Friday, March 30, 2012

ငြိမ်းချမ်းလွင်ပြင် အတာသဘင် (အောင် ဆန်း ကြည် လင် သည်) (၁၃၂)


အတာသင်္ကြန် နွေဦးရောက်ပြီဆို...
မြူးကြွတဲ့ သီချင်းတွေဆို...
၂၀၁၂ရဲ့ နှစ်ကူးအတွက် လက်ဆောင်ကို...
ရှာပုံတော်ဖွင့်လို့ ပေးမယ်ဆို...
အခုတော့လည်း.. အခုတော့လည်း..
အသည်းကြားက မဲတစ်ပြားပဲတဲ့....။

အမေရဲ့ ကရုဏာနဲ့ မေတ္တာစက်အတွက်...
ပင်ပန်းလွန်းတဲ့ သူအတွက်ဆို...
ပေးဆပ်ပေးမဲ့ လူငယ်တွေက...
မဲတစ်ပြားနဲ့ ခရီးဆက်လို့...
ငြိမ်းချမ်းရေးက အတာသင်္ကြန်တဲ့..။

မြူးကြွလွန်းတဲ့ တေးသွားသံစဉ်တွေက...
ရှေ့ဆောင်လမ်းပြတဲ့ လူငယ်တွေအတွက်..
အတာသင်္ကြန်က အားဆေးတစ်ခွက်..
ချုပ်ချယ်နေတဲ့ သူတို့အတွက်တော့ ခိုး မဲတွေရမယ်တဲ့...။

သူပြောတော့ လွယ်လွယ်ပဲတဲ့...
အခုတော့လည်း ခိုး မဲတွေနဲ့ ပြည့်နှယ်နေတာပဲ..
နောက်တမျိုးတိုးတော့လည်း ခိုး မဲတွေပါပဲ..
မသိသလိုနေတဲ့ တို့အမေက မသိဘူးမှတ်နေလားတဲ့...။

သနားစရာပဲ သနားစရာလေးပါပဲ...
ဟိုဟာတမျိုး ဒီဟာတမျိုး...
အမျိုးမျိုးနဲ့ တိုင်ပတ်ရင်း..
အတင်းပြောလိုက် အဖျင်းပြောလိုက်...
အိမ်နောက်ဖေးက မုဆိုးမ မသောင်းလိုပဲတဲ့...။

နောက်ပိုင်းက အောင်သိန်းတယောက်တော့...
အရက်အိုးပျောက်လို့ အော်ကျောလန်သည်...
ခေတ်မမှီတဲ့ သူအဖြစ်က စိတ်ပျက်စရာ...
ဟိုသွားလည်း ရှုံး ဒီသွားလည်း ရှုံး
သူတို့အများခိုင်းတဲ့ လူ့ငတုံးကြီးပဲတဲ့...။

Thursday, March 29, 2012

ဇာတ်သိမ်းခန်းက အပြန် (၁၃၁)

အတွေးတွေက ဆိုး... ဘေးက တမျိုး...
အဆိုးတွေက အသိဥာဏ်မှာ မွေးဖွား..
က လိုက် ခုန် လိုက် မြူးကြွလိုက်နဲ့...
တနေ့တာ ဇာတ်လမ်းတွေဆုံးတဲ့ အထိ...

မနေ့က အမေပြောလိုက်တဲ့ စကား...
မင်းတို့ နှလုံးသားထဲ အတွေးထဲ စဉ်းစားကြည့်...
ပြောင်းလွဲမှုတွေနဲ့ ပြည်ကြီး တိုးတက်ဖို့...
လူငယ်တွေ ရှေ့သို့ ချီတပ်...
ငါတို့... အသိတရားရဲ့ နောက်ကွယ်မှာ
သူတို့...သူတို့ ခြေချုပ် မမိစေနဲ့... ရှေ့တက်ခဲ့...

နှစ်ကူးကိုရောက်ရင် အသစ်ထူးတဲ့...
ခြေလှမ်းတွေနဲ့ အနာဂတ်အရေးတွေ...
မျှော်ကြည့်လို့ အမေပြောခဲ့တဲ့ စကားတွေလည်း...
အကြိမ်ကြိမ်ထိခတ်တဲ့ နာရီ လက်တန်တွေလို
ငါတို့ .. နှလုံးသားမှာ ဆက်ဆက်ထိ..

အဖေပြောဖူးတယ် ပြည်ကြီးအတွက်..
စည်းလုံးညီညာ အောင်ကြောင်းဖြာတဲ့...
အခုတော့လည်း နွေတံခူးကို ရောက်ခဲ့...
မီးက ပျက် အလုပ်က ပျက်...
အိပ်ရေးက ပျက် တနေ့လုပ် တနေ့စား...
ရှစ်နာရီပေးတဲ့ လျှပ်စစ်အား စိတ်ပျက်မိတာ အမှားလား..

အို... မပြောနဲ့ မပြောလိုက်ပါနဲ့...
အရှေ့ပေါက်က စကားပြောတယ်ဆို...
နောက်ပေါက်က ဖမ်းမယ်ဆို...
ကက်ဆက် ရေဒီယို စစ်ဆေးရတော့မလိုတဲ့...
ပြီတော့လည်း.. အင်းစိန်ဆို..
နောက်တော့လည်း... ကားပြာကြီးထဲက..
ငါတို့ ဆင်းသက်လို့ အခန်းကျဉ်းတဲ့...
ဇာတ်သိမ်းခန်းက ပြန်ခဲ့ရတာပဲ...။


တက္ကသိုလ်မြတ်မင်း

Thursday, March 22, 2012

အပြန်မေတ္တာ အခြမ်းပျောက်လမ်း (၁၃၀)


ငုတ်လျှိုနေခဲ့တဲ့ နေဝန်းကြီးလည်း
မနက်ဖြန်များစွာမှာ ပေါ်ထွက်လာအုန်းမယ်...။

လှောင်ပိတ်နေတဲ့ အသိတရားတွေနဲ့
နားလည်မှုတွေလည်း ကိုယ်စီကိုယ်စီနဲ့
ဘဝအတွက် ခရီးဆက်ခဲ့တယ်....။

နေ့စဉ် ကိုယ်စီကိုယ်စီ လေ့လာခဲ့တဲ့
သင်ကြားမှုတွေထဲ အာရုံတွေကို
နစ်မြှုပ်ခဲ့တာ အကြိမ်ကြိမ်ရှိခဲ့ပြီး...။

လက်တွေ့ကျင့်သုံးဖို့အတွက် အခက်ခဲတွေနဲ့
ရင်ဆိုင်ရှင်ပြိုင်နေတုန်း ကိုယ့်အသိုင်းဝိုင်းက
ရွေးချယ်မှု ပညာတက်တွေ လိုအပ်နေဆဲ....။

နှစ်တွေနဲ့ရေတွက် သင်္ချာထွက်ခဲ့တဲ့
ဘဝရလာဒ်များစွာထဲ အထူ အပါး
နားမလည်းနိုင်သေးတဲ့ အသိစိတ်ဓာတ်တွေနဲ့
ကိုယ်ပိုင်.. ရုန်းထွက်ဖို့ဆိုတာ အတ္တရဲ့ ဆန္ဒတွေပေါ့...။

စိတ်ဓာတ်နဲ့ အလုပ် ဘဝနဲ့ ဆန္ဒ
မညီမျှသေးတဲ့ ဖွားဘက်တော်တွေထဲ
ငြင်းဆိုမှုဆိုတာ ခက်ခဲတဲ့ ပြဿနာဆိုရင်..။

အဆင်မပြေခဲ့တာ များလှပြီး...
အချိန်တွေလည်း ကုန်ဆုံးခဲ့ပြီး...
ကျန်ရစ်နေသူတွေအတွက်လည်း
နေရာမပေးနိုင်တော့ ငြင်းခုံမှုတွေ
တန်ပြန်ရိုက်ခတ်လာတော့ မူပြောင်းရမှာလား
လူပြောင်းရမှာလား တွေဝေနေဆဲ....။

တာဝန်ကြီးလည်း အသိဥာဏ်တွေအောက်
ထောင်ချောက်တခုလို လောင်ပိတ်ရင်း
မွန်းကြပ်လာတဲ့ စိတ်ဓာတ်တွေကို
အပန်းဖြေဖို့ နားခိုရာဆီကို ရောက်သွားခဲ့ပါရဲ့....။

အကြိမ်ကြိမ်လည်း မှောက်ကျခဲ့ဖူးတယ်...
အကြိမ်ကြိမ်လည်း ပြန်ထခဲ့ဖူးတယ်...
မတည်ငြိမ်သေးတဲ့ စိတ်ဓာတ်တွေလည်း
တည်ငြိမ်အောင် ရင်းနှီးပေးဆပ်ခဲ့ဖူးတယ်...
ဒဏ်ရာရဖူးတဲ့ ဒီလောက ဒီရင်ခွင်ထဲ
မေတ္တာတွေနဲ့ ပေါင်းကူးစီးဆင်းနေဆဲ...။

မကြေငြာ ပြည်သာတဲ ခေါင်းလောင်း (၁၂၉)


ဘဝက ခါးသီးလွန်းလို့
ပေပေတေတေနဲ့ ဆန့်ကျင်ဘက်တွေကို
ဝေဖန်ဆုံးဖြတ်ရင်း ဘယ်သူက.... မှားပြီး...
ဘယ်သူက အမှန်ဆိုတာ.....

သူတို့...လျှောက်လှမ်းသော လမ်းစဉ်နောက်မှာ
ခြေသံတခု ကြားလိုက်တယ်....

သူတို့...ပြောမိသော စကားနောက်မှာ
လျှိုဝှက်ချက်တခု တွေ့လိုက်တယ်....

သူတို့....စစ်မှန်သော အလုပ်တခုနောက်မှာ
တန်ပြန်မှုတခု ရရှိလိုက်တယ်...

သူတို့....မသိနိုင်တဲ့ အရာတခုကတော့
လျှိုဝှက်ချက် သံစဉ်တွေနဲ့
ရောင်စဉ်တွေ ကာရံခြယ်သရင်း....

သူတို့...တွေဝေနေဆဲ အိပ်ပျော်နေမြဲ
အတွေးတွေလည်း လွင့်မြောနေဆဲ....

သူတို့.....ပြန့်လွင့်နေသော စာရွက်တွေလည်း
စွန်းထင်နေတဲ့ မင်ရောင်တွေနဲ့
အသုံးမကျတဲ့အခါ အများစွန့်ပစ်တဲ့
အမှိုက်ပုံထဲ ညစ်ပေလို့ ကျရောက်နေဆဲ.....

ဘယ်အချိန်တွေမှာ ရုံးကန်လို့
အကြိမ်ကြိမ်လဲကျဖူးတဲ့ အတိက်ချိုင့်ဝှမ်းတွေအောက်က
တွန်းအားတွေနဲ့ နိုးထလို့....
တစ်ခေတ်တစ်ခါရဲ့ ခေါင်းလောင်းသံလေး ဖြစ်လိုက်ချင်...။

Sunday, March 18, 2012

အလွှာခြားတဲ့ မိုးတိမ် (၁၂၈)

 
ဒုန်း ဒုန်း ဒိုင်း ဒိုင်း ကြားနေရတဲ့
ပတ်ဝန်းကျင်ထဲ နေထိုင်ရတာ
အင်း.... အရှိတိုင်းသာ ဖွင့်ဟခဲ့ရင်ပေါ့...
မြပုခတ်မဟုတ်တဲ့ မြက်စမ်းလွင်ပြင်ရယ်...
မစိမ်းလန်းသေးတဲ့ စိုက်ပျိုးဆဲ ဥယျာဉ်လေးရယ်..
နေစရာ အိမ်အိုလေးရယ်...
ကျိုးပဲ့တော့မည့် ကြမ်းခင်းတွေရယ်...
ကျောခင်းလိုက်တိုင်း ကိုက်တက်တဲ့
ကြမ်းပိုးနဲ့ ပုရွတ်ဆိတ်တွေရယ်...
မနာမကျန်းနဲ့ ချိနဲနဲဖြစ်နေတဲ့
အရွယ်ပြိုတော့မည့် အမေအိုရယ်...
နှက်ချေးတွဲလောင်းနဲ့ ငိုမဲ့မဲ့ ညီ ညီမတွေရယ်...
ခွန်းအားမဲ့သော်လည်း အိုမင်းမှုကို ကျောခိုင်းလို့
သူ့မိသားစု သူ့သားသမီးတွေအတွက်
ကြိုးစားလုပ်ကိုင်နေဆဲ အဖေအိုရယ်...
မရှိတာကို မရှိတဲ့အတိုင်း
အရှိကို အရှိအတိုင်း ပျော်ရွှင်တက်တဲ့
တို့... ပတ်ဝန်းကျင် တို့... ကမ္ဘာထဲ...
မင်း ဝင်လာဖို့ဆိုတာ...။

အော်.... ခေတ်က တောင်းဆိုလို့သာ
မသောက်ဖူးတဲ့ ကော်ဖီတွေလည်း
ဟန်လုပ်လို့ သောက်သုံးရင်း
မတွေးဖူးတဲ့ အတွေးတွေထဲ
ပျော်ဝင်ခဲ့ရင်း ဖြတ်ခနဲ တွေ့ခဲ့မိတဲ့
မင်း အလှတွေကို ပေါင်းစပ်လို့
ခရီးဆက်ခဲ့တာ မင်းကို သိခဲ့ပြီပေါ့...။

အိုကွာ.... မင်းရယ်....
ကော်ဖီတခွက်ရယ်... ညနေဆည်းဆာရယ်
တော်ဝင်ပန်းတပွင့်ရယ်... ညစာ အခင်းအကျင်းရယ်..
မအိပ်စက်ဖူးတဲ့ ပျော်စရာ ဘုံဗိမာန်ရယ်...
မနမ်းဖူးတဲ့ ရနံ့လေးတွေရယ်...
တံတိုင်းတွေ ကွာခြားလွန်းလို့
အတွေးအိပ်မက်တွေသာ ပုတ်သိုးခဲ့ရ.....။

သွားပြီ...အနားကပ်လာတဲ့ အနာဂတ်ရယ်
လက်ရှိရပ်တည်နေတဲ့ ပစ္စုပ္ပန်ရယ်
ကျန်ရစ်ခဲ့တဲ့ အတိက်ရယ်
ခါးသက်လွန်းလို့ ကော်ဖီတခွက်နဲ့
နေဝင်ဆည်းဆာနဲ့ လမိုက်ညတွေကို
ကျော်ဖြတ်ခဲ့ရင်း မနက်ဖြန်နေ့ရက်တွေထဲ
မကြည်သာတဲ့ နှလုံးသားတံခါးလေးကို
တိုးဝှေ့ဖို့ ကြိုးစားနေဆဲ...။

သူတို့ လျှောက်လှမ်းခဲ့တဲ့ ခြေလှမ်းများ (၁၂၇)


ဂယောက်ဂယက်နဲ့ အသံတွေကြားလိုက်တယ်
အနောက်ဆီက ဒေါက်..ဒေါက်.. တံခါးခေါက်သံလည်း
ငါတို့နားတွေထဲ သံစဉ်တခုလို ကြားလိုက်တယ်
လူတစ်စုရဲ့ အားပေးသံတွေလည်း
ချိုမြိန်စွာ နားစဉ်နေတုန်း
ပေးဆပ်လိုက်တဲ့ ပိုင်နက်တခုက
အရှုံးတွေနဲ့ ဆုံးဖြတ်ချက်တွေပေးလို့
ဘုရင့်နောင်ရဲ့ ချွေးစက်တွေကိုမှ
အားမနာခဲ့ အခုတော့လည်း
သမိုင်းက အပေါင်းလက္ခဏာမရှိ
အနုတ်လက္ခဏာသာ ထင်ကျန်ခဲ့
မနေ့ကတော့ ဖြေရှင်းခဲ့တယ်
ရှိပါစေတော့ ရှိပါစေတော့တဲ့
ဘာ... ငါတို့ ........
အိုကွာ... ငါတို့ တောက်ခတ်သံတွေ
မကြားသလို သုဿာန်ကြီးတခုလို
ငြိမ်သက်နေဆဲ ဘာလုပ်မှာလဲ
ဘာပြောမှာလဲ ဖြေရှင်းချက်က
ဘာတွေလဲ နားမထောင်ချင်တော့ဘူး
ငါတို့ ပါးစပ်တွေလည်း ပိတ်
နားတွေလည်း ပိတ်
မျက်လုံးတွေလည်း ကန်း
လှုပ်ရှားစရာ မရှိတဲ့ လက်အစုံတွေလည်း
သံလက်ကောက်နဲ့ ခြေအစုံမှာ သံခြေကျင်းတွေနဲ့
အမှားရဲ့ ရှေ့တော်မှောက် အမှန်တရားက
ခံစားခဲ့ရ အခုတော့လည်း ကားပြာကြီးရဲ့
အမိုးအောက်မှာ ခရီးသွားတယောက်လို
ဟိုပို့လိုက် ဒီပို့လိုက်နဲ့
အလုပ်တွေရှုပ်နေတဲ့ သူတို့တာဝန်တွေက
နောက်တော့လည်း မာန်ဖီးနေတဲ့
ဟိုအကောင်လို ဒေါသတွေနဲ့
ဟိန်းဟောက်လိုက်တာ ငရဲပြည်က
ယမမင်းတောင် ဟားတိုက်လို့
မကြာမှီ.... အိမ်ပြန်ရမည့် သူတို့အတွက်
တစက်ခြင်း ကျလာမည့် ရေတပေါက်ရယ်
အတိက်တစ္ဆေ အိပ်မက်လွင်ပြင်ရယ်
ဆိုးဝါးလွန်းတဲ့ အိပ်မက်ဆိုးတွေရယ်
အကြိမ်ကြိမ် အိပ်မပျော်အောင် နှိပ်စက်တဲ့
စရိုက်ဆိုးတွေက နည်းမျိုးစုံနဲ့
ပြေးလမ်းမရှိ ပြန်လမ်းမဲ့တဲ့
သူတို့ အဆိုး ကံတရာတွေက
သူတို့ အသိုင်းဝိုင်းကို စောင့်မျှော်နေပြီလေ...။

Saturday, March 17, 2012

ကျားကြီး ခြေရာကြီး (၁၂၆)


ကိုယ်တိုင်တော့ မသိလိုက်ဘူး
နောက်ကျောမှာတော့ အရိပ်တခုလို
လိုက်လာတဲ့ အတိက်တွေနဲ့
သမိုင်းတစ်မျက်နှာစာ ခြစားသွားတာ
အခုတော့လည်း ဖတ်စရာစာတစ်ပိုင်း
ပျောက်ဆုံးလို့ စာမျက်နှာအသစ်တခုက
ပစ္စပ္ပုန်မှာ အစားထိုးပေးလိုက်ရင်း
နှစ်ပေါင်းများစွာ ဖြစ်ရပ်မှန်တွေက
တယောက်တမျိုးနဲ့ ဟိုဟာမှန်တယ်
ဒီဟာမှန်တယ် ငြင်းဆိုခဲ့တာ
နောက်လူတွေအတွက် ဒွိဇစိတ်တွေနဲ့
သမိုင်းမှာကော အများပြောတွေမှာကော
ထင်ကျန်အမှတ်တရဖြစ်လို့ လူငယ်တွေအတွက်တော့
တွေဝေရှေ့ဆက်ရင်း အကျိုးနဲ့အကြောင်း မိတ်ဖွဲ့လို့
ဖွားဘက်တော် အတွေးခေါ်နဲ့အသိဥာဏ်တို့
အားကိုးခဲ့တာ အခုတော့လည်း....
အခုတော့လည်း... သက်သေနဲ့မျက်ရည်တွေက
အတန်းစားမညီညာလို့ ကျားကြီး ခြေရာကြီးတဲ့
သူတို့ခေတ်အောက်မှာ ဒုက္ခတွေပင်လယ်နေဆဲ.......။

ပေါင်းကူးသော လက်များ (၁၂၅)


အိုဟောင်းသွားတဲ့ လမ်းအိုကြီးလည်း
အသစ်တခုလို တည်ဆောက်နေဆဲ
ညစ်ပေနေတဲ့ အိုးခွက်တွေလည်း
အသစ်တခုလို တိုက်ဆေးနေဆဲ
မညီညာတဲ့ စိတ်ဓာတ်တွေလည်း
အသစ်တခုလို စည်းကမ်းတွေ ဖော်ဆောင်နေဆဲ
မနေ့က အတွေးခေါ်တွေလည်း
ဒီနေ့အတွက် လုပ်ငန်းတခုလို
ဟန်ဆောင်ကာ လမ်းဟောင်းကြီးကို
စွဲဆောင် ခေါ်ယူ ဆန္ဒပြုတုန်း
အားနာမှုတွေနဲ့ သက်ဆိုင်ရာကို
အမှတ်တွေပေးရင်း ခင်းထားတဲ့အခင်းအောက်က
ကြမ်းပိုးက လိပ်ကြီးတကောင်လို
ကုန်းထလာတုန်း ဆစ်ဆစ်ကိုက်နေတဲ့
အသားစိုင် တနေရာကို ဖိနှိပ်မိတော့
လမ်းဟောင်းကြီးထဲ ပြန်ရောက်ဖို့
သွေးစက်တွေ ဖြန်းဖြန်း ထွက်ကျလို့
သမိုင်းတွေလည်း အဖြူသက်သက်နဲ့
အမည်းရောင်စက်တွေ ရောနှောခဲ့ပြီးတာ
နှစ်တွေတောင် အိပ်စက်ရတာ ပျင်းလွန်းလို့
ကာလနဂါးတောင် နိုးကြားခဲ့ပြီ...
တော်တော့.. အတိက်တွေ အရိပ်တစ္ဆေလို
မခြောက်လန့်နဲ့ သမာဓိခုံဆိုတာ
အများအတွက်ပါ ကိုယ်အတ္တအတွက်မဟုတ်ခဲ့ဘူး
အချိန်ကိုက်ဗုံးတစ်လုံးလို ပေါက်ကွဲဖို့မဟုတ်ဘူး
ခေတ်ကြီးပြန်ငဲ့ပြီး လာလမ်းကို ပြန်ကြည့်ပါ
ခြေတစ်လှမ်းအတွက်နဲ့ ကိုယ်အရိပ်ကို မနင်းမိစေနဲ့
တွေးဝေမနေနဲ့ အထက်နဲ့အောက် ညီမျှတဲ့အသိနဲ့
အများအတွက် ငဲ့လို့ မတူညီတာတွေ တူညီအောင်
လက်တွဲရင်း အေးအတူ ပူအမျှ ပေါင်းကူးသော အပြုံးတွေနဲ့
အများလျှောက်လှမ်းသော လမ်းမှာ လက်တွဲလျှောက်ကြစို့....။

Tuesday, March 13, 2012

နွေဦးပေါက်စ ဆန်းပြည့်လ (၁၂၄)


ငါတို့ မျက်ရည်တွေကျနေတဲ့ ခရောင်းလမ်းထက်မှာ
ဆင်းရဲခြင်းတွေက လက်ယှက် ခေါ်နေပေမဲ့
ငါတို့အတွက် နှစ်တွေကြာလာတော့
ငါတို့ကို လက်ယှက်ခေါ်နေတဲ့
အခြားနယ် စစ်ဘက်သားတွေက
အတ္တတွေနဲ့ မာန်မာနကဲလို့
မျိုးနွယ်တူ အမိမြေသားတွေကို
ရက်စက်စွာ အနိုင်ကျင့်ခဲ့တာ
သေသူက သေခဲ့ရ နာသူက နာခဲ့ရ
သွေးစက်တွေက သမိုင်းမှာ အထင်ကရနဲ့
ငါတို့ ကြည့်ခဲ့ဖူးတယ် ကြားခဲ့ဖူးတယ်
၁၉၄၇ ခုနှစ်ရဲ့ သက္ကရာဇ်ထဲမှာကော
ယနေ့ခေတ်ကြီးထဲမှာကော အရိုင်းဇာတ်သွင်းခဲ့တာ
သမိုင်းပျက်ခဲ့တာ အီတာလီ ဆစ်စလီကျွန်းက
အရူးတကောင်လို မော်စီတုန်းလို စနစ်ဆိုးထဲ
ငါတို့ ဘဝတွေ ဆင်းရဲဒဏ် ကျွန်ဒဏ်တွေ ခံခဲ့ရတယ် ဒီအတိတ်ရယ်...။

ဘဝတွေ အကြိမ်ကြိမ် နာခဲ့ဖူးတယ်
ဒဏ်ရာတွေ အကြိမ်ကြိမ် ရခဲ့ဖူးတယ်
ပူဆွေးမှုတွေ အကြိမ်ကြိမ် လောင်းချဖူးတယ်
နှလုံးသားမှာလည်း အကြိမ်ကြိမ် ကိုက်ခဲလွန်းလို့
ကုသစရာ အစားထိုးမရအောင် နေခဲ့ဖူးတယ်
နာစရာတွေ ဒဏ်ရာတွေ ပူဆွေးမှုတွေကို
မျက်ရည်တွေနဲ့ ဆေးချရင်း
ဖြေသိမ့်စရာတွေနဲ့ မျိုသိပ်လို့
လျှောက်လှမ်းသော လမ်းတိုင်း ဆက်လျှောက်ခဲ့တာ
အခုဆိုရင် တည်ငြိမ်သော လမ်းမပေါ်မှာ
မေတ္တာတရားတွေနဲ့ ကရုဏာလက်တွေက ကမ်းလှမ်းလို့
ငြိမ်းချမ်းရေး နိုင်ငံမိခင်.. အမိမြေရှင်ရယ်...။

စစ်နဲ့သွေးစက်တွေ ဖွားဘက်တော်ဖြစ်နေတဲ့
တို့..ဘဝ တို့ နိုင်ငံထဲ အိုးခွက်တွေ အသံမည်ဆဲ
ကျဉ်သံတွေလည်း ခိုသံတွေလို အော်မြည်နေမြဲ
တွေးကြောက်မိတယ် မနေ့က အတိတ်ရယ်
ကြောက်လန့်မိတယ် ဒီနေ့ သူ့အတွက်ရယ်
မျှော်လင့်မိတယ် ငါတို့ အနာဂတ်ရယ်
နေဝင်မိုးချုပ် ပူဆွေးနေတဲ့ ငြိမ်းချမ်းရေး
သူ့ပန်းတိုင် ပြည်သူ့အတွက်ရယ်...
ငါတို့... ခေါင်းချလိုက်တိုင်း အိပ်မပျော်ခဲ့တဲ့
အတွေးတွေထဲ အနာဂတ်ကို မျှော်တွေးလို့
မေတ္တာပို့မိတယ် သမိုင်းမိခင်
ငြိမ်းချမ်းရေး ဆုရှင် မိခင်အမိမြေရှင်ရယ်....။

Wednesday, March 7, 2012

မာနရဲ့ လွှမ်းမိုးခြင်း (၁၂၃)


မင်းတို့ လက်အောက်မှာ အကျဉ်းကျခဲ့ရတဲ့
အချိန်တိုင်းမှာ လိုအပ်ချက်တွေကို ဖြည့်စွမ်းဖို့
ကျိုးစားခဲ့ဖူးတယ် ရုန်းကန်ခဲ့ဖူးတယ်...
ဒါပေမဲ့....
အကြိမ်ကြိမ် နာခဲ့ဖူးတဲ့ ခံစားချက်တွေက
ဒဏ်ရာတွေနဲ့ ဝေဒနာကို ကျိတ်မှိတ်ခဲ့ရတော့
ပူလောင်တဲ့ နွေလယ် မွန်းတီးချိန်ကို ရောက်သလို
တင်းကျပ်မွန်းသိမ့်လွန်းလို့ ပြေးချင်ရာကို
ထွက်ပြေးဖို့ အားထုတ်ခဲ့တာ အခုထိပေါ့...
သို့သော်.....
အဆိပ်တက်နေတဲ့ သွေးကြောတွေထဲ
လှုပ်ရှားနေတဲ့ အတွေးတွေက
ဂနာမငြိမ် ဆူထွက်ရင်း
စိတ္တဇအဖြစ်နဲ့ ရူးသွပ်တော့မလို့....
အင်..
ခြေသံတွေ ငါ့နားထဲမှာ ကြားနေတယ်
အနီးနား မရောက်ခင် ရှောင်ထွက်ဖို့
ငါ ကျိုးစားနေဆဲ ရုန်းကန်နေဆဲ....။


တက္ကသိုလ်မြတ်မင်း

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...