Wednesday, July 4, 2012

အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံးဒီဇိုင်း


 အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ ဇူလိုင် (၇) လျှို့ ဝှက်မျက်နှာဖုံးဒီဇိုင်း

၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးခဲ့တယ်ဆိုတာ သိရှိသူ အင်မတန်နည်းပါးခဲ့ပါတယ်။

(မဂ္ဂဇင်းဓါတ်ပုံများအား ဖေါ်ပြထားပါတယ်။)

ဒါပေမယ့် ကျောင်းသားထုအတွင်းနဲ့  တက္ကသိုလ်နယ်မြေတွေမှာ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်း အကြောင်းလေးဟာ တိုးတိုးတိတ်တိတ်နဲ့  ပျံ့ နှံ့ ခဲ့ပါတယ်။ သိပ်မကြာပါဖူး တစ်ဆင့်စကားတစ် ဆင့်နားကနေ ဒီအကြောင်း မဆလစစ်အစိုးရနားထဲကို ရောက်သွားတဲ့အခါမှာတော့ မဆလ အာဏာရှင်တွေဟာ ထိတ်လန့် တကြားနဲ့  ဒီမဂ္ဂဇင်း ဖြန့် ချီနေမှုကို တရားဝင်မကြေညာဘဲ ပိတ်ပင်ပါတော့တယ်။ စစ်စုံထောက်တွေဟာလည်း ကမန်းကတန်း ဒီမဂ္ဂဇင်းတွေကို စာအုပ်ဆိုင်တွေကနေ လိုက်လံသိမ်းဆည်းပါတော့တယ်။ လက်ဝယ်ရှိနေသူများကိုလည်း ဒီအကြောင်းတွေ မပြောဖို့ ၊ မဂ္ဂဇင်းကို ပြန်အပ်ဖို့  ချိမ်းခြောက်ပြောဆိုပါတော့တယ်။



ဘာဖြစ်လို့ များ ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းဟာ အာဏာရှင်တွေကို ထိတ်လန့် တုန်လှုပ်စေရတာလည်း။

မဂ္ဂဇင်းထဲပါ ရေးသားထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ကာတွန်းတွေ၊ ၀တ္တုတိုတွေ အစရှိတာတွေဟာ မဂ္ဂဇင်းမထုတ်ခင်ကတည်းက မဆလရဲ့  ကြိုးကိုင် စာပေစီစစ်ရေး နဲ့ ဆင်ဆာတည်းဖြတ်ရေးအဖွဲ့ က မဆလအစိုးရကို ညှိစွန်းစေတဲ့အကြောင်းအရာတွေအားလုံး ကို ခွင့်မပြုဘဲ တည်းဖြတ် ချန်ဖြတ် ပယ်ထုတ်ပြီးသားပါ။

ကံအားလျော်စွာဘဲ ဒီအကြောင်းအရာတွေ မသိခင်မှာ၊ ကျွန်တော်လက်ထဲမှာ နှစ်ပါတ်လည် စာစောင်အဖြစ် အမှတ်တရသိမ်းထားရအောင်ဆိုပြီး ၀ယ်ယူခဲ့လို့  ဒီမဂ္ဂဇင်းတစ်အုပ်ရှိနေပါတယ်။ မဆလစစ်အစိုးရကို ထိခိုက်စေရလောက်တဲ့ ရေးသားချက်များ မတွေ့ ရပါဖူး။

စာပေ၀ါသနာပါသူတစ်ယောက်အနေနဲ့ ရော၊ တက္ကသိုလ်ကျောင်းသား တစ်ယောက်အနေနဲ့ ရော မြတ်နိုးစွာနဲ့ ဘဲ ဒီမဂ္ဂဇင်းစာအုပ်ကို အခေါက်ခေါက် ဖတ်ပြီးသားပါ။

ဒါပေမယ့်ဗျာ၊ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (ရ)ရက်နေ့  မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို လျှို့ ဝှက်စွာ ပြန်လည်ဖော်ကျူးတာလို့  ကြားရသိရတဲ့အခါမှာတော့၊ ဒီမဂ္ဂဇင်းကို လိုက်သိမ်းနေတယ်လို့  ကြားရတဲ့အခါမှာတော့ ကျွန်တော် အတော့်ကို စိတ်ဝင်စားသွားတယ်။ ဒါနဲ့ သိမ်းထားတဲ့နေရာကနေ ကမန်းကတန်းပြန်ရှာပြီး မျက်နှာဖုံးကိုကြည့်ကြည့်တယ်။ ဘာမှထူးခြားတာ မတွေ့ ဖူး။ ထပ်ခါထပ်ခါ ကြည့်တယ်။ ဘာမှလည်းမတွေ့ ပါလားဆိုပြီးနေခဲ့ရာ ကနေ၊ နောင်တော်ကျောင်း သားကြီးတစ်ယောက်ကနေ ပြောပြမှဘဲ သိသွားတွေ့ သွားပါတော့တယ်။ ဒီတော့ ကျွန်တော်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ခေါ်ပြီး တိုးတိုးတိတ်တိတ် လေး အဖန်ဖန်ကြည့်မိနေပါတော့တယ်။

ကျွန်တော်မြင်တာက ဒီဟာ ဒီမှာ၊ ကျန်တဲ့သူငယ်ချင်းတွေက သူတို့ မြင်တာ ဒီမှာ ဒီဟာဆိုပြီး ကြည့်လေမြင်လေဖြစ်နေပြီး၊ မမှီခဲ့တဲ့ ဇူလိုင် (ရ)ရက် ကျောင်းသားလှုပ်ရှားမှုနဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချဖျက်ဆီးခံရမှုဟာ ကျွန်တော်တို့  နောင်လာနောက်သား ညီတော်ကျောင်းသားတွေရဲ့ စိတ်အတွေးထဲမှာ ကိန်းအောင်းဝင်လာပါ တော့တယ်။

ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်း ရေးဆွဲခဲ့ကြသူတွေ၊ မဂ္ဂဇင်းစာစောင်ဖြစ်မြောက်ရေးမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားကြီးတွေကတော့ မဆလစစ်အာဏာရှင်ရဲ့ ခေါ်ယူစစ်ဆေး မေးမြန်းထိန်းသိမ်းခြင်းကို ရဲဝန့် စွာနဲ့ ခံယူရပါတယ်။

မဆလစစ်အာဏာရှင်ရဲ့ ကျောင်းသားတွေအပေါ် ရက်စက်ယုတ်မာမှု သမိုင်းဟာ ဖုံးကွယ်လို့ မရအောင် ပြန်လည်ပေါ်ထွက်လာတိုင်း မဆလအာဏာရှင်တွေဟာ သွေးခြောက်ခြားပြီး၊ ကျဆုံးခဲ့တဲ့ ကျောင်းသူကျောင်းသားတွေရဲ့  ၀ိညာဉ်ဟာ သူတို့ ကို ကြေက်လန့်  တုန်လှုပ်စေပါတယ်။ ဒါကြောင့်မို့  ဒီ ၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းအကြောင်းကို သိသိချင်းမှာဘဲ ပိတ်ပင်တားဆီး ပြန်လည်သိမ်းခဲ့တာပါ။

ကျွန်တော့်အနေနဲ့ ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် မျက်နှာဖုံးဒီဇိုင်းလေးမှာ ဘာတွေပါလဲ၊ ၁၉၆၂ဇူလိုင်လ (ရ)ရက်နေ့ မှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုကို ဘယ်လို လျှို့ ဝှက်ပုံတွေ ဖေါ်ထားသလဲ ဆိုတာ ပုံများနဲ့ တစ်ကွ ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ မှန်ဘီလူးလေးတစ်ခုနဲ့ အသေးစိတ်ကြည့်ရင်တော့ ကျွန်တော်ဖေါ်ပြထားတာထက် ပိုပြီးတွေ့ မြင်ကြရမှာပါ။

ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို ကြည့်ရင်းဖြင့်၊ ၁၉၆၂ခုနှစ်က နောင်တော်ကျောင်းသားကြီးများကို ဦးညွတ်အလေးပြုလိုက်သလို၊ နောင်လာနောက်သား ညီတော်ကျောင်းသား ကျောင်းသူအပေါင်းကိုလည်း အသိပေးလိုက်ပါတယ်။ ငါတို့ တစ်တွေရဲ့  ကျောင်းသားသမိုင်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဖူး ဆိုတာပါ။

အာဏာရှင်အပေါင်းကိုလည်း ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းကို ပြန်လည်မြင်တွေ့  စေပြီး၊ ကျုပ်တို့ ရဲ့  အာဏာရှင်စနစ်ကို တော်လှန်မှုဟာ ခောတ်အဆက်ဆက် ပြောင်းပေမယ့် ဆက်လက်တည်ရှိနေမယ်ဆိုတာ၊ ကျုပ်တို့ ကျောင်းသားတွေရဲ့ သွေးဟာ မခြောက်သေးဖူးဆိုတာ ကမ္ဘာမြေကြီးကို တိုင်တည်ပြီး သိစေအပ်တယ်။ ဒီမဂ္ဂဇင်းမျက်နှာဖုံးဒီဇိုင်းဟာ သင်တို့  အာဏာရှင်တိုင်းကို တုန်လှုပ်ခြောက်ခြားပါစေသောဝ်။

(ဒီရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည်မဂ္ဂဇင်း မျက်နှာဖုံးဒီဇိုင်းလေးကို
ကြည့် ဖို့ နဲ့ ၊ အသေးစိတ် လျှို့ ဝှက်ပုံများကို ကြည့်ကြပါ။)

ဒီလို အာဏာရှင်များကို တုန်လှုပ်ခြောက်ခြားစေတဲ့ တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင်ရဲ့  ရှေ့ မျက်နှာဖုံးနဲ့  နောက်မျက်နှာဖုံးတွေမှာ ဇူလိုင် (၇) နဲ့  ပတ်သက်တဲ့ လျှို့ ဝှက်ပုံတွေ ထည့်သွင်းရေးထားတာတွေကို ပိုမိုတွေ့ လိုတွေ့ ငြား ရှာကြည့်ချင်တယ်ဆိုရင်တော့ မျက်နှာဖုံးအရှေ့ နဲ့ အနောက်နှစ်ခုလုံးကို ကာလာပရင့် (colour print) နဲ့  ပုံကြိး ထုတ်ပြီး မှန်ဘီလူးလေးနဲ့  ကြည့်ကြည့်ဖို့ ပါဘဲ။

အဆိုပါ နှစ်ပါတ်လည်မဂ္ဂဇင်းတွင်လည်း - မျက်နှာဖုံးတွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ သစ်ပုတ်ပင်၊ သစ်ပုတ်ပင်၏ ပင်စည်မှာ လက်သီးလက်မောင်းတန်းနေသောပုံနှင့် နီညိုရောင် သွေးများ စီးဆင်းကျဆင်းနေပုံ၊ သစ်ပုတ်ပင်၏ အရွက်များမပါဘဲ သစ်ကိုင်းများသည် ကဒေါင်းပုံသဏ္ဍန်ပုံ၊ သခင်းကိုယ်တော်မှိုင်းနှင့် ဗိုလ်ချူပ်အောင်ဆန်းပုံ၊ ဦးသန့် အုတ်ဂူတွင် သင်္ကန်းလွှမ်းခြုံထားပုံ၊ ကဒေါင်းပုံနဲ့  စစ်သားမှ ဘက်နက်နဲ့  ထိုးနှက်နေပုံ၊ သစ်ပုတ်ပင်၏ အကိုင်းအခက်များအကြားတွင် သမိုင်းဝင် ရက်စွဲများ ထည့်သွင်းဖေါ်ပြထားပုံတို့  ပါရှိကြောင်း သိရှိရပါတယ်။ အဆိုပါ ရန်ကုန်တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်းများကို အာဏာရူးများမှ ချက်ချင်း လိုက်လံ သိမ်းဆည်းပိတ်ပင်ခဲ့ပါတယ်။

အထူးမေတ္တာရပ်ခံလိုတာကတော့ - ယခု ဖေါ်ပြပြောဆိုခဲ့တဲ့ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် နှစ်ပါတ်လည် မဂ္ဂဇင်းများ လက်ဝယ်ရှိသူများအနေနဲ့  အများပြည်သူ သိရှိရစေရန်အတွက် ပြန်လည်ဖေါ်ပြပေးပါလို့  အထူး အနူးအညွှတ် မေတ္တာရပ်ခံလိုပါတယ်။

နစ်နေမန်း။

(ပုံအညွှန်း)။

ပုံ (၁) - ၁၉၈၃-၈၄ခုနှစ်ထုတ် ရန်ကုန်တက္ကသိုလ် နှစ်ပါတ်လည်မဂ္ဂဇင်းစာစောင် ရှေ့ မျက်နှာဖုံးဒီဇိုင်း။

ပုံ (၂) - ကျဆုံးသွားသောကျောင်းသူကျောင်းသားများရဲ့ အခေါင်းအား သယ်ဆောင်လှည့်လည်နေသည့်ပုံ။

ပုံ (၃) - အာဇာနည်ဟု စာတန်းပုံသဏ္ဍန်ရေးထိုးထားသော ကျောင်းသူကျောင်းသား တို့ ၏ အုတ်ဂူ။

ပုံ (၄) - ကျောင်းသူကျောင်းသားများ စီတန်းလှည့်လည်နေကြပုံ။

ပုံ (၅) - ဇူလိုင် (ရ) ရက်နှင့် (၈) ရက်နေ့ တွင် ကျဆုံးခဲ့သောသူများအကြောင်း ကျန်ရစ်သူ ကျောင်းသူကျောင်းသားအပေါင်းအား ရှင်လင်းပြနေပုံနှင့်၊ အာဏာရှင်အား ကမ္ဘာမကြေဖူးဟု ဖေါ်ကျူးထားသော လက်သီးဆုတ်ပုံ။

ပုံ (၆) - ၁၉၈၃-၈၄ ခုနှစ်ထုတ် ရန်ကုန် တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံး ဒီဇိုင်း။

ဒီ တက္ကသိုလ်နှစ်ပါတ်လည် မဂ္ဂဇင်း စာစောင် နောက်မျက်နှာဖုံးမှာလည်း နံပါတ် (၇) ပုံအား ပန်းပွင့်များဖြင့် ဗြောင်းပြန် ရေးဆွဲဖေါ်ကျူးထားတာကိုလည်း တွေ့ ရပါလိမ့်မယ်။

By Nik Nayman

http://www.facebook.com/media/set/?set=a.4263993846150.2172063.1475121874&type=1

No comments:

Post a Comment

အမေပေးသောနှလုံးသား

အမေပေးသောနှလုံးသား
လေညှင်းလေးတွေ သယ်ဆောင်သော ဆောင်းလပျောက်သော နွေဦးတစ်ညမှာ မဟူရာညရောင်နှင့် အပူဆောင်ည အငွေ့အသက်တွေက ကမ္ဘာမြေပေါ်ပြန့်နှံလို့ လူတွေတောင် စိတ်ကူးပျက်သော ငြီးငွေ့သံတွေနဲ့ ချွေးတွေကိုယ်စီကျလို့ မြေခနေသော အချိန်မှာ အမေဟာအပြုံးတွေဝေကာ တို့များအတွက် အကောင်းဆုံးပုံပြင်လေးတစ်ပုဒ်ပြောပြနေသလို အေးမြသောဆုံးမသံစဉ်တွေက တို့ဘ၀အတွက် အရေးကြီးဆုံးသောဖြစ်သလို ဘယ်အရာနဲ့မှ မလဲနိုင်သော အဖိုးတန်သော အရာပင်ဖြစ်ပေသည်။ ထိုစဉ်အခါဝယ် အမေပေးသောနှလုံးသားအလှပုံပြင်တစ်ပုဒ်က အပူရောင်ပြန်နေသော ကမ္ဘာမြေပေါ်ကို မေတ္တာရေကြည်ဖြန်းသလို အေးမြနေပါတော့သည်။ ထိုအချိန်ဝယ် အမေပြောနေသောပုံပြင်သံစဉ်တွေကို တို့တတွေနားစဉ်နေခိုက် အမေဟာ အပူဒဏ်ကိုကာကွယ်ပေးသေယ သီတဂူလမင်းကြီးပမာ အေမြနေသလို သားသ္မီးလေးတွေကလည်း ကြယ်ကလေးတွေပမာ အမေပေးသော မေတ္တာတွေကလွှမ်းခြုံရ်ျနေပါတော့သည်။ အော်....လောကကြီးက ဘယ်လိုပင်ပူနေပါစေ သဘာဝက ဘယ်လိုပင် ရာသီဥတုတွေပြောင်းလွဲနေပါစေ နေညတွေ ဘယ်လိုပင်ပြောင်းလွဲနေပါစေ အရာရာတိုင်းက ဘယ်လိုပင်ပြောင်းလွဲနေပါစေ အမေပေးသောနှလုံးသားက မပြောင်းလွဲတာအမှန်ပင်ဖြစ်သည်။ လောကဓံက ဘယ်လိုပင်ရိုက်ချက်ပြင်းပါစေအုန်း အမေပေးသောနှလုံးသားက အေးမြနေမြဲပင်ဖြစ်သည်။ အဲဒါတွေဟာ အမေ့ရဲ့အနာဂါတ် မျှော်လင့်ချက်နှလုံးသားဖြစ်သလို သားသ္မီးအတွက် ဘ၀ရှေ့ရေးနျင့်အနာဂါတ်ရည်မှန်းချက်ပန်တိုင်ဆီသို့ဦးတည်နေပါသည်။ မည်သို့ဆိုစေဦးတော့ ထပ်ရ်ျဆိုဦးအံ......အမေပေးသောနှလုံးသားဟူသည် သားသ္မီးတို့၏ အသိစိတ်ဓာတ်လမ်းညွန်ပင်ဖြစ်သလို အောင်မြင်ရေး လူမှုရေး တိုးတက်ရေး ပညာရေးစသည် အားလုံးတို့၏ လမ်းညွန်ပင်ဖြစ်သည်ရေးသားရင်း ဆက်လက်ရေးသားပါဦးအံ.............။

အမေ...အမေ

အမေ...အမေ
ကျွန်တော့်ကိုမွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် ဒုက္ခခံခဲ့ရတယ်..... ကျွန်တော့်ကိုကျွေးခဲ့တဲ့...အမေ.. သူများအမေတွေထက် အကုန်များခဲ့ရတယ်..... ကျွန်တော့်ကိုချစ်တဲ့...အမေ.. သူများအမေတွေထက် စိတ်ဆင်းရဲခဲ့ရတယ်..... သားကို သခင်... လင်ကို ဘုရား ဆိုတဲ့ အမေ.... ကျွန်တော့်အတွက်နဲ့ မျက်ရည်ပေါက်ကြီးငယ်ကျခဲ့ရတယ်... လောကမှာ ကျွန်တော် တစ်ခြားသောအရာတွေမှာဘဲနိမ့်ကျခြင်နိမ့်ကျမယ်... မိခင်မေတ္တာနဲ့ ပတ်သက်လာရင်တော့.. တစ်လောကလုံးကို ရင်ကော့ခေါင်းမော့ပြီး ရင်ဆိုင်နိုင်ခဲ့တယ်... အဲ့ဒီလိုဆိုးခဲ့တဲ့သားက..အခု မေကြီးမေတ္တာနဲ့.. အသက်ဆက်ခဲ့တာပါ... အဲ့ဒီလိုမိုက်ခဲ့တဲ့သားက..အခု မေကြီးကရုဏာနဲ့.. လူဆက်ဖြစ်နေခဲ့တာပါ... ကျေးဇူး အထူးပါမေကြီးရယ်... အရာရာအားလုံးအတွက်ပါခင်ဗျာ..... သားကြီးဂတိပေးပါတယ်...မေကြီး သားအသက်ရှင်နေသမျှကာလပတ်လုံး.. ဒီလောကကြီးထဲမှာ... မေကြီးဘာအကြောင်းကြောင့်နဲ့မှ စိတ်ဒုက္ခတွေ သောကဝေဒနာတွေ ဘယ်သောအခါမှ ထပ်မဖြစ်စေရပါဘူး...