာပြီးတော့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ညီလာခံမှာ မိန့်ခွန်းမှာ ပြောကြားမှာဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီး Didier Burkhalter နဲ့လည်း တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့ ဆွစ်(စ်) နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၈ ရက်နေ့က ကြေညာပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်(စ်)ပါလီမန်ကို သွားရေက်မှာဖြစ်ပြီးတော့ အဲဒီန့မှာပဲ နော်ဝေနိုင်ငံ အော်စလိုမြို့တော်ကို ခရီးဆက်မှာဖြစ်ပါတယ်။

Sunday, June 10, 2012

နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်



နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်

နိုင်ငံတော် သမ္မတရုံးမှ အရေးပေါ် အခြေအနေ ထုတ်ပြန်။


ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊
ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂
၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀

အရေးပေါ်အခြေအနေကြေငြာခြင်း။

၁။ ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။

တိုင်းတာမှု ပေတံများ


ငါတို့ ယုံကြည်တဲ့ ခေါင်းဆောင်တွေ


သတိကင်းသော နေ့ရက်တွေကြောင့် အမှန်တရား ကင်းမဲ့သွားနိုင်ပါတယ်..။
အကောင်းဆုံးကတော့ မတ္တံ မညေယျ မေဓာဝီ လို့ ဆိုထားပါတယ်..။ အတိုင်းတာ တစ်ခုကို သိတဲ့ ပညာရှိသည် ငြိမ်းချမ်းရေးကိုသာ နှစ်သက်ပါတယ်...။ ထောင်ချောက်တစ်ခုအတွင်းသို့ ဝင်ရောက်မည် မဟုတ်ပါဘူး။

အမှန်တရားတာဆိုရင် မကြာခင်က ဖြစ်ပွားသွားသည့် ကိစ္စများကို အလွယ်တကူ လုပ်ကိုင်နိုင်တယ်ဆိုတာ ပညာရှင်တွေ သိကြမည်ဖြစ်တယ်။ သို့သော် ရွှေသမင် ဘယ်ကထွက်တယ်ဆိုတာ မသိကြလို့ ပြဿနာဆိုတာ ဖြစ်လာကြတာပါ..။

Saturday, June 9, 2012

တိုက်ပွဲခေါ်သံ သွေးချင်းတို့ရဲ့ ဇာတိမာန် (စာရေးဆရာကြီး မောင်ပါလ)

 

“သွေးချင်းတို့ရဲ့ ဇာတိမာန်” 


ဒို့ရေကိုသောက် သူခြိမ်းခြောက်၏။

ဒို့ဆန်ကိုစား သူစော်ကား၏။

ဒို့မြေကိုလှန် သူမာန်တက်၏။

ဒို့အရိပ်ကိုခို လူကိုမျို၏။

ဖော်ရွှေပွင့်လင်း၊ ညီညွတ်ခြင်းနှင့်

စေတနာထား၊ မာန်မပွားလည်း

ဒင်းတို့မတန်၊ ခြေစုံကန်၏။

Friday, June 8, 2012

ဘုရင့်နောင်တဲ့ မြန်မာသွေး (သိစေမယ် ရိုဟင်ဂျာ)

  
~~~ သိစေ ~~~
==========

အကြံမမှား ၊ ရန်မပွားချင်
အမှန်တရားက ငါတို့လက်တွင် ...
မှန်မော်ကြွား ၊ ရန်စော်ကားလျှင်
တရားလက်တွင် ဓါးနှင့်ယှဉ်မည် ...

ငါတို့သည်
တရားလည်းဆောင်
ဓါးလည်း ပြောင်၏ ...

ငါတို့သည်
တရားလည်း မွေး
ဓါးလည်း သွေး၏ ...

ဇွန်လ ၁၅ ရက်နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ စတင်ထုတ်ဝေမည်၊ ၁၉၉၄ ခုနှစ်နောက်ပိုင်း ၁၉ ကြိမ်မြောက် ငွေစက္ကူအမျိုးအစားသစ်ထုတ်ဝေခြင်းဖြစ်

 
ဇွန်လ ၁၅ ရက်နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူ စတင်ထုတ်ဝေမည်၊ ၁၉၉၄ ခုနှစ်နောက်ပိုင်း ၁၉ ကြိမ်မြောက် ငွေစက္ကူအမျိုးအစားသစ်ထုတ်ဝေခြင်းဖြစ်

၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက် နေ့တွင် တစ်သောင်းကျပ်တန် ငွေစက္ကူသစ်စတင် ထုတ်ဝေမည် ဖြစ်ကြောင်း ဇွန်လ ၇ ရက်နေ့တွင် နိုင်ငံပိုင်ရုပ်သံ မှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေမည် ဖြစ်ကြောင်း၊ ငွေစက္ကူသစ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ဘဏ်ဖွင့်ချိန် အတွင်း ထုတ်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
လက်ရှိ လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေ များသည်လည်း တရားဝင်သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန် ကြေညာခဲ့သည်။

မကြာခင် ထွက်လာတော့မည် မြန်မာ့ငွေ

မကြာခင် ထွက်လာတော့မည် မြန်မာ့ငွေ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။
 

အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
 

ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Monday, June 4, 2012

နယုန်လပြည့် မဟာသမယနေ့သစ်


ဒီနေ့ဟာ (Great Occasion and Great Noble Day) နေ့ထူးနေ့မြတ်ဖြစ်တဲ့ (The Full_Moon Day Of Nayone) နယုန်လပြည့် မဟာသမယအခါတော်နေ့ဟု ခေါ်နိုင်သလို Poswan-Day ပင် ဖြစ်ပါတယ်။ ယနေ့ မြတ်ဗုဒ္ဓ၏ ပုခတ်တွင်းမှာ မွေးဖွားကြကုန်သော (We were born in the cradle of Buddhism and Buddha) ဗုဒ္ဓဘာသာဝင်တို့အတွက် တကယ်ထူးမြတ်သော နေ့ဖြစ်သည်။ နယုန်လပြည့်ရောက်တိုင်းလည်း မြန်မာပြည်မှာရှိကြတဲ့ ဗုဒ္ဓဘာသာ သူတော်စဉ်တွေက မဟာသမယအခါတော်နေ့ ကျင်းပကြသလို သီရိလင်္ကာနိုင်ငံမှာလည်း Poswan-Day လို့ဆိုပြီး မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။ ထို့အပြင် အိမ်နီးချင်း ထိုင်းနိုင်ငံမှာပါ မဟာသမယအခါတော်နေ့ကို ကျင်းပကြမည်လို့ ယူဆရသလို အခြားအခြားသော ထေရဝါဒ နိုင်ငံများဖြစ်တဲ့ လာအို၊ ကမ္ဘောဒီယား၊ စသည် ထေရဝါဒနိုင်ငံများက မဟာသမယအခါတော်နေ့ကို ကျင်းပကြပါတယ်။

Saturday, June 2, 2012

ပညာရဲရင့် ပွဲလယ်တင့် အပိုင်း (၁)


ပညာရဲရင့် ပွဲလယ်တင့် အပိုင်း (၁)

၀၂-၀၆-၂၀၁၂

ပညာရဲရင့် ပွဲလယ်တင့် ဆိုနိုင်သလို တဖက်ကလည်း သီတဂူ ဆရာတော်ဘုရားကြီး မိန့်ကြားတော်မူသော သြဝါဒအဆုံးအမနဲ့ ပြည့်စုံလှပါ တယ်။ ဘာကြောင့်လည်းဆိုတော့ ဆရာတော်ကြီးက သြဝါဒအဆုံးအမတွေကို ကိုယ်တိုင်ကြားနာဖူးသလို အများကလည်း သိနေမည် ဖြစ်ပါတယ်။ အဲဒါက ဘာလည်းဆိုရင် "လူစွမ်းကောင်းတို့သည် အချိန်နဲ့ အလုပ်ကို သူတို့၏ အကောင်းဆုံး အခွင့်ရေးတစ်ခု အနေနဲ့ ရယူလိုက်သည်။ ထိုသူတို့၏ အလုပ်အကိုင် အခွင့်ထူးများသည် အခြေခံ ဥပမာ မြေကြီးမှစ၍ အမြင့်ဆုံး အောင်မြင်မှု သရဖူဆောင်းနိုင်သည့်အထိဖြစ်သည်" လို့ ဒီလို မိန့်ကြားတော်မူခဲ့ပါတယ်။ ဒီလို ဥပမာပေးလိုက်ခြင်းသည် မြန်မာပြည်ရှိတဲ့ လူစွမ်းကောင်း အားလုံးကို ဆိုလိုက်သလို ကမ္ဘာပေါ်မှာ ရှိကြတဲ့ လူစွမ်းကောင်းအားလုံးလည်း မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ ယနေ့ မြန်မာပြည်မှာရှိကြတဲ့ လူစွမ်းကောင်းနဲ့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ လူစွမ်းကောင်းတွေ အားလုံးကို ဒီစာသားလေးနဲ့ ဂုဏ်ပြုချင်ပါတယ်။ ထို့အပြင် မြန်မာပြည်မှာ ပညာရှင်အားပေးသည့် ခေတ် သို့မဟုတ် ပညာရှင်ခေါင်းဆောင်တွေရှိတဲ့ခေတ် ရောက်ရှိ လာပြီလို့ ယူဆမိပါတယ်။

Friday, June 1, 2012

Daw Aung San Suu Kyi- World Econmic Forun 2012 in Thailand

Aung San Suu Kyi - Annual Meeting 2012 - World Economic Forum in Thailand

East Asia 2012 - Asian Women as the Way Forward from World Economic Forun in Thailand

East Asia 2012 - A Conversation with Daw Aung San Suu Kyi from World Economic Forun

''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''


''အမေရိကန်နဲ့ တရုတ်တို့အတွက် မြန်မာနိုင်ငံကို တိုက်ပွဲမြေပြင်နေရာလို သဘောထားခံရမှာကို ကျွန်မအမြဲတမ်း စိုးရိမ်နေပါတယ်''


ထိုင်းအဲယာဝေး လေယာဉ်မှုးက အရမ်းသဘောကောင်းပါတယ် ကျမကို လေယာဉ်ခေါင်းခန်းမှာထိုင်ဖို့ဖိတ်ခဲ့ပါတယ်.......ကျမ ပထမ တော့ စက်ခလုပ်တွေကြည့်ပြီးအံသြနေတာ...ဒါပေမဲ့ ဘန်ကောက်မြို့ရဲ့ အလင်းတွေက ကျမကို ညို့ယူဖမ်းစားသွားပါတော့တယ်.............အခုဘာတွေခြာနားနေပြီဆိုတာသိလိုက်ရပါတယ်..
ကျမအတွေးထဲမှာဖြတ်ခနဲပေါ်လာတာက ကျမတို့ တိုင်းပြည်မှာ စွမ်းအင် နဲ့ပတ်သက်ပြီး ပေါ်လစိကောင်းကောင်းလိုနေတယ်ဆိုတာပါဘဲ...............

ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားဟာ ကမ္ဘာ ဘယ်အရပ်ရပ်မှာ ရောက်နေ၊ ရောက်နေ ကျွန်မတို့နိုင်ငံရဲ့ သံတမန်တွေပဲ။တကယ်တော့ သံရုံးမှာရှိနေတဲ့ ကျွန်မတို့ရဲ့ အရာရှိတွေကပဲ သံတမန်တွေမဟုတ်ဘူး။ကျွန်မတို့နိုင်ငံသားအားလုံးဟာကျွန်မတို့နိုင်ငံရဲ့သံတမန်တွေ ဖြစ်တယ်။
အဲဒီတော့ ကိုယ့်ရဲ့ နိုင်ငံရဲ့သိက္ခာကို ထိန်းသိမ်းသောအားဖြင့် ကိုယ်တိုင်ကလည်း သိက္ခာရှိရှိ နေရမယ်။

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...